စာအမှတ် – KNDF/၁/၂၀၂၃ (၀၀၆)
၂၀၂၃ ခုနှစ် ၊ မတ်လ (၁၅)ရက်။
အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဖယ်ခုံမြို့နယ် ၊ အရှေ့ဖက်ကမ်း ကုရင်ကျေးရွာအုပ်စုအတွင်းသို့ မတ်လ (၁၁)ရက်နေ့မှစ၍ စစ်ကြောင်းထိုးလာခဲ့သဖြင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့်ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပါသည်။ ထို့နောက် မတ်လ (၁၂) ရက်တွင် ကုရင်ကျေးရွာအုပ်စု စစ်ဘေးရှောင်စခန်းအနီးသို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီစစ်ကြောင်းမှာ စစ်ရှောင် စခန်းအတွင်း ဝင်ရောက်ပြီး စစ်ရှောင်(၈) ဦးအား ဓါးစာခံအဖြစ် ဖမ်းစီးခဲ့ပြီး (၅)ဦးကိုသာပြန်လွတ်ကာ သက်ကြီးရွယ်အို(၂)ဦး နှင့် (၇)တန်းကျောင်းသား ကလေးသူငယ် တစ်ဦးတို့အား ပြန်မလွှတ်ပဲ မီးရှို့သတ်ဖြတ်ခဲ့ပါသည်။
စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ ခမရ (၄၂၃)တပ်ရင်းအား မတ်လ (၁၁)ရက်နေ့၊ နေ့လည် (၁၂)နာရီ အချိန်မှ စ၍ KNDF-B03၊ ဖယ်ခုံ PDF တပ်ရင်း (၂) ၊ အလယ်ပိုင်းတိုင်းPDFတို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ပါသည်။ ထိတွေ့တိုက်ပွဲမှာနေ့လည် (၁၂)နာရီမှ ညနေ (၅)နာရီခွဲအထိ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး ထိတွေ့မှုအပြီး စစ်ကောင်စီတပ်ဖက်မှ ထွက်ပြေးသွားခဲ့ကာ ၎င်းတို့၏ တပ်ဖွဲ့ဝင် (၆)ဦးကို အရှင်ဖမ်းဆီးရမိခဲ့သလို သေဆုံးနေသော အလောင်း (၁၉)လောင်းကို တွေ့ရှိခဲ့ရပြီး MA-3 (၂)လက် ၊ MA-2 (၁)လက် ၊ MA-1 (၁)လက် ၊ စနှိုက်ပါ (၁)လက် ၊ (၆၀)မမ ပြောင်း (၂)ပြောင်း ၊ RPG (၂)လက် နှင့် ခဲယမ်းများ ၊ အသုံးဆောင်များကို သိမ်းဆည်းရရှိခဲ့ပါသည်။
ထို့အတူ မတ်လ (၁၂) ရက်နေ့တွင် စစ်ကောင်စီ၏ စစ်ကြောင်းတစ်ကြောင်းမှာ ကုရင်ကျေးရွာအုပ်စုထဲရှိ စစ်ဘေးရှောင် စခန်း တစ်ခုအနားသို့ ထပ်မံ၍ စစ်ကြောင်းထိုးလာခဲ့ပြီး မိမိတို့ပူးပေါင်းတပ်များနှင့် နေ့လည် (၁)နာရီအချိန်မှစ၍ ညနေ (၆)နာရီအထိ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကာ စကစ တပ်သား (၅)သေဆုံးနေသည်ကိုတွေ့ရကာ တိုက်ပွဲအတွင်း မိမိတို့ KNDF B (03) မှ ရဲဘော် (၂)ဦး၊ ဖယ်ခုံ PDF တပ်ရင်း (၂)မှ ရဲဘော် (၁)ဦး မြင့်မြက်စွာ ကျဆုံးခဲ့ရပါသည်။
မတ်လ (၁၂)ရက်နေ့မှာပင် လွိုင်ကော်မြို့နယ် ၊ ကုန်းသာကျေးရွာ တောင်ကုန်းအနီးတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ညနေ (၂)ခွဲ အချိန်တွင် KNDF B (02) ၊ B (03) ၊ ဖယ်ခုံ PDF တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ပြီး ညနေ (၅)နာရီခွဲ ဝန်းကျင်တွင် စစ်ကောင်စီမှ ဂျက်လေယာဥ်နှစ်စီးဖြင့် (၃)ကြိမ် လာရောက်ပစ်ခက်ခဲ့ကာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၄)ဦး၏ အလောင်းအားတွေ့ရသလို အသုံးဆောင်များလည်း တွေ့ခဲ့ရပါသည်။
ထို့အတူ မတ်လ (၁၃)ရက်နေ့ ည (၁၂)နာရီကျော်အချိန်တွင် ဒီးမော့ဆိုအရှေ့ဖက်ခြမ်း တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီ၏ တပ်မ (၆၆) တပ်သား တစ်ဦးမှာ မိမိတို့ လှုပ်ရှားနေရာဖက်သို့ ကင်းထောက် ကျွံဝင်လာခဲ့ရာ KNDF-B09 မှ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ သေဆုံးသွားပြီး ၎င်းကိုင်ဆိုင်ခဲ့သော MA-3 သေနတ် (၁)လက် နှင့် ကျည်အချို့ကို သိမ်းဆည်းနိုင်ခဲ့ပါသည်။
စစ်ကောင်စီစစ်ကြောင်းအား ခုခံတိုက်ခိုက်ရင်း ရဲရင့်စွာကျဆုံးခဲ့ရသော KNDF-B03မှ ရဲဘော် (၂)ဦးနှင့် မဟာမိတ်တပ်မှ ရဲဘော် (၁)ဦးတို့အား အာဇာနည်သူရဲကောင်းများ အဖြစ် KNDF မှသမိုင်းမှတ်တမ်းတင် အလေးပြုပါသည်။
Leave a Reply