ပြည်သူလူထုသိသင့်သော တိုက်ပွဲအခြေနေများ နှင့် စစ်ရေးသတင်းထုတ်ပြန်ချက် ။


စာအမှတ် – KNDF/၁/၂၀၂၃ (၀၁၀)
၂၀၂၃ ခုနှစ် ၊ ဧပြီလ (၂၁)ရက်။

ကရင်နီပြည်နယ် ၊ ဒီးမော့ဆိုအရှေ့ဖက်ခြမ်း ဒေါညေးခူကျေးရွာ အနီးတွင် စစ်ကြောင်းထိုး နေသော စစ်ကောင်စီတပ်ဖွဲ့များ နှင့် ကရင်နီပူးပေါင်းတပ်များအကြား ဧပြီလ (၁၆) ရက်နေ့မှစ၍ ယနေ့ အထိတွေ့တိုက်ပွဲများနေ့စဥ် ဖြစ်ပွားလျှက်ရှိပါသည်။ ဒေါညေးခူကျေးရွာ တောင်ပေါ်တွင် စစ်ကြောင်းထိုး လှုပ်ရှားနေသော စစ်ကောင်စီတပ်ဖွဲ့များအား ကရင်နီတပ်မတော် (KA)၊ KNDF/B10 ၊ KNDF/B15 ၊KND/B04၊ KNDF B/16 ၊ KNDF/B01၊ KNDF/B05၊ KNDF/B06၊ KNDF/B07၊ KNDF ETD(Drone Unit) ၊ Loikaw PDF (Drone Unit)တို့ ပူပေါင်း၍ ဧပြီလ (၁၆) ရက်နေ့မှ (၁၈) ရက်နေ့ထိ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းကြောင့် ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဖက်မှ အထိနာသေဆုံးသူ များပြားကာ ၎င်းတို့ထံမှ လက်နက်ခဲယမ်း များကို မိမိတို့ ပူးပေါင်းတပ်များမှ သိမ်းဆည်းရရှိခဲ့ပါသည်။


သုံးရက်တာ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ (၄၀) ဦးကျော်သေဆုံးကာ ဒဏ်ရာအပြင်းအထန် ရရှိသူ များပြားခဲ့ပြီး တိုက်ပွဲအတွင်း ၎င်းတို့ ထံမှ MA-1 (၃)လက်၊ MA-3 (၁၁)လက်၊ SK-1 (၁)လက်၊ MA-2 (၃)လက်၊ MA-4 (၃)လက်၊ ငါးကြင်းမြီး (၁)လက်၊ 60mm ပြောင်း (၁)ပြောင်း ၊ RPG 7 (၁)လက်၊ မိုင်းရှာစက် (၁)ခု ၊ ကွန်ပျူတာ (၁)လုံး၊ မှန်ဘီလူး (၂)ခု၊ ဆက်သွယ်ရေးစက် (၁)လုံး၊ ဖုန်း (၈)လုံး နှင့် မိုင်းများ ၊ ဆက်စပ် ခဲယမ်းမီးကျောက်များ အားသိမ်းဆည်း ရရှိခဲ့ပါသည်။


ဧပြီလ (၁၅)ရက်နေ့မှစ၍ ဒေါညေးခူကျေးရွာ အနီး ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီမှ လက်နက်ကြီးပစ်ကူများ အပြင် လေကြောင်းပစ်ကူများဖြင့် ယနေ့ထိ နေ့စဥ်နီးပါး ပုံမှန် ဂျက်ဖိုက်တာ (၃)စီးဖြင့် ပစ်ခက်မှုများ လုပ်ဆောင်ခဲ့ပြီး တိုက်ပွဲများအတွင်း အကြိမ်ရေ (၃၀) ကျော်ပစ်ခက် ဗုံးကျဲခြင်းများ လုပ်ဆောင်ခဲ့ပါသည်။
ဒေါညေးခူကျေးရွာအနီး တိုက်ပွဲအတွင်း KA မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရပြီး ကျဆုံးသော ကရင်နီတပ်မတော် (KA) မှ ရဲဘော်အား အားဇာနည်သူရဲကောင်းအဖြစ် မိမိတို့ KNDF မှ အစဥ်အမြဲ လေးစားမှတ်တမ်းတင်အပ်ပါသည်။
ထို့အတူ ဧပြီလ (၁၉) ရက်နေ့ နေ့လည်ပိုင်း အချိန်တွင် ဘောလခဲ နှင့် ဒေါညေးခူ ကြား၌ စစ်ကောင်စီ၏ ခလရ (၈၀)တပ်ဖွဲ့များ နှင့် KA ၊ KNDF/B21 ၊ ဘောလခဲ PDF ပူးပေါင်းတပ်များအကြား တစ်နာရီကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ (၈)ဦးသေဆုံးကာ တစ်ဦးအား အရှင်ဖမ်းဆီးရမိခဲ့ပြီး MA -1 (၂) လက်၊ MA-3 (၃ )လက်၊ MA-4 (၁ )လက် ၊ ကျည်ဘောက် (၁၇) ခု နှင့် ကျည်အချို့တို့အား သိမ်းဆည်း ရရှိခဲ့ပါသည်။

ဧပြီလ (၁၄) ရက်နေ့တွင် လွိုင်ကော် – မိုးဗြဲလမ်းမကြီး ပေါ်ရှိ ဆောင်ကန်းကျေးရွာ လမ်းဆုံတွင် င်္သကြန်ရေထွက်ကစားနေကြသည့် စစ်ကောင်စီတပ်ဖွဲ့များအား KNDF/B03 မှ အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်မှု အတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် (၅)ဦး သေဆုံးခဲ့ပြီး၊ ဧပြီ (၁၅) ရက်နေ့တွင်လည်း မိုးဗြဲမြို့အဝင် တွင် ရေပက်ကစား နေသည့် စစ်ကောင်စီတပ်ဖွဲ့များကိုပါ ထပ်မံတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးမှု အခြေနေအား အတည်ပြုနိုင်ခြင်း မရှိခဲ့ပါ။


ထို့အတူ ဖယ်ခုံမြို့နယ် နှင့် ပင်လောင်းမြို့နယ် အကြား ရှိ တောင်မဲသင်း ၊ တောင်စလုံး ၊ မြောက်စလုံးရွာ များအနီးတွင်လည်း စစ်ကောင်စီတပ်များနှင့် မိမိတို့ပူးပေါင်းတပ်များအကြား နေ့စဥ်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီမှ လေကြောင်း တိုက်ခိုက်မှု များကိုပါ လုပ်ဆောင်လျှက်ရှိပါသည်။
ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းတွင် ဒေါညေးခူကျေးရွာ အနီးတွင် ထိတွေ့တိုက်ပွဲများ ဆက်၍ ဖြစ်ပွားနေသလို တနီးလာလဲ ၊ ဒေါတငူး ကျေးရွာများ အနီးတွင် စစ်ကောင်စီတပ်ဖွဲ့များနှင့် KNDF/B09 ၊ KNDF/B10 တို့အကြား ထိတွေ့ တိုက်ပွဲငယ်များ ကြိုကြား ဖြစ်ပွားလျှက်ရှိပြီး ၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်း ၊ ဖရူဆိုမြို့နယ် ၊ လွိုင်ကော်မြို့နယ် ၊ မိုးဗြဲမြို့နယ် များတွင်လည်း နယ်မြေအလိုက် သက်ဆိုင်ရာ KNDF တပ်ရင်းများမှ စစ်ကောင်စီတပ်ဖွဲ့များအား အလစ်အငိုက် တိုက်ခိုက်ခြင်း များကို လုပ်ဆောင်လျှက်ရှိပါသည်။


ကရင်နီပြည်နယ်အတွင်း နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံ ၊ ပင်လောင်မြို့နယ်များ အကြား အကြမ်းဖက် စစ်ကောင်စီမှ မတ်လမှစ၍ ယနေ့ချိန်ထိ စစ်ကြောင်းများထိုးလျှက်ရှိနေသေးပြီး မိမိတို့ ကရင်နီပူးပေါင်းတပ်များနှင့် ပြည်သူ့ကာကွယ်ရေး တပ်များ မှခုခံတိုက်ခိုက်လျှက်ရှိပြီး ရက်ရှည်တိုက်ပွဲများအတွက် ရလလာဒ်ကောင်းများ ဆက်၍ ဖော်ဆောင်နိုင်ရန် ပြည်သူများမှ လိုအပ်သည့် ကူညီထောက်ပံ့မှုများအား ဆက်၍ အလေးထားလုပ်ဆောင်ပေးကြပါရန် တိုက်တွန်းတောင်းဆိုပါသည်။

KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန ။

ဆက်သွယ်ရန်။ ၊၀၉၇၈၈၅၄၅၂၇၃၊ ၀၉၇၅၂၇၄၇၇၃၇၊၀၉၄၂၅၅၁၇၅၉၄၊၀၉၄၅၇၉၆၄၈၇။


Leave a Reply

Your email address will not be published. Required fields are marked *