ရက်စွဲ ။ ။ ၂၀၂၄ခုနှစ်၊ မတ်လ၊ ၂၄ ရက်။ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝရီလ ၊ (၂၁)ရက် ည(၁၁)နာရီဝန်းကျင်တွင် အသက်(၂၇)နှစ်အရွယ်ရှိ ပီကင်းကောခူရွာတွင် နေထိုင်သူအရပ်သားတစ်ဦီးကို ရပ်ရွာအတွင်း မူးယစ်ရမ်းကားမှု စွဲချက်ဖြင့် ဖမ်းဆီးထိန်းသိမ်းထားစဉ် KNDF တပ်ဖွဲ့ဝင်အချို့မှ ပေးအပ်ထားသောလက်နက်ကို အသုံးပြုပြီး မလျော်ကန်သော ပစ်ခတ်မှုဖြစ်ကာ လူသေမှုဖြစ်ပွားခဲ့သည်။ ကျွန်ုပ်တို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF အနေဖြင့် သစ္စာအဓိဌာန်(၅)ချက်၊ နိုင်ငံရေး မူဝါဒကြေညာစာတမ်းနှင့်အညီ လိုက်နာကျင့်သုံးရပ်တည်လျှက်ရှိသည်။ ထို့ကြောင့် ဗဟိုစုံစမ်းစစ်ဆေးရေးအဖွဲ့မှ ကနဦီးစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ စုံစမ်းစစ်ဆေးမှုများအပြီးတွင် ဖြစ်စဉ်အပေါ် စစ်ဘက်ဆိုင်ရာအက်ဥပဒေ ပုဒ်မ(၄၉)အရ ပထမအဆင့် ဗျူဟာစစ်ခုံရုံး စစ်ဆေးကြားနာမှုဆောင်ရွက်ခဲ့သည်။ ထို့နောက် ပုဒ်မ(၄၈)အရ ဗဟိုစစ်တရားရုံးချူပ်ကို ဖွဲ့စည်းပြီး ဥပဒေပြဌာန်းချက်နှင့်အညီ ကျူးလွန်သူ KNDF တပ်သား (၂)ဦီးအား စစ်အက်ဥပဒေ…
ရက်စွဲ။ ။ (၂၀၂၄ )ခုနှစ်၊မတ်လ ( ၂၃ ) ရက်။ ၁။ ကရင်နီ- ထိုင်းနယ်စပ်တစ်လျှောက် ၂၀၂၃ခုနှစ် ဇွန်လ (၁၃) ရက်နေ့တွင်စတင်ခဲ့သော မိုခါမှုန်တိုင်းစစ်ဆင်ရေးနှင့် နိုဝင်ဘာလတွင် စတင်သော (၁၁၁၁) စစ်ဆင်ရေး၏ အရှိန်အဟုန်တို့ကြောင့် ကရင်နီပြည်အတွင်းရှိ မြို့နယ်အချို့နှင့် နယ်စပ်တစ်လျှောက်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်များကို အပြီးတိုင်ချေမှုန်းတိုက်ခိုက်နိုင်ခဲ့သဖြင့် သံလွင်အရှေ့ဘက်ခြမ်းနှင့်မယ်စဲ့၊ ရှားတောမြို့နယ် တို့သည် စစ်ကောင်စီ ကင်းစင်နယ်မြေများအဖြစ်ဖြစ်လာခဲ့သည်။ မိုခါမှုန်တိုင်းစစ်ဆင်ရေးတွင် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များမှ နယ်စပ် စခန်း (၇) ခုနှင့် မဲစဲ့မြို့ကို ၂၀၂၃ခုနှစ်အတွင်း အပြီးသတ်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်ပါသည်။ ၂။ (၁၁၁၁) စစ်ဆင်ရေးအစိတ်အပိုင်း တစ်ခုဖြစ်သော လွိုင်ကော်မြို့သိမ်းတိုက်ပွဲကြောင့် ရွာသစ်မြို့၊ မော်ချီးနှင့် မဲစဲ့မြို့နယ်တို့မှ စစ်ကောင်စီတပ်များ တပ်ဆုတ်လာကာ လွိုင်ကော်မြို့သို့ တပ်အင်အားဖြည့်တင်းရပါသည်။ (၁၁၁၁)…
ဖေဖော်ဝါရီလ (၁)လတာ အတွင်း ကရင်နီပြည်နယ်တွင် လွိုင်ကော်၊ ရှားတော ၊ ဘောလခဲ မြို့နယ်များနှင့် ဖယ်ခုံမြို့နယ်အတွင်းတို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။ လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား နေ့စဥ်နီးပါး ထိတွေ့မှုများရှိခဲ့ပြီး ဖေဖော်ဝါရီလ နောက်ဆုံး အပတ်အတွင်း တိုက်(၆)လုံး ဝန်ထမ်းအိမ်ယာတစ်လျှောက်တွင် ထိတွေ့တိုက်ပွဲများပြင်းထန်ခဲ့ပါသည်။ လွိုင်ကော်မြို့ပေါ်တွင် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ မြို့အား ဝန်းရံပိတ်ဆို့ကာ စစ်ဆင်ရေးများဆက်၍ဆင်နွဲနေပြီး စစ်ကောင်စီတပ်ဖွဲ့များမှာ မြို့ပေါ်အခြေစိုက်တပ်များတွင်သာ ဆက်၍တပ်စွဲထားနိုင်ကာ မြေပြင်ထောက်ပို့လမ်းကြောင်းများ ပြက်တောက်၍ လေကြောင်းကိုသာ အားထားနေရသည့် အခြေနေရှိပါသည်။စစ်ကောင်စီမှ လွိုင်ကော်မြို့တွင် နေ့စဥ် လက်နက်ကြီးများ ပစ်ခက်ခဲ့သည့်အပြင် လေကြောင်းဖြင့် ဗုံးကျဲခြင်း ၊ ကင်းထောက်လေယာဥ်များ ၊ ဒရုန်းများဖြင့် ရပ်ကွက်များအတွင်း သို့ မီးလောင်ဗုံးများကျဲချခြင်းတို့ကို နေ့စဥ်နီးပါး ပြုလုပ်ခဲ့၍ လူထုနေအိမ်အများအပြား…
စာအမှတ်- KNDF / ၂ /၂၀၂၄ (၀၀၂)၂၀၂၄ ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၇)ရက် ။ ကရင်နီပြည်နယ် ၊ ရှားတောမြို့နယ် သံလွင်မြစ်အရှေ့ဖက် ရှိ စစ်ကောင်စီ၏ ရှေ့တန်း အထိုင်တပ်စခန်းများဖြစ်သည့် ဟွေအွန်တပ်စခန်း နှင့် ကျားပါစပ်ကြီး တပ်စခန်းတို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ဖေဖော်ဝါရီလ (၁၃)ရက်နေ့ထိ နောက်ဆုံးနေထိုင်၍ စခန်းများမှ ဆုပ်ခွာသွားခဲ့ပါသည်။ စစ်ကောင်စီ၏ ဟွေပုန်းလောင်းဒေသ စိုးမိုးကုန်းတစ်ခုဖြစ်သည့် ကျားပါစပ်ကြီးစခန်း နှင့် နန့်ပန်ချောင်းဘေးတွင် အခြေပြုထား သော ဟွေအွန်တပ်စခန်းတို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဖေဖော်ဝါရီလ (၁၀)ရက်နေ့မှ (၁၃) ရက်နေ့ထိ ရဟက်ယဥ်များဖြင့် လာရောက်ခေါ်ဆောင်သွားခဲ့ပြီး စခန်းများအားစွန့်ခွာသွားခဲ့ပါသည်။ အဆိုပါ တပ်စခန်းများမှာ ကရင်နီ-ထိုင်းနယ်စပ်အတွက် စစ်ကောင်စီ၏ အရေးပါသောရှေ့တန်းတပ်စခန်းများဖြစ်ပါသည်။ ဖေဖော်ဝါရီလ (၁၄)ရက်နေ့တွင် ဟွေအွန်စခန်းနေရာအား KNDF…
စာအမှတ် – KNDF / ၁ / ၂၀၂၄ (၀၀၁)၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၁၅)ရက်။ ကရင်နီပြည်နယ်၊ ရှားတောမြို့နှင့် ပတ်ဝန်းကျင်အား အခိုင်အမာတပ်ချ၍ ပြည်သူလူထုများအား တိုက်ခိုက် ဖမ်းဆီးခြင်းများ စဉ်ဆက်မပြတ် လုပ်ဆောင်နေခဲ့သော စစ်ကောင်စီ၏ စခန်းကုန်းများနှင့် ဗျူဟာကုန်းတို့အား KA၊ KNDF နှင့် Loikaw PDF တို့ ပူးပေါင်း၍ တစ်လနီးပါးကြာ တိုက်ခိုက်ခဲ့ပြီးသည့်နောက် ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကရင်နီ တော်လှန်ရေးတပ်ဖွဲ့များမှ အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပါသည်။ ရှားတောမြို့ရှိ မြို့အဝင် စေတီကုန်းပေါ်တွင် စစ်ကောင်စီ၏ ခမရ(၄၈၂)တပ်မှ ရှေ့တန်းအထိုင်ချ၍ တပ်စွဲထား သော ဗျူဟာကုန်းစခန်းအား ဝန်းရံထားသည့် အရေးပါသော ကာကင်းစခန်းကုန်းများဖြစ်သည့် အန္တရာယ်ကွေ့စခန်းကုန်း (၂)ကုန်းအား ဇန်နဝါရီလ(၁၅)ရက်နေ့မှစ၍ မိမိတို့တပ်ပေါင်းစုမှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ(၁၇)ရက်နေ့တွင် အပြီးသတ်သိမ်းယူနိုင်ခဲ့ပါသည်။…
“၁၁၁၁” စစ်ဆင်ရေးက သုံးလပြည့်ပြီ။ကျတော်ကတော့ ရဲဘော်တစ်ယောက်ပီပီပြတ်ပြတ်ပဲပြောလိုပါတယ်။ ကျွန်တော်တို့အခုစစ်တိုက်နေတာ တစ်ဦးတစ်ယောက်အတွက်မဟုတ်ဘူး၊ တစ်စုတစ်ဖွဲ့အတွက်မဟုတ်ဘူး၊ တစ်မြို့တစ်ရွာအတွက်ပဲမဟုတ်ဘူး၊ တမျိုးသားလုံး စစ်မိစ္ဆာတွေရဲ့ လက်အောက်ကနေလွတ်မြောက်ရေးဖြစ်တယ်။ အောင်မြင်မှုဟာ လက်တကမ်းမှာရှိနေပြီ အားမလျှော့ကြနဲ့ မယိမ်းယိုင် မသွေဖယ်ကြနဲ့။ ကျွန်တော်တို့ရဲ့ စည်းလုံးမှု၊ ကြံ့ကြံ့ခံနိုင်မှု၊ ဉာဏ်အမျော်အမြင်ကြီးမှုတွေနဲ့ ဒီပွဲကိုအဆုံးသတ်ကြရအောင်။ မာဝီဒု-စစ်ဦးစီးချုပ်ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၉)ရက်။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာအမှတ် (၆) မှ (၂)လတာပြုလုပ်ခဲ့သည့် အပတ်စဉ်(၃) အခြေခံစစ်သင်တန်းဆင်းပွဲအား ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် ဗျူဟာနယ်မြေတစ်ခု၌ ပြုလုပ်ခဲ့ပါသည်။ KNDF ဗျူဟာအမှတ် (၆)၏ အပတ်စဉ်(၃) အခြေခံစစ်သင်တန်းအား ဗျူဟာနယ်မြေရှိ တပ်ရင်းတပ်ဖွဲ့များမှ ရဲဘော်တစ်ရာကျော် တက်ရောက်ခဲ့ပြီး သင်တန်းဆင်းပွဲ၌ ကရင်နီပြည်တပ်မတော်(KA) မှ တပ်ဗိုလ်တပ်မှူးများ၊ KNDF တာဝန်ရှိသူများ ၊ သင်တန်းသားများ၏ မိသားစုဝင်အချို့နှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ၊ အဖွဲ့အစည်းများ တတ်ရောက်ခဲ့ကြပါသည်။ KNDF ဗျူဟာ အမှတ် (၆) ၏ သင်တန်းဆင်းပွဲတွင် သင်တန်းပြီးမြောက်၍ တိုင်းပြည်နှင့် လူမျိုးအတွက် တော်လှန်ရေးတာဝန်များ ထမ်းဆောင်ရန် အသင့်ဖြစ်ခဲ့ပြီ ဖြစ်သော ရဲဘော်များမှ စစ်ကောင်စီထံမှ သိမ်းဆည်းရရှိခဲ့သော…
၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီလ (၈)ရက် ။ ကရင်နီပြည်နယ်၊ ဘောလခဲမြို့ ရှိ စစ်ကောင်စီ၏ ခရိုင်ရဲစခန်းမှ ရဲတပ်သား တစ်ဦးမှာ လက်နက်နှင့်တကွ ဇန်နဝါရီလ (၅)ရက်နေ့တွင် မိမိတို့ KNDF ထံဘက်ပြောင်းခိုလှုံလာခဲ့ပါသည်။ ဘတ်ပြောင်းခိုလှုံလာသော ရဲတပ်သားမှာ စစ်ကောင်စီ၏ အမိန့်အောက်တွင် တာဝန်ထမ်းဆောင်လိုစိတ် မရှိတော့ခြင်းကြောင့် AK-22 သေနတ်တစ်လက်အားယူဆောင်၍ ထွက်လာခဲ့ပြီး မိမိတို့ KNDF မှ သွားရောက်ခေါ်ဆောင်ခဲ့ပြီး ၎င်းမှ လက်နက်အပ်နှံခဲ့ပါသည်။ စစ်ကောင်စီအား ဆန့်ကျင်ကာ ပြည်သူ့ဖက်အား ဘက်ပြောင်း ခိုလှုံလာသည့် အထက်ပါ ရဲတပ်သားအား မိမိတို့ KNDF မှ ၎င်းခံစားခွင့် ရရှိမည့် ဆုကြေးငွေများကိုလည်း ပေးအပ်၍ လုံခြုံလွတ်လပ်စွာထားရှိပါသည်။ စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်များ ၊ စစ်ကောင်စီတပ်သားများ အနေဖြင့် ယခုလိုကာလအတွင်း…
၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ (၂၀)ရက် ။ ၁၁၁၁ စစ်ဆင်ရေး ၏ လွိုင်ကော်မြို့သို့ ဝင်ရောက်သော KNDF စစ်ကြောင်းအား စစ်ကောင်စီတပ်မှ လွိုင်ကော်တက္ကသိုလ် မှ ဆီးကြိုတိုက်ခိုက်ခဲ့သဖြင့် အပြန်အလှန် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တက္ကသိုလ် ဝန်ထမ်းများ နှင့် မိသားစုဝင်များ ကျောင်းဝန်းအတွင်း ပိတ်မိနေခဲ့သည်။ စစ်ကောင်စီတပ်မှ လေယာဉ် ဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်လာခြင်းကြောင့် အထက်ပါ လွိုင်ကော်တက္ကသိုလ် မှ ဝန်ထမ်းနှင့်မိသားစုများ ၊ စက်မှုကျောင်းမှ ဝန်ထမ်းများအပါအဝင် (၂၀၄)ဦးတို့အား လက်နက်ကြီးကျရောက်မှု အနည်းငယ်လျော့နည်းလာစဥ် အချိန်၌ ဘေးကင်းရာသို့ မိမိတို့တပ်ဖွဲ့မှအရေးပေါ် ကူညီရွေ့ပြောင်းခဲ့ရသည်။ ထက်ပါ လွိုင်ကော်တက္ကသိုလ် မှ Non-CDM ဝန်ထမ်းများနှင့် မိသားစုဝင်များအား လူသားချင်းစာနာထောက်ထားရေး၊ လူ့အခွင့်အရေးများနှင့်အညီ…
စာအမှတ် – KNDF / ၁ / ၂၀၂၃ (၀၂၂) ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ၊ (၁၅)ရက်။ “၁၁.၁၁ စစ်ဆင်ရေး” (11.11 Operation) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော KNDF စစ်ကြောင်း၏ တတိယနေ့ နှင့် စတုတ္ထနေ့ စစ်ဆင်ရေးတွင် လွိုင်ကော်တက္ကသိုလ်ထဲ၌ တပ်စွဲထားသော တပ်မ(၆၆)လက်အောက်ခံ ခမရ (၄၂၅) နှင့် ခမရ (၆) တပ်ရင်းတို့အား အပြီးသတ်ချေမှုန်းကာ နောက်ဆုံးလက်ကျန် တပ်ဖွဲ့ဝင်များမှ လက်နက်ချအညံ့ခံပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပါသည်။ နိုဝင်ဘာလ(၁၃)ရက်နေ့တစ်နေ့လုံး လွိုင်ကော်တက္ကသိုလ်ဝန်းထဲတွင် တပ်စွဲထားသော စစ်ကောင်စီ၏ ခမရ(၄၂၅) တပ်ရင်းမှူး နှင့် ဒု-ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးနီးပါးသေဆုံးခဲ့ပြီး ခမရ(၆)၏ အင်အား တစ်ဝက်နီးပါးကိုပါ ချေမှုန်းနိုင်ခဲ့ပါသည်။ နိုဝင်ဘာလ(၁၄)ရက်နေ့တွင် လွိုင်ကော်တက္ကသိုလ်ဝန်းအတွင်းတပ်စွဲကျန်ရှိနေသော ခမရ (၆)…