စာအမှတ် – KNDF/၁/၂၀၂၃ (၀၀၅) ၂၀၂၃ ခုနှစ် ၊ မတ်လ (၁၂)ရက်။ အကြမ်းဖက်စစ်ကောင်စီ တပ်သည် ၂၀၂၃ ခုနှစ် မတ်လ (၁၁) ရက်နေ့တွင် ပင်လောင်းမြို့နယ်ရှိ နမ်းနှိမ်ကျေးရွာ ဘုန်ကြီးကျောင်းတွင် ခိုလှုံနေသော ရဟန်းနှင့် ပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကျူးလွန်ခဲ့သည်။ မတ်လ (၁၁) ရက်နေ့၊ ညနေခင်း (၄) နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်သည် ပင်လောင်းမြို့နယ်ရှိ နမ်းနှိမ်ကျေးရွာ အနီးပတ်ဝန်းကျင်သို့ တိုက်လေယာဉ်နှင့် လက်နက်ကြီးများဖြင့်တိုက်ခိုက်ခဲ့ပြီးနောက် ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွင် ခိုလှုံနေသည့် ကျေးရွာသား (၃၀)ဦးနှင့် ဘုန်းကြီး (၃)ပါးတို့အား ခိုအောင်းရာမှာ ထွက်စေခဲ့ပြီး ကျောင်းတော် နံရံဘက်ရှေ့တွင်ပင် ရက်စက်စွာ သတ်ဖြတ်ခဲ့ပါသည်။ ထိုဖြစ်စဉ်ကို ကျူးလွန်သော စစ်ကောင်စီတပ်များ ကျေးရွာအတွင်းသို့…
စာအမှတ် – KNDF/၁/၂၀၂၃ (၀၀၃) ၂၀၂၃ ခုနှစ် ၊ မတ်လ (၄)ရက်။ ဖေဖော်ဝါရီလ ပထမအပတ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သည် ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့တွင်းရှိ ဘုရားစေတီ ကုန်းပေါ်နှင့် မြို့ဘေးပတ်ဝန်းကျင်ရှိ အနီးတဝိုက်ကျေးရွာများအတွင်း တပ်အင်အားဖြည့်တင်းသဖြင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များ နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာအဝင်ရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ဂိတ်စခန်းအားစွန့်ခွာထွက်ပြေးခဲ့ပါသည်။ ထို့အပြင် ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာမှ တောင်မဲတင်းနှင့် ပင်ပုံကျေးရွာဘက်သို့ အကြမ်းဖက်စစ်ကောင်စီတပ်များ အင်အား(၁၀၀) ကျော် ဖြင့် စစ်ကြောင်းထိုးသဖြင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များနှင့် တစ်ပတ်ကျော်ကြာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မတ်လဆန်းအထိ တိုက်ပွဲများ ဖြစ်ပွား နေဆဲဖြစ်ပါသည်။ တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် PNO/PNA ပူးပေါင်းတပ်များအထိနာသဖြင့်…
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃၊ ၂၄)ရက်နှင့် မတ်လ (၁)ရက် KNDF တပ်ရင်းအမှတ်(၃) လှုပ်ရှားနယ်မြေများထဲမှ ဖယ်ခုံမြို့နယ် မိုးဗြဲကျေးရွာအုပ်စု မိုးဗြဲမြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်၊ မိုးဗြဲမြို့အရှေ့ဘက်ကမ်းရှိ ကျေးရွာတစ်ရွာနှင့် ရီနွဲ့ကျေးရွာအုပ်စုရှိ ကျေးရွာ(၂)ရွာတို့တွင် မူးယစ်ဆေးဝါးသုံးစွဲသူနှင့် ရောင်းဝယ်ဖောက်ကားသူ အမျိုးသား(၁၄)ဦးကို သွားရောက်ဖမ်းဆီးခဲ့ပါသည်။ ၄င်းတို့နဲ့အတူ စိတ်ကြွမူးယစ်ဆေးဝါး(WY) အမြောက်အများကိုလည်း သိမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးတရားခံများထဲမှ အချို့ကို သက်ဆိုင်ရာမှ ဝန်ခံကတိဖြင့်ပြန်လွတ်ခဲ့ပြီး တစ်ချို့ကို ကရင်နီပြည် ပြည်သူ့ရဲတပ်ဖွဲ့ထံသို့ သွားရောက်အပ်နံခဲ့ပါသည်။ မိဘပြည်သူများအနေဖြင့်လည်း မူးယစ်ဆေးဝါးအန္တရာယ်ကို သတိထားရှောင်ရှားကြရန်နှင့် တိုက်ဖျက်ရာတွင် ဆက်လက်ပါဝင်ဖို့ရန် တိုက်တွန်းအပ်ပါသည်။ တစ်ဖက်တွင်လည်း ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ်စပ်ကြားတွင် အကြမ်းဖက်စစ်ကောင်စီများနှင့် တိုက်ပွဲများဆက်လက်ပြင်းထန်လျက်ရှိပါသည်။
ဖေဖော်ဝါရီလ (၂၇)ရက်နေ့၊ ယနေ့ မွန်းတည့်အချိန်တွင် ဘောလခဲအခြေစိုက် စစ်ကောင်စီတပ်မှ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ကျေးရွာများသို့ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား (၃)ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရသူများအနက် အသက်(၇၀)အရွယ် အမျိုးသားတစ်ဦးမှာ ဆေးခန်းပို့ဆောင်နေစဥ် လမ်းခုလတ်တွင် သေဆုံးခဲ့ရပါသည်။ ထို့အပြင် လက်နက်ကြီးဒဏ်ကြောင့် ကျေးရွာများအတွင်းရှိ နေအိမ် (၄) လုံးပျက်စီးခဲ့ရပြီး တိရိတ္ဆန်အချို့ ထိခိုက်ခဲ့ရပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်သည် ယနေ့ တစ်နေ့တည်းအတွင်း ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်ရှိ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ကျေးရွာများ ၊ စစ်ဇုံမဟုတ်သော နေရာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ယခုညနေ (၉း၀၀) နာရီအချိန်အထိ ဒီးမော့ဆိုမြို့နယ်ရှိကျေးရွာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိပါသည်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ပင်လောင်မြို့နယ် တောင်စလုံး၊ မြောက်စလုံးနှင့် ကောင်မဲတင်းကျေးရွာများသို့ အကြမ်းဖက်စစ်ကောင်စီတပ်၏ ဖယ်ခုံမြို့အခြေစိုက် စကခ (၇) မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် တောင်စလုံးကျေးရွာနေ အသက် (၄၆) နှစ် အရွယ်အမျိုးသမီးတစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ရပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်သည် အရပ်သားပြည်သူများအား ရန်သူသဖွယ်သတ်မှတ်ပြီး ကျေးရွာများကို ပစ်မှတ်ထားတိုက်ခိုက်မှုအား စဥ်ဆက်မပြတ်ပြုလုပ်လျက်ရှိပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်သည် ဖယ်ခုံမြို့နယ်နှင့် ပင်လောင်မြို့နယ် အတွင်းရှိ ၄င်းတို့၏ ရှေ့တန်းစခန်းများနှင့် ကင်းပုန်းစခန်းများ မကြာခနတိုက်ခိုက်ခံရသဖြင့် အဆိုပါမြို့နယ်နှစ်ခု၏ နယ်စပ်တွင် PNO တပ်များနှင့် အတူ တပ်အင်အားဖြည့်တင်းလျက်ရှိပါသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များသည် မိုးဗြဲကျေးရွာအုပ်စု စက်တော်ရာကျေးရွာရှိ စက်တော်ရာတောင်ပေါ်စေတီ၊ ညောင်ဝိုင်းရပ်ကွက်ထဲနှင့် ဝါရီဆူးပလိုင်ကျေးရွာတို့တွင် အဓိကတပ်စွဲလျက်ရှိပြီး မိုးဗြဲအထွက် ကုန်းသာကျေးရွာအုပ်စု ပီကင်းကောခူကျေးရွာနှင့် ဆောင်ကန်းကျေးရွာတို့တွင်လည်း တပ်စွဲထားလျက်ရှိပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားသော နေရာနားတစ်ဝိုက်နှင့် စစ်ကြောင်းထိုးလာခြင်း၊ တပ်အပြောင်းအလဲလုပ်ခြင်း စသည့်အချိန်မျိုးတွင် မိမိတို့ပူးပေါင်းမဟာမိတ်တပ်များနှင့် မကြာခဏထိတွေ့မှုများ ဖြစ်ပွားလျက်ရှိပါသည်။ ထိုသို့သော အခြေအနေမျိုးတွင် အကြမ်းဖက်စစ်ကောင်စီနှင့် စစ်ရေးအချက်အလက်များ ဆက်သွယ်သတင်းပေးခြင်း၊ လမ်းပြခြင်း အကြမ်းဖက်စစ်ကောင်စီတပ်အား ရေ၊ မီး၊ ရိက္ခာများပို့ဆောင်ခြင်း ပစ်ခတ်မှုဖြစ်ပွားရာ အနီးတစ်ဝိုက် သွားလာခြင်း တိုက်ပွဲဖြစ်ပွားသော နေရာတွင် ကာကွယ်ရေးတပ်များ နယ်မြေရှင်းလင်းရေး မပြုလုပ်ရသေးဘဲ သွားလာခြင်းနှင့် အန္တာရာယ်ရှိစေသော လက်နက်ပစ္စည်းများ ကောက်ယူခြင်း စစ်ရေးအရသွားလာခြင်းကန့်သတ်ထားသော နေရာများတွင် သွားလာခြင်း စသည်တို့ကို အများပြည်သူအနေဖြင့် မပြုလုပ်ကြပါရန်နှင့် တော်လှန်ရေးကာလတွင် လုံခြုံစွာသွားလာနေထိုင်ကြပါရန် KNDF-B03 မှ ထုတ်ပြန်ထားပါသည်။
ဖေဖော်ဝါရီလ (၁၅)ရက်နေ့ နံနက် ( ၁၁) နာရီဝန်းကျင်အချိန်တွင်ဖရူဆိုမြို့နယ်၊ မာခရောရှေ့ ကျေးရွာရှိ စစ်ကောင်စီ၏ ခြေကုပ်စခန်းမှ ကျေးရွာတွင်းရေထွက်ပေါက်သို့ ရေခပ်ဆင်းလာသော စစ်ကောင်စီ တပ်ဖွဲ့အား KNDF B (15)နှင့် KA တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ပါသည်။ နှစ်ဖက် ထိတွေ့မှုမှာ (၁)နာရီ နီးပါးကြာမြင့်ခဲ့ပြီး စစ်ကောင်စီဖက်မှ (၁)ဦးသေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာ ရရှိသူများလည်း ရှိနိုင်ကာ မိမိတို့ပူးပေါင်းတပ် ဖက်မှ အထိခိုက်မရှိပြန်လည် ဆုပ်ခွာနိုင်ခဲ့ပါသည်။ ဖရူဆိုမြို့နယ် အခြေစိုက် စစ်ကောင်စီ၏ အမှတ် (၁၄) တန်းမြှင့်စစ်လေ့ကျင့်ရေးကျောင်းမှ အင်အား (၆၀)ခန့်ပါ စစ်ကြောင်းမှာ မနက်ပိုင်း (၇)နာရီခန့်အချိန်တွင် မာခရောရှေ့ကျေးရွာ ရှိ ၎င်းတို့၏ ခြေကုပ်စခန်းသို့ ရိက္ခာပို့ဆောင်ခဲ့အပြီး နေ့လည်ပိုင်းတွင် ထိတွေ့မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။ ထိတွေ့တိုက်ပွဲများအပြီး စစ်ကောင်စီဖက်မှ…
၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၂၀)ရက်။ ၂၀၂၂ခုနှစ် ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် ကရင်နီပြည်၊ ရွာသစ်မြို့နယ်၊ ဟွေအောကျေးရွာ အနီးတွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့အစည်းများမှ အမြင့်ဆုံးအာဏာရှိထိပ်တန်းအဆင့် ခေါင်းဆောင်များ၏ ညွန်ကြားချက်အရ သတင်းအချက်အလက် အမှန်အကန်ရရှိရေး၊ စိစစ်မှတ်တမ်း ရယူခြင်းနှင့် အဖြစ်မှန်ပေါ်ပေါက်ရေးတို့အတွက် အဖြစ်မှန် ပေါ်ပေါက်ရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီး လုပ်ငန်းဆောင်ရွက်ခဲ့ရာတွင် တစ်လကျော်အတွင်း အခက်အခဲများကြားမှ ပြီးစီးအောင်မြင်စွာ ဆောင်ရွက်ခဲ့ပြီးနောက် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီး၏ ထိပ်သီးခေါင်းဆောင်များထံ အစီရင်ခံ ပေးပို့ခဲ့ပြီးဖြစ်ပါသည်။ဤဖြစ်စဥ်ကြောင့် မိမိတို့အကြား ညီညွတ်ရေးကို မထိခိုက်စေဘဲ ဆက်လက်ထိန်းသိမ်းထားနိုင်ရေး၊ စစ်အာဏာရှင်တော်လှန်ရေး အရှိန်မြင့်တင်နိုင်ရေးနှင့် ပြည်သူလူထု၏ ထောက်ခံယိုင်းပင်းမှု မကျဆင်းစေရေးတို့အတွက် ဖြစ်စဥ်တွင် ပါဝင် ပတ်သက်သည့် တပ်ဖွဲ့ဝင်များအား သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ ချမှတ်ထားသည့် စစ်စည်းမျဥ်းဥပဒေပြဌာန်းချက်နှင့်အညီ အပြစ်ပေး…