ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းတွင်ဖြစ်ပွားနေသော တိုက်ပွဲများနှင့် စပ်လျဥ်း၍ စစ်ရေးသတင်းထုတ်ပြန်ခြင်း။ 

စာအမှတ် – KNDF/၁/၂၀၂၃ (၀၀၈)

၂၀၂၃ ခုနှစ် ၊ မတ်လ (၃၁)ရက်။ 

ကရင်နီပြည်နယ် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ၊ ဒေါလျားခူကျေးရွာ အရှေ့မျက်နှာစာ ညေးဘူးခူတောင်ပေါ်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အား မတ်လ (၂၉) ရက်နေ့မှစ၍ ကရင်နီတပ်မတော် (KA) ၊ KNDF ဗျူဟာ (၃)မှ တပ်ရင်းများဖြစ်သော KNDF/B (10) ၊ KNDF/B (15) ၊ နှင့် KNDF/B (07) တို့ပူးပေါင်း၍ နှစ်ရက်တာ အပြင်းအထန် တိုက်ခိုက်ခဲ့ပါသည်။

ဒေါလျားခူကျေးရွာအနီးရှိ ညေးဘူးခူတောင်ပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ ခလရ (၂၈၇)တပ်အား KA ၊ KNDF တို့မှ မတ်လ (၂၉) ၊ (၃၀) ရက်နေ့တို့တွင် တစ်နေကုန်နီးပါး တိုက်ခိုက်ခဲ့ပြီး နှစ်ရက်တိုင်တိုင် ထိတွေ့တိုက်ပွဲများ ပြင်းထန်ခဲ့ကာ စစ်ကောင်စီဖက်မှ ထိခိုက်သေဆုံးသူ များပြားခဲ့ပြီး မိမိတို့ပူးပေါင်းတပ်ဖက်မှ မစိုးရိမ်ရ ထိခိုက်ဒဏ်ရာ ရရှိသူ အနည်းငယ်သာ ရှိပါသည်။ 

နှစ်ရက်တာ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဖက်မှ တပ်ဖွဲ့ဝင် (၁၅)ဦးနှင့်အထက် သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူများပြားကာ ၎င်းတို့ထံမှ MA-1 သေနတ် (၃)လက် ၊ MA-2 သေနတ် (၂)လက် ၊ MA-3 သေနတ် (၁)လက် နှင့် ဆက်စပ် ခဲယမ်းမီးကျောက်များ ၊ အသုံးဆောင်များအား သိမ်းဆည်းရရှိခဲ့ပါသည်။ 

စစ်ကောင်စီမှ တိုက်ပွဲများအတွင်း အထိနာ၍ မတ်လ (၃၀) ရက်နေ့ နေ့လည်ပိုင်းတွင် တိုက်လေယာဥ် (၂)စီးဖြင့် ဒေါလျားခူကျေးရွာ တောင်ပေါ်သို့ (၁၀)ကြိမ်နီးပါး ပစ်ခတ်ခဲ့ပြီး တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသည့် ကျေးရွာတစ်ရွာ၏ စာသင်ကျောင်းဝန်း တစ်ခုကိုလည်း (၂)ကြိမ်ခန့် လှည့်ပတ် ပစ်ခတ်ခဲ့သဖြင့် အရပ်သားတစ်ဦး ထိခိုက်သေဆုံးခဲ့ရပါသည်။ ၄င်းနေ့ ညပိုင်းတွင်လည်း ဒေါတမကြီးကျေးရွာ တောင်ပေါ်ဖက်သို့ တိုက်လေယာဥ် (၂)စီးဖြင့်  ထပ်မံ၍ ဗုံးကျဲတိုက်ခိုက်ခဲ့ပါသည်။ 

ကရင်နီပြည်နယ် နှင့် ရှမ်းပြည်တောင်ပိုင်း တို့တွင် အကြမ်းဖက် စစ်ကောင်စီ၏ ထိုးစစ်ဆင်လာသော စစ်ကြောင်းများနှင့် မိမိတို့ ကရင်နီပူးပေါင်း တပ်များအကြား ထိတွေ့တိုက်ပွဲများ နေ့စဥ်ဖြစ်ပွားနေဆဲ ဖြစ်ပြီး ရက်ရှည်ခုခံတိုက်ပွဲ များအတွက် ရလဒ်ကောင်းများ ဆက်၍ ဖော်ဆောင်နိုင်ရန် ပြည်တွင်း ၊ ပြည်ပမှ မိဘပြည်သူများအနေဖြင့် အဖက်ဖက်မှ ပူးပေါင်း၍ ပံ့ပိုးကူညီမှု များကို တက်ညီလက်ညီဖြင့် ပါဝင်ပေးကြပါရန် KNDF မှ အထူးတောင်းဆိုလိုပါသည်။

KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန ။

ဆက်သွယ်ရန်။ ၀၉၇၈၉၆၆၂၄၆၀၊ ၀၉၇၅၂၇၄၇၇၃၇၊၀၉၄၂၅၅၁၇၅၉၄။


Leave a Reply

Your email address will not be published. Required fields are marked *