စာအမှတ် – KNDF/၁/၂၀၂၃ (၀၀၄)
၂၀၂၃ ခုနှစ် ၊ မတ်လ (၁၁)ရက်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ မှစ၍ ကရင်နီပြည်အတွင်းသို့ ပင်လောင်းမြို့နယ်၊ ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့နယ် နှင့် ဘောလခဲမြို့နယ်အသီးသီးတို့မှ စစ်မျက်နှာ (၄) ခုဖွင့်ကာ စုစုပေါင်း စစ်ကြောင်း (၁၂) ကြောင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုကြောင့် ပင်လောင်းမြို့နယ်အတွင်း (၃) ပတ်ခန့် တိုက်ပွဲများဖြစ်ပွား ပြီးနောက် ယနေ့ မတ်လ (၁၁) ရက်နေ့ ၊နေ့လည်(၁၁း၀၀) နာရီခန့်တွင် ပအိုဝ်းစစ်ရှောင်ပြည်သူများ ခှိုလှုံနေသော နမ်းနှိမ် ကျေးရွာရှိ ဘုန်ကြီးကျောင်းနှင့် နေအိမ်များကို အကြမ်းဖက်စစ်ကောင်စီတပ်မှ မီးတင်ရှို့ ဖျက်စီးခဲ့ပါသည်။
အကြမ်းဖက်စစ်ကောင်စီတပ်၏ ယခုလုပ်ရပ်သည် သာသနာအားဖျက်စီးသည့်လုပ်ရပ်ဖြစ်ပြီး၊ လူမျိုးရေးခုတုံးလုပ်ကာ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပအိုဝ်းလူမျိုးများအခြား အထင်အမြင်လွဲမှားအောင်လုပ်ဆောင်သော လုပ်ရပ်သာဖြစ်ပါသည်။
ပင်လောင်းမြို့နယ်အစပ်နှင့် ဖယ်ခုံမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို KNDF၊KA၊PDF (Phekhon)၊ PDF (Moe Bye)၊ PNDF(KK)၊SSRYနှင့် အခြားမဟာမိတ်တပ်ပေါင်စုများမှ အစွမ်းကုန် ခုခံတိုက်ခိုက်နေပါသည်။ အကြမ်းဖက် စစ်ကောင်စီ တပ်များ၏ အကြမ်းဖက်လှုပ်ရပ်များနှင့်စစ်ရာဇဝတ်မှုမှတ်တမ်းများကို KNDF မှစုဆောင်းလျက်ရှိပြီး လိုအပ်သလို ဆက်လက်ထုတ်ပြန်သွား ပါမည်။
ပြည်သူများအနေဖြင့် အထက်ဖော်ပြပါ စစ်ကောင်စီတပ်များ ထိုးစစ်ဆင်သောမြို့နယ်များအတွင်း လုံခြုံရေးဂရုပြုကြပါရန်နှင့် အထူးဖြင့် ဒီးမော့ဆိုမြို့နယ်တွင် တိုက်ပွဲပြင်းထန်နေပါသဖြင့် ဖြတ်သန်းသွားလာခြင်းမပြုရန် အထူးမေတ္တရပ်ခံအပ်ပါသည်။
KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန
ဆက်သွယ်ရန်။ ၀၉၇၈၉၆၆၂၄၆၀၊ ၀၉၇၅၂၇၄၇၇၃၇၊၀၉၄၂၅၅၁၇၅၉၄၊
Leave a Reply