မတ်လမှစ၍ ဒေါညေးခူ၊ ဒေါတမကြီးကျေးရွာဖက်သို့ စစ်ကြောင်း (၃)ကြောင်းဖြင့် ထိုးစစ်ဆင်လာခဲ့သော အကြမ်းဖက် စစ်ကောင်စီအား ခုခံတိုက်ခိုက်နေသော တိုက်ပွဲများအတွင်း KNDF တပ်ရင်း အမှတ် (၁၀)မှ ရဲဘော် (၂)ဦးသည် တိုင်းပြည်နှင့် လူမျိုးအတွက် မြင့်မြတ်စွာ ကျဆုံးခဲ့ရပါသည်။
မိမိတို့ KNDF တပ်ရင်း အမှတ် (၁၀)၏ ရဲဘော်များဖြစ်သော ရဲဘော်ခူးဦးရယ် မှာ မတ်လ (၂၁)နေ့တိုက်ပွဲအတွင်လည်ကောင်း ၊ ရဲဘော် နိုရယ် မှာ မတ်လ (၂၂)ရက်နေ့တိုက်ပွဲတွင်လည်းကောင်း စစ်ကောင်စီအား ရဲရင့်စွာတိုက်ခိုက်ရင်း ကျဆုံးခဲ့ရပါသည်။
တိုင်းပြည်နှင့် လူမျိုးအတွက် အကြမ်းဖက်စစ်ကောင်စီအား ရဲရင့်စွာတိုက်ခိုက်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့ရသော ရဲဘော်ဦးရယ် နှင့် ရဲဘော်နိုရယ် တို့အား မိမိတို့ KNDF မှ အာဇာနည်သူရဲကောင်းအဖြစ် အစဥ်အမြဲ ဂုဏ်ယူမှတ်တမ်းတင်ထားမည်ဖြစ်သည်။
Leave a Reply