ဖရူဆိုမြို့နယ် ၊ အရှေ့ဖက်ခြမ်းရှိ ကျေးရွာ (၂)ရွာအား စစ်ကောင်စီ၏တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း။

၂၀၂၃ ခုနှစ် ၊ အောက်တိုဘာလ (၇)ရက်။

ကရင်နီပြည်နယ် ၊ ဖရူဆိုမြို့နယ် အရှေ့ဖက်ခြမ်းရှိ ကျေးရွာ (၂)ရွာအား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အောက်တိုဘာလ (၆) ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီ၏ အမှတ် (၁၄) တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းမှ လက်နက်ကြီးများဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့ပါသည်။

ဖရူဆိုမြို့နယ် အရှေ့ဖက်ခြမ်းရှိ ကျေးရွာ (၂) ရွာသို့ စစ်ကောင်စီ၏တပ်မှ ည (၁၀)နာရီကျော်အချိန်တွင် တာဝေးပစ်လက်နက်ကြီး (၁၂၀)မမ စုစုပေါင်း (၁၅)လုံးကျော်ပစ်ခတ်၍ တိုက်ခိုက်ခဲ့ပြီး ကျေးရွာ (၂)ရွာအတွင်းရှိ နေအိမ် (၅)လုံးထိခိုက်ပျက်ဆီးကာ အိမ်မွေးတိရစ္ဆာန်များ ဖြစ်သည့် နွား (၁) ကောင် ၊ ကျွဲ (၃)ကောင် ထိခိုက်ဒဏ်ရာရ၍ နွား (၂) ကောင်သေဆုံးကာ လူထိခိုက်မှုတော့မရှိခဲ့ပါ ။

စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့သည့် အထက်ပါ ကျေးရွာများမှာ တိုက်ပွဲများဖြစ်ပွားနေသည့် နေရာမဟုတ်ဘဲ စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် တစ်ဖက်သပ်ပစ်ခက်ကာ အရပ်သားပြည်သူများအား ရန်သူသဖွယ်သတ်မှတ်၍ လူ့အသက် ၊အိုးအိမ်များအား ထိခိုက်သေစေလိုသည့် ရည်ရွယ်ချက်များဖြင့် စစ်ရာဇဝတ်မှု့များကို ပေါ်ပေါ်ထင်ထင် ကျူးလွန်လုပ်ဆောင်လျှက်ရှိပါသည်။

KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန ။


Leave a Reply

Your email address will not be published. Required fields are marked *