“လက်ရှိအခြေအနေမှာ တစ်နိုင်ငံလုံးက ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် တိုက်ပွဲများဆင်နွှဲတိုက်ခိုက်နေကြပါတယ်။ ကရင်နီပြည်မှာ အာဏာရှင်ဖြုတ်ချရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် တည်ဆောက်ရေးဖော်ဆောင်နိုင်ဖို့ဆိုရင် လွိုင်ကော်မြို့က စစ်ကောင်စီအုပ်ချုပ်ရေးကို ဖြိုချရပါမယ်။ အခုလိုမြို့သိမ်းတိုက်ပွဲတွေဟာ ပျက်ဆီးနစ်နာမှုများနိုင်တယ်ဆိုတာ သိထားပေမယ့် အာဏာရှင်စနစ်အမြစ်တွယ်မှာကို ပိုကြောက်မိတဲ့အတွက် အခုလိုစစ်ဆင်ရေးကို အားလုံးက ချမှတ်လိုက်တာဖြစ်တယ်။ ပြည်သူပြည်သားများအနေနဲ့ ဘေးကင်းလွတ်ရာတွေကို ယာယီရွှေ့နေပေးကြဖို့ကိုလည်း တောင်းဆိုပါတယ်။ ကျွန်တော်တို့ များမကြာမီမှာ လွတ်လပ်ပွင့်လင်းပြီး စည်ကားတိုးတတ်သော လွိုင်ကော်မြို့အဖြစ် ပြန်လည်အသက်သွင်းကြရအောင်လို့ တိုက်တွန်းပြောကြားလိုပါတယ်”
ခွန်းဘီထူး
ဥက္ကဌ
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF

Leave a Reply