မူးယစ်ဆေးဝါးရောင်းဝယ်သူများနှင့် သုံးစွဲသူများအား လူထုသဘောအရ သွားရောက်ဖမ်းဆီးခြင်း

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃၊ ၂၄)ရက်နှင့် မတ်လ (၁)ရက်

KNDF တပ်ရင်းအမှတ်(၃) လှုပ်ရှား‌နယ်မြေများထဲမှ ဖယ်ခုံမြို့နယ် မိုးဗြဲကျေးရွာအုပ်စု မိုးဗြဲမြို့ပေါ်ရပ်ကွက်(၃)ရပ်ကွက်၊ မိုးဗြဲမြို့အရှေ့ဘက်ကမ်းရှိ ကျေးရွာတစ်ရွာနှင့် ရီနွဲ့ကျေးရွာအုပ်စုရှိ ကျေးရွာ(၂)ရွာတို့တွင် မူးယစ်ဆေးဝါးသုံးစွဲသူနှင့် ရောင်းဝယ်ဖောက်ကားသူ အမျိုးသား(၁၄)ဦးကို သွားရောက်ဖမ်းဆီးခဲ့ပါသည်။ ၄င်းတို့နဲ့အတူ စိတ်ကြွမူးယစ်ဆေးဝါး(WY) အမြောက်အများကိုလည်း သိမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးတရားခံများထဲမှ အချို့ကို သက်ဆိုင်ရာမှ ဝန်ခံကတိဖြင့်ပြန်လွတ်ခဲ့ပြီး တစ်ချို့ကို ကရင်နီပြည် ပြည်သူ့ရဲတပ်ဖွဲ့ထံသို့ သွားရောက်အပ်နံခဲ့ပါသည်။ မိဘပြည်သူများအနေဖြင့်လည်း မူးယစ်ဆေးဝါးအန္တရာယ်ကို သတိထားရှောင်ရှားကြရန်နှင့် တိုက်ဖျက်ရာတွင် ဆက်လက်ပါဝင်ဖို့ရန် တိုက်တွန်းအပ်ပါသည်။

တစ်ဖက်တွင်လည်း ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ်စပ်ကြားတွင် အကြမ်းဖက်စစ်ကောင်စီများနှင့် တိုက်ပွဲများဆက်လက်ပြင်းထန်လျက်ရှိပါသည်။


Leave a Reply

Your email address will not be published. Required fields are marked *