အကြမ်းဖက်စစ်ကောင်စီမှ ပြည်သူ‌များနေထိုင်လျက်ရှိသော ကျေးရွာသို့ လေယာဉ်ဖြင့်ဗုံးကြဲခြင်း နှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကျူးလွန်လျက်ရှိ

၂၀၂၃ခုနှစ်၊ မေလ၊ ၂၄ရက်။

၂၃.၅.၂၀၂၃ရက်နေ့၊ ည ၉ နာရီ ၃၅ မိနစ်အချိန်တွင် အကြမ်းဖက် စစ်ကောင်စီမှ လွယ်ဝိုင်းကျေးရွာနှင့် ဟိုက်ပျက်(ခေါင်းစံ) ကျေးရွာတို့အား လေယာဉ်ဖြင့် နှစ်ကြိမ်တိုင်တိုင် (ဗုံးသီး ၂၀လုံး) ဗုံးကြဲခဲ့ပြီး၊ စခက-၇ မှလည်း တာဝေးပစ်လက်နက်ကြီးဖြင့် (၁၀)လုံး ထက်မနည်း ပစ်ခတ်ခဲ့ပါသည်။ 

အကြမ်းဖက်စစ်ကောင်စီ၏ အဆိုပါပစ်ခတ်မှုသည် အများပြည်သူနေထိုင်ရာ ကျေးရွာအလယ်တည့်တည့်သို့ ကျရောက်ခဲ့ပြီး အုတ်ဖြင့်ဆောက်ထားသည့် တစ်ထပ်အိမ် (၁)လုံး နှင့် ပျဉ်ထောင်အိမ် (၁)လုံး၊ စုစုပေါင်း (၂)လုံး ထိခိုက်ပျက်စီးခဲ့ပါသည်။ 

တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ အများပြည်သူနေထိုင်ရာကျေးရွာများသို့ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းသည် ကရင်နီပြည်နယ်တွင် အကြမ်းဖက်စစ်ကောင်စီမှ ဆက်တိုက်ကျူးလွန်နေသော လေကြောင်းတိုက်ခိုက်ခြင်းစစ်ရာဇဝတ်မှုများစွာထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး အများပြည်သူအနေဖြင့်လည်း လေကြောင်းရန်အန္တရာယ်အတွက် လိုအပ်သောကာကွယ်မှုများ ကြိုတင်ပြုလုပ်ကြပါရန် ထပ်မံတိုက်တွန်းအပ်ပါသည်။


Leave a Reply

Your email address will not be published. Required fields are marked *