၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီလ (၈)ရက် ။
ကရင်နီပြည်နယ်၊ ဘောလခဲမြို့ ရှိ စစ်ကောင်စီ၏ ခရိုင်ရဲစခန်းမှ ရဲတပ်သား တစ်ဦးမှာ လက်နက်နှင့်တကွ ဇန်နဝါရီလ (၅)ရက်နေ့တွင် မိမိတို့ KNDF ထံဘက်ပြောင်းခိုလှုံလာခဲ့ပါသည်။
ဘတ်ပြောင်းခိုလှုံလာသော ရဲတပ်သားမှာ စစ်ကောင်စီ၏ အမိန့်အောက်တွင် တာဝန်ထမ်းဆောင်လိုစိတ် မရှိတော့ခြင်းကြောင့် AK-22 သေနတ်တစ်လက်အားယူဆောင်၍ ထွက်လာခဲ့ပြီး မိမိတို့ KNDF မှ သွားရောက်ခေါ်ဆောင်ခဲ့ပြီး ၎င်းမှ လက်နက်အပ်နှံခဲ့ပါသည်။
စစ်ကောင်စီအား ဆန့်ကျင်ကာ ပြည်သူ့ဖက်အား ဘက်ပြောင်း ခိုလှုံလာသည့် အထက်ပါ ရဲတပ်သားအား မိမိတို့ KNDF မှ ၎င်းခံစားခွင့် ရရှိမည့် ဆုကြေးငွေများကိုလည်း ပေးအပ်၍ လုံခြုံလွတ်လပ်စွာထားရှိပါသည်။ စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်များ ၊ စစ်ကောင်စီတပ်သားများ အနေဖြင့် ယခုလိုကာလအတွင်း လမ်းမှန်ပေါ်လျှောက်၍ ပြည်သူနှင့် ယုံကြည်စိတ်ချစွာ ပူးပေါင်းလာကြပါရန် တိုက်တွန်းလိုပြီး လူ့ဂုဏ်သိက္ခာနှင့်အညီ လုံခြုံစိတ်ချမှုကိုလည်း မိမိတို့ဖက်မှ ပြည့်ဝစွာ အာမခံကြောင်း အသိပေးလိုပါသည်။
KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန
Leave a Reply