၂၀၂၃ ခုနှစ် ၊ သြဂုတ်လ (၃၁)ရက် ။
ကရင်နီပြည်နယ် ၊ ဒီးမော့ဆိုမြို့နယ် အတွင်းရှိ ဒေသခံများနေထိုင်ရာကျေးရွာတစ်ရွာ နှင့် အရပ်သားစစ်ရှောင်များနေထိုင်ရာနေရာ စစ်ရှောင်စခန်းတစ်ခုတို့အား စစ်ကောင်စီမှ သြဂုတ်လ (၃၁)ရက်နေ့ နံနက်ပိုင်းအချိန်တွင် တိုက်လေယာဥ်များဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပါသည်။
ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းရှိ ဒေသခံအရပ်သားများနေထိုင်ရာ ကျေးရွာတစ်ခု အနီးသို့ နံနက် (၄)နာရီကျော်အချိန်မှစ၍ စစ်ကောင်စီမှ တိုက်လေယာဥ်ဖြင့် (၃)ကြိမ်ခန့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ လူထိခိုက်မှုမရှိဘဲ နေအိမ် အဆောက်အဦးအချို့ ထိခိုက်ပျက်ဆီး ခဲ့ပါသည်။
ထို့အတူ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်း ရှိ အရပ်သားစစ်ရှောင်များနေထိုင်ရာ စစ်ရှောင်စခန်းတစ်ခုရှိ နေအိမ်တဲအချို့နှင့် စာသင်ကျောင်းအား နံနက် (၆)နာရီခွဲကျော် အချိန်တွင် စစ်ကောင်စီမှ တိုက်လေယာဥ် (၂)စီးဖြင့် ဗုံး (၉) လုံးခန့်ကျဲချခဲ့၍ စာသင်ကျောင်းအနီး ရှိနေသည့် အရပ်သားတစ်ဦး သေဆုံး၍ (၂)ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကာ စာသင်ကျောင်းနှင့် နေအိမ်တဲ အချို့ ထိခိုက်ပျက်ဆီး ခဲ့ပါသည်။
စစ်ကောင်စီမှ လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သော အထက်ပါနေရာများမှာ အရပ်သားပြည်သူများ ပုံမှန်နေထိုင်သော ကျေးရွာနှင့် တိုက်ပွဲများကြောင့် စစ်ပွဲနှင့် ဝေးရာနေရာများ၌ တိမ်းရှောင်နေရသော အရပ်သားစစ်ဘေးရှောင်များသာ နေထိုင်နေသော နေရာများသာဖြစ်၍ တိုက်ပွဲဖြစ်ပွားခြင်းလဲ မရှိဘဲ စစ်ကောင်စီမှ အရပ်သားပြည်သူများအား ရန်သူသဖွယ် ပစ်မှတ်ထားတိုက်ခိုက်ကာ စစ်ရာဇဝတ်မှုများအား ပေါ်ပေါ်ထင်ထင် ကျူးလွန်လုပ်ဆောင်လျှက်ရှိပါသည်။
KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာန ။
Leave a Reply