၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ (၂၀)ရက် ။
၁၁၁၁ စစ်ဆင်ရေး ၏ လွိုင်ကော်မြို့သို့ ဝင်ရောက်သော KNDF စစ်ကြောင်းအား စစ်ကောင်စီတပ်မှ လွိုင်ကော်တက္ကသိုလ် မှ ဆီးကြိုတိုက်ခိုက်ခဲ့သဖြင့် အပြန်အလှန် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တက္ကသိုလ် ဝန်ထမ်းများ နှင့် မိသားစုဝင်များ ကျောင်းဝန်းအတွင်း ပိတ်မိနေခဲ့သည်။
စစ်ကောင်စီတပ်မှ လေယာဉ် ဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်လာခြင်းကြောင့် အထက်ပါ လွိုင်ကော်တက္ကသိုလ် မှ ဝန်ထမ်းနှင့်မိသားစုများ ၊ စက်မှုကျောင်းမှ ဝန်ထမ်းများအပါအဝင် (၂၀၄)ဦးတို့အား လက်နက်ကြီးကျရောက်မှု အနည်းငယ်လျော့နည်းလာစဥ် အချိန်၌ ဘေးကင်းရာသို့ မိမိတို့တပ်ဖွဲ့မှအရေးပေါ် ကူညီရွေ့ပြောင်းခဲ့ရသည်။
ထက်ပါ လွိုင်ကော်တက္ကသိုလ် မှ Non-CDM ဝန်ထမ်းများနှင့် မိသားစုဝင်များအား လူသားချင်းစာနာထောက်ထားရေး၊ လူ့အခွင့်အရေးများနှင့်အညီ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) မှ ဘေးကင်းလုံခြုံစွာ စောင့်ရှောက်ထားပြီး မိသားစုများနှင့်အမြန်ဆုံး ပြန်လည်ဆုံတွေ့နိုင်စေရေး လုပ်ငန်းကိစ္စများကို IEC မှ ဆက်လက်လုပ်ဆောင်ပေးလျှက်ရှိပါသည်။
KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန။
Leave a Reply