၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၉)ရက်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာအမှတ် (၆) မှ (၂)လတာပြုလုပ်ခဲ့သည့် အပတ်စဉ်(၃) အခြေခံစစ်သင်တန်းဆင်းပွဲအား ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် ဗျူဟာနယ်မြေတစ်ခု၌ ပြုလုပ်ခဲ့ပါသည်။
KNDF ဗျူဟာအမှတ် (၆)၏ အပတ်စဉ်(၃) အခြေခံစစ်သင်တန်းအား ဗျူဟာနယ်မြေရှိ တပ်ရင်းတပ်ဖွဲ့များမှ ရဲဘော်တစ်ရာကျော် တက်ရောက်ခဲ့ပြီး သင်တန်းဆင်းပွဲ၌ ကရင်နီပြည်တပ်မတော်(KA) မှ တပ်ဗိုလ်တပ်မှူးများ၊ KNDF တာဝန်ရှိသူများ ၊ သင်တန်းသားများ၏ မိသားစုဝင်အချို့နှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ၊ အဖွဲ့အစည်းများ တတ်ရောက်ခဲ့ကြပါသည်။
KNDF ဗျူဟာ အမှတ် (၆) ၏ သင်တန်းဆင်းပွဲတွင် သင်တန်းပြီးမြောက်၍ တိုင်းပြည်နှင့် လူမျိုးအတွက် တော်လှန်ရေးတာဝန်များ ထမ်းဆောင်ရန် အသင့်ဖြစ်ခဲ့ပြီ ဖြစ်သော ရဲဘော်များမှ စစ်ကောင်စီထံမှ သိမ်းဆည်းရရှိခဲ့သော လက်နက်အချို့အား အသုံးပြု၍ စစ်ရေးပြခြင်းများအား ပြုလုပ်ခဲ့ကာ စိတ်ဓာတ်မြှင့်တင်ရေး အတွက်လည်း ရည်ရွယ်ပါသည်။
KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန။
Leave a Reply