၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာ (၁၃)ရက် ။ ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်သည့် ကိုးကန့် (MNT JP/ MNDAA) ၊ တအောင်း (PSLF / TNLA) ၊ ရက္ခိုင် (ULA/ AA) တို့မှ ဦးဆောင်၍ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဆောင်ရွက်နေသော “၁၀၂၇ စစ်ဆင်ရေး”ကြီး၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ကွမ်းလုံမြို့အား အပြီးသတ် သိမ်းယူခဲ့သော စစ်ဆင်ရေးတွင် မိမိတို့ KNDF ၏ မြောက်ပိုင်းစစ်ဒေသ အခြေစိုက် အမှတ်(၆၀၆)တပ်ရင်းမှလည်း ပူးပေါင်းပါဝင်၍ တိုက်ခိုက်ခဲ့ပါသည်။ အထက်ပါ ကွမ်းလုံမြို့သိမ်းတိုက်ပွဲများအတွင်း မိမိတို့ KNDF ၏ မြောက်ပိုင်းစစ်ဒေသအခြေစိုက် အမှတ်(၆၀၆)တပ်ရင်းမှ မဟာမိတ်တပ်များနှင့်အတူ စစ်ကောင်စီ၏ တပ်စခန်းများအားသိမ်းပိုက် တိုက်ပွဲဝင်ရင်း တပ်စုမှူး မောင်ဗေဒါ…
“လက်ရှိအခြေအနေမှာ တစ်နိုင်ငံလုံးက ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် တိုက်ပွဲများဆင်နွှဲတိုက်ခိုက်နေကြပါတယ်။ ကရင်နီပြည်မှာ အာဏာရှင်ဖြုတ်ချရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် တည်ဆောက်ရေးဖော်ဆောင်နိုင်ဖို့ဆိုရင် လွိုင်ကော်မြို့က စစ်ကောင်စီအုပ်ချုပ်ရေးကို ဖြိုချရပါမယ်။ အခုလိုမြို့သိမ်းတိုက်ပွဲတွေဟာ ပျက်ဆီးနစ်နာမှုများနိုင်တယ်ဆိုတာ သိထားပေမယ့် အာဏာရှင်စနစ်အမြစ်တွယ်မှာကို ပိုကြောက်မိတဲ့အတွက် အခုလိုစစ်ဆင်ရေးကို အားလုံးက ချမှတ်လိုက်တာဖြစ်တယ်။ ပြည်သူပြည်သားများအနေနဲ့ ဘေးကင်းလွတ်ရာတွေကို ယာယီရွှေ့နေပေးကြဖို့ကိုလည်း တောင်းဆိုပါတယ်။ ကျွန်တော်တို့ များမကြာမီမှာ လွတ်လပ်ပွင့်လင်းပြီး စည်ကားတိုးတတ်သော လွိုင်ကော်မြို့အဖြစ် ပြန်လည်အသက်သွင်းကြရအောင်လို့ တိုက်တွန်းပြောကြားလိုပါတယ်” ခွန်းဘီထူး ဥက္ကဌ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF
၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက် ။ ကရင်နီပြည်နယ်တွင် နိုဝင်ဘာလ(၁၁)ရက်နေ့မှစတင်၍ ပြုလုပ်ခဲ့သော “၁၁.၁၁ စစ်ဆင်ရေး”(11.11 Operation) သည် တော်လှန်ရေးတပ်ဖွဲ့များဖြစ်ကြသည့် KA ၊ KNDF ၊ KNPLF ၊ DMO Local PDF ၊ မြို့ပြတော်လှန်ရေးတပ်ဦး(URF) အလယ်ပိုင်းတိုင်း ရှမ်းတောင်စစ်ဒေသခွဲ နှင့် ကယား(ကရင်နီ)စစ်ဒေသခွဲ PDF တပ်ရင်းများ အားလုံးပူးပေါင်း၍ စုစည်းညီညွတ်စွာ ဖြင့် အတူတကွ လုပ်ဆောင်စတင်ခဲ့သော စစ်ဆင်ရေးဖြစ်ပါသည်။ စစ်ဆင်ရေး ပထမရက်တွင် ဒီးမော့ဆို၊ မိုးဗြဲ နှင့် လွိုင်ကော် မြို့နယ်များအတွင်းရှိ စစ်ကောင်စီတပ်များ ကာလကြာမြင့်စွာ အထိုင်ချတပ်စွဲထားသော စစ်စခန်း(၇)ခုကို မိမိတို့ တော်လှန်ရေးတပ်ပေါင်းစုံမှ အပြီးသတ်သိမ်းယူနိုင် ခဲ့ကြပြီး စစ်ကောင်စီတပ်ဖွဲ့များထံမှ လက်နက်ကြီး၊ လက်နက်ငယ် ပေါင်းစုံ…
၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ၊ (၁၁)ရက်။ ကရင်နီပြည်နယ်၊ တော်လှန်ရေးတပ်ပေါင်းစုံအဖွဲ့များ ဖြစ်ကြသည့် KA ၊ KNDF ၊ KNPLF ၊ DMO PDF ၊ Loikaw PDF ၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF ၊ ဖရူဆို PDF ၊မြို့ပြပျောက်ကျားတပ် နှင့် ရှမ်းတောင် PDF တို့ အတူပါဝင်၍ ပူးပေါင်းစစ်ဆင်ရေးတစ်ရပ်ကို ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ၊ (၁၁)ရက်နေ့တွင် ဒီးမောဆိုမြို့နယ်ရှိ နန်းမယ်ခုံမြို့ရှိ တပ်စခန်းများအပါအဝင် မိုးဗြဲမြို့ နှင့် လွိုင်ကော်မြို့နယ် အတွင်းရှိ စစ်ကောင်စီတပ်စခန်းများအား ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး စခန်းပေါင်း(၇)ခု အား ယနေ့တွင် အောင်မြင်စွာ စတင်သိမ်းပိုက်ယူနိုင်ခဲ့ပါသည်။ စစ်ကောင်စီ၏ တပ်များ နှစ်ကာလအတန်ကြာ တပ်စွဲအထိုင်ချထားသော…
၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ (၁၀)ရက်။ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် နှင့် လွိုင်ကော်မြို့နယ်တွင်းရှိ အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများရှိခဲ့ပါသည်။ နိုဝင်ဘာလ (၉) ရက်နေ့ ၊ ညနေ (၃)နာရီကျော် အချိန်ခန့်တွင် လွိုင်ကော်မြို့ နှင့် လောပိတကြားရှိ ကျေးရွာတစ်ရွာအတွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်း တစ်စုံတစ်ရာမရှိဘဲ စစ်ကောင်စီမှ လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ ကျေးရွာတွင်း ကျရောက်သည့် လက်နက်ကြီးကျည်ထိမှန်သဖြင့် လူငယ်ပိုင်းအရွယ် အမျိုးသမီး (၁)ဦး ထိခိုက်သေဆုံးခဲ့ပါသည်။ ထို့အတူ နိုဝင်ဘာလ (၉) ရက်နေ့ ၊ ည (၁၁:၃၀)နာရီအချိန်တွင် ဒီးမော့ဆိုမြို့နယ်အရှေ့ဖက်ခြမ်းရှိ အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာတစ်ရွာသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ငွေတောင်အခြေစိုက် ခလရ…
ရက်စွဲ။ ။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်။
စာအမှတ် – KNDF/၁/၂၀၂၃(၀၂၁)၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ(၃)ရက်။ ကရင်နီပြည်နယ်တွင် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလအတွင်း စစ်ကောင်စီ၏ ထောက်ပို့ယာဉ်တန်းများ ဖြတ်သန်း ပို့ဆောင်ရန် အပြင်းအထန်ထိုးစစ်ဆင်နေသော ဖရူဆို – ဘောလခဲ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တွင် ထိတွေ့ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး အခြားနေရာများတွင် ထိတွေ့မှုအနည်းငယ်သာ ဖြစ်ပွားခဲ့ပါသည်။ ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အမှတ်(၁၄)တန်းမြှင့်စစ်ရေးလေ့ကျင့်ရေးကျောင်းဝန်းထဲတွင် ဆုံရပ် ထားသော ထောက်ပို့ယာဉ်တန်းများ ဘောလခဲမြို့သို့ ဖြတ်သန်းဝင်ရောက်နိုင်ရန် လမ်းမကြီးအား ထိန်းချုပ်နိုင်ရေး အတွက် စစ်ကောင်စီမှ ခြေလျင်စစ်ကြောင်း(၆)ကြောင်းခန့်ဖြင့် ထိုးစစ်ဆင်နေခြင်းကြောင့် ဖရူဆို – ဘောလခဲ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ရှိ မာခရောရှေ၊ လောကြေခူ၊ ထားလဲ၊ ပရယ်တော် နှင့် နန်းဖဲကျေးရွာများတွင် KA ၊ KNDF တို့နှင့်အတူ မဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်း၍ စစ်ကောင်စီ၏…
၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၁၁)ရက်။ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၉)ရက်နေ့ည(၁၁:၃၀)နာရီခန့်တွင် ကချင်ပြည်နယ်၊ လိုင်ဇာမြို့၊ မုန်လိုင်ခတ်စစ်ဘေးရှောင်စခန်းအတွင်းသို့ စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ရှောင်စခန်းအတွင်းရှိ ကလေးငယ်(၁၀)ဦးအပါအဝင် စစ်ဘေးရှောင်ပြည်သူလူထု(၂၉)ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ(၆၀)ကျော်အထိ ရှိခဲ့ကြောင်း သိရှိခဲ့ရ၍ မိမိတို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF အနေဖြင့် လွန်စွာဝမ်းနည်းရပါသည်။ ဤသို့ စစ်ရေးပစ်မှတ်မဟုတ်ဘဲ အများပြည်သူနေထိုင်ရာ စစ်ရှောင်စခန်းကို ပစ်မှတ်ထားတိုက်ခိုက်မှုသည် လွန်စွာဆိုးရွားလှသည့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော စစ်ရာဇဝတ်မှုဖြစ်ကြောင်း မိမိတို့မှ သတ်မှတ်သည်။ ထိုကဲ့သို့ ကျူးလွန်မှုအပေါ် ပြင်းထန်စွာရှုံ့ချကြောင်းနှင့် နိုင်ငံတကာမှလည်း ယခုလုပ်ရပ်အား ထိရောက်စွာအရေးယူနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းတောင်းဆိုအပ်ပါသည်။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF
၂၀၂၃ ခုနှစ် ၊ အောက်တိုဘာလ (၇)ရက်။ ကရင်နီပြည်နယ် ၊ ဖရူဆိုမြို့နယ် အရှေ့ဖက်ခြမ်းရှိ ကျေးရွာ (၂)ရွာအား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အောက်တိုဘာလ (၆) ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီ၏ အမှတ် (၁၄) တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းမှ လက်နက်ကြီးများဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့ပါသည်။ ဖရူဆိုမြို့နယ် အရှေ့ဖက်ခြမ်းရှိ ကျေးရွာ (၂) ရွာသို့ စစ်ကောင်စီ၏တပ်မှ ည (၁၀)နာရီကျော်အချိန်တွင် တာဝေးပစ်လက်နက်ကြီး (၁၂၀)မမ စုစုပေါင်း (၁၅)လုံးကျော်ပစ်ခတ်၍ တိုက်ခိုက်ခဲ့ပြီး ကျေးရွာ (၂)ရွာအတွင်းရှိ နေအိမ် (၅)လုံးထိခိုက်ပျက်ဆီးကာ အိမ်မွေးတိရစ္ဆာန်များ ဖြစ်သည့် နွား (၁) ကောင် ၊ ကျွဲ (၃)ကောင် ထိခိုက်ဒဏ်ရာရ၍ နွား (၂) ကောင်သေဆုံးကာ လူထိခိုက်မှုတော့မရှိခဲ့ပါ ။ စစ်ကောင်စီမှ လက်နက်ကြီးများဖြင့်…
စာအမှတ် – KNDF/၁/၂၀၂၃ (၀၂၀) ၂၀၂၃ ခုနှစ် ၊ အောက်တိုဘာလ (၃)ရက်။ ကရင်နီပြည်အတွင်း ၂၀၂၃ခုနှစ်၊ ဩဂုတ်လ မှ စက်တင်ဘာလ အထိ စစ်ကောင်စီတပ်၏ ထောက်ပို့ယာဥ်တန်းများ ဖြတ်သန်းသွားလာနိုင်ရေး စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို နှင့် ဘောလခဲမြို့နယ် တို့တွင် တိုက်ပွဲများပြင်းထန်ခဲ့ပါသည်။ စက်တင်ဘာလ ပထမအပတ်အတွင်း စစ်ကောင်စီစစ်ကြောင်းနှင့် ယာဥ်တန်းများ သည် ဒီးမော့ဆိုမြို့နယ် မှဖရူဆိုမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပါသည်။ စက်တင်ဘာလ ဒုတိယအပတ်မှစ၍ ဖရူဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်များသည် ဖရူဆို – ဘောလခဲ ပြည်ထောင်စုလမ်းမအတိုင်း ၄င်းတို့၏ ထောက်ပို့ယဥ်တန်းများ ဖြတ်သန်းနိုင်ရန်အတွက် လမ်းမကြီးအားထိန်းချုပ်နိုင်ရေး အပြင်းအထန် ထိုးစစ်ဆင်ခဲ့ပါသည်။ ဖရူဆိုမြို့နယ်အခြေစိုက် အမှတ်(၁၄)တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းမှ မာခရော့ရှေ၊ လောကျေခူ၊ ထားလဲ၊ ပရယ်တော် နှင့် နန်းဖဲ ကျေးရွာများအထိ အနည်းဆုံးစစ်ကြောင်း(၆)ဖြင့် စစ်ကြောင်း ထိုးခဲ့ပါသည်။ အဆိုပါကျေးရွာများတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များနှင့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ များသည် စက်တင်ဘာလ ဒုတိယအပတ်မှစ၍ တစ်လလုံးနီးပါး တိုက်ပွဲများဖြစ်ပွားခဲ့ပါသည်။ အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများပြားခဲ့သဖြင့်နန်းဖဲ၊ ပရယ်တော် နှင့် ထားလဲကျေးရွာ တို့အား စစ်ကောင်စီမှ တိုက်လေယာဥ်များအသုံးပြုတိုက်ခိုက်ခဲ့ပါသည်။ အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီထပ်ထံမှ လက်နက်ခဲယမ်း အချို့ကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှသိမ်းဆည်းရမိခဲ့ပါသည်။ ဖရူဆိုမြို့နယ်အခြေစိုက် အမှတ်(၁၄) စစ်လေ့ကျင့်ရေးကျောင်းတွင် ဆုံရပ်ထားသော စစ်ကောင်စီတပ်၏ထောက်ပို့ယာဥ်တန်း ကားအစီးရေ(၆၀) စီးခန့် သည် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ တန်ပြန်စစ်ဆင်ရေးကြောင့် ဖရူဆိုမှ ဘောလခဲမြို့နယ်သို့ ဖြတ်သန်းနိုင်ခြင်း မရှိသေးပါ။ လွိုင်ကော်မြို့နယ်အတွင်းတွင်လည်း ရှမ်းပြည်နယ်မှ လွိုင်ကော်မြို့သို့ ဝင်ရောက်လာသော စစ်ကောင်တပ်၏ ယာဥ်တန်း (၆) စီးကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်ခဲ့ပါသည်။ ထို့အတူ လွိုင်ကော်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏စစ်ဆေးရေးစခန်းများကိုလည်း ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ပါသည်။ ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီမှ (၂)နှစ်နီးပါးကြာ ခြေကုပ်ယူတပ်စွဲထားသော ပူဖား နှင့် သေးဆူလဲ ကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်များကို စက်တင်ဘာလ ပထမအပတ်အတွင်း ကရင်နီပူးပေါင်းတပ်များမှ တိုက်ခိုက် ခြေမှုန်းခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်(၂၀)ကျော် သေဆုံးခဲ့ပါသည်။ အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ တိုက်လေယာဥ်ဖြင့်(၃)ရက်ဆက် လာရောက်တိုက်ခိုက်ခဲ့ပါသည်။ ဒီးမော့ဆိုမြို့နယ်တိုက်ပွဲများအတွင်း လက်နက်ခဲယမ်း အများအပြားကိုလည်း ကရင်နီပူးပေါင်းတပ်ဖွဲ့မှသိမ်းဆည်းရမိခဲ့ပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်များသည် မယ်စဲ့မြို့နယ်၊ ပန်တိန်းကျေးရွာရှိ BGFစခန်းနှင့်အနီးတဝိုက်တွင် အခိုင်အမာ ခြေကုပ်ယူတပ်ဆွဲလျက်ရှိပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်သည် မယ်စဲ့မြို့နယ် သို့ ပြန်လည်ထိုးဖောက် သိမ်းပိုက်နိုင်ရေး၊ လူသူလက်နက်ခဲယမ်းများ ဖြည့်တင်းနိုင်ရေးအတွက် ဖရူဆို နှင့် ဘောလခဲမြို့နယ်တို့အား စစ်ကြောင်းထိုးလျက်ရှိပါသည်။ လွိုင်ကော်မြို့နယ် နှင့် ဖယ်ခုံမြို့နယ်တို့တွင် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ရေးပစ်မှတ် မဟုတ်သောနေရာများဖြစ်သည့် စစ်ရှောင်စခန်းများကို လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။ စက်တင်ဘာလအတွင်း KNDFသည် တော်လှန်ရေးပူးပေါင်းတပ်များနှင့်အတူ တိုက်ပွဲပေါင်း(၂၉)ကြိမ် ပါဝင်တိုက်ခိုက်ခဲ့ပါသည်။ စက်တင်ဘာလတွင်ဖြစ်ပွားခဲ့သော ကရင်နီပြည်နယ်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင်(၇၈)ဦး သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ပါသည်။ ကရင်နီပြည်တဝှမ်းဖြစ်ပွားခဲ့သော တိုက်ပွဲများ အတွင်း စစ်ကောင်စီတပ်ထံမှလက်နက်ငယ်(၃၆)လက်၊ လက်နက်ကြီး(၅)လက်နှင့် ခဲယမ်းမျိုးစုံကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ သိမ်းစည်းရမိခဲ့သည့်အပြင် စစ်ကောင်စီတပ်၏ ကား (၂)စီးကို မီးရှို့ဖျက်စီးခဲ့ပြီး၊ (၁) စီးအား မိုင်းဆွဲ တိုက်ခိုက်နိုင်ခဲ့ပါသည်။ ထို့အပြင်KNDF မှစစ်သုံ့ပန်း (၅) ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပါသည်။ စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်သည် ကရင်နီပြည်အတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း (၂၀)ကြိမ် ပြုလုပ်ခဲ့ပါသည်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ(၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ(၁)ဦးသေဆုံးခဲ့ပါသည်။ ထို့အတူ စစ်ကောင်စီတပ်၏ မြေမြှုပ်မိုင်းကြောင့်လည်း ပြည်သူ(၁)ဦး သေဆုံးခဲ့ရပါသည်။ အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်(၁)လုံး၊ ကျန်းမာရေးအဆောက်အဦ(၁)လုံး၊ နှင့် ခရစ်ယာန်ဘုရားကျောင်း(၁)ကျောင်း ပျက်စီးခဲ့ရပါသည်။ ထို့အတူ စစ်ကောင်စီတပ်မှ ပစ်ခတ်လာသော လက်နက်ကြီးထိမှန်မှုကြောင့်လည်းနေအိမ်(၂)လုံး ပျက်စီးခဲ့ ပါသည်။ စက်တင်ဘာလအတွင်း ကရင်နီပြည်နယ် စစ်မျက်နှာအသီးသီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်များကို ခုခံ တိုက်ခိုက်ရင်းKNDF မှ ရဲဘော် (၈) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ပါသည်။ ကျဆုံးသွားသော အာဇာနည်ရဲဘော်များကို KNDF မှ အမျိုးသားအာဇာနည်သူရဲကောင်းများအဖြစ် သမိုင်းမှတ်ကျောက်တင်ပြီး အစဥ်အမြဲ အလေးပြုပါသည်။ KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန ဆက်သွယ်ရန် – ၀၉ ၇၉၈ ၆၅၆ ၇၅၆ ၊ ၀၉ ၇၈၈ ၅၄၅ ၂၇၃ ၊ ၀၉ ၇၆၅ ၇၃၃ ၁၆၈