ဖေဖော်ဝါရီလ (၁)လတာ စစ်ရေးသတင်း အခြေနေများထုတ်ပြန်ခြင်းစာအမှတ်- KNDF /၁ /၂၀၂၄ (၀၀၃)၂၀၂၄ ခုနှစ် ၊ မတ်လ (၁၀)ရက်နေ့

ဖေဖော်ဝါရီလ (၁)လတာ အတွင်း ကရင်နီပြည်နယ်တွင် လွိုင်ကော်၊ ရှားတော ၊ ဘောလခဲ မြို့နယ်များနှင့် ဖယ်ခုံမြို့နယ်အတွင်းတို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။

လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား နေ့စဥ်နီးပါး ထိတွေ့မှုများရှိခဲ့ပြီး ဖေဖော်ဝါရီလ နောက်ဆုံး အပတ်အတွင်း တိုက်(၆)လုံး ဝန်ထမ်းအိမ်ယာတစ်လျှောက်တွင် ထိတွေ့တိုက်ပွဲများပြင်းထန်ခဲ့ပါသည်။ လွိုင်ကော်မြို့ပေါ်တွင် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ မြို့အား ဝန်းရံပိတ်ဆို့ကာ စစ်ဆင်ရေးများဆက်၍ဆင်နွဲနေပြီး စစ်ကောင်စီတပ်ဖွဲ့များမှာ မြို့ပေါ်အခြေစိုက်တပ်များတွင်သာ ဆက်၍တပ်စွဲထားနိုင်ကာ မြေပြင်ထောက်ပို့လမ်းကြောင်းများ ပြက်တောက်၍ လေကြောင်းကိုသာ အားထားနေရသည့် အခြေနေရှိပါသည်။စစ်ကောင်စီမှ လွိုင်ကော်မြို့တွင် နေ့စဥ် လက်နက်ကြီးများ ပစ်ခက်ခဲ့သည့်အပြင် လေကြောင်းဖြင့် ဗုံးကျဲခြင်း ၊ ကင်းထောက်လေယာဥ်များ ၊ ဒရုန်းများဖြင့် ရပ်ကွက်များအတွင်း သို့ မီးလောင်ဗုံးများကျဲချခြင်းတို့ကို နေ့စဥ်နီးပါး ပြုလုပ်ခဲ့၍ လူထုနေအိမ်အများအပြား မီးလောင်ကျွမ်းခဲ့ပါသည်။

ဇန်နဝါရီလ (၁၅) ရက်နေ့မှစ၍ ရှားတောမြို့အတွင်းရှိ စစ်ကောင်စီ၏ ကာကင်းစခန်းကုန်းများအပါအဝင် ဗျူဟာကုန်းအား ဖေဖော်ဝါရီ လ (၁၂) ရက်နေ့တွင် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ ပြီးသပ်ချေမှုန်းသိမ်းပိုက်ကာ ရှားတောမြို့အား အလုံးစုံ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါသည်။ ရှားတောမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ ဗိုလ်မှူးကြီး ၊ ဒု-ဗိုလ်မှူးကြီး ၊ ဗိုလ်မှူး ၊ ဒုရဲမှူးများအပါအဝင် တပ်ဖွဲ့ဝင် (၁၆၀) ကျော်အား ချေမှုန်းသုတ်သင်နိုင်ခဲ့ပြီး စစ်သုံ့ပန်းများနှင့် ၎င်းတို့၏ မိသားစုဝင်အချို့အား စစ်သုံ့ပန်းဥပဒေ ၊ နိုင်ငံတကာစည်းမျဥ်း စည်းကမ်း ဥပဒေများနှင့်အညီ ထိမ်းသိမ်းစောင့်ရှောက်ထားပါသည်။

ဖေဖော်ဝါရီလအတွင်း ဘောလခဲမြို့နှင့် ရွာသစ်မြို့အကြား ဆက်သွယ်ထားသော လမ်းမကြီးပေါ်ရှိ စစ်ကောင်စီ၏ (၁၂) မိုင်ကုန်း စခန်းအနီးတွင် ထိတွေ့မှုဆက်တိုက်ဖြစ်ခဲ့ပြီး ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် အဆိုပါစခန်းကုန်းအား ကရင်နီတော်လှန်ရေး တပ်များ မှ အပြီးသပ်ချေမှုန်းသိမ်းယူ၍ လက်နက်ငယ် (၁၂)လက် ၊ လက်နက်ကြီး (၄) လက် နှင့်ခဲယမ်းကျည်များအား သိမ်းဆည်းရရှိ ခဲ့ပါသည်။

ဖယ်ခုံမြို့နယ်တွင် ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲ (၂) ကြိမ်ခန့်သာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ ပြည်သူလူထုအားပစ်မှတ်ထားသော လက်နက်ကြီးပစ်ခက်တိုက်ခိုက်မှုများအား ဆက်တိုက် ပြုလုပ် ခဲ့ပါသည်။

စစ်ကောင်စီ၏ သံလွင်မြစ်ဘေး နှင့် အရှေ့ဖက်ခြမ်းရှိ ကရင်နီ- ထိုင်းနယ်စပ် တစ်လျှောက် အရေးပါသည့် အထိုင်တပ်စခန်း (၃)ခုမှာ ဖေဖော်ဝါရီလ အတွင်း စခန်းစွန့်ခွာ၍ တပ်ဆုပ်သွားခဲ့ပါသည်။ စစ်ကောင်စီ၏ အရေးပါသော တပ်စခန်းများဖြစ်သည့် ဟွေပုန်းလောင်းဒေသ စိုးမိုးကုန်းတစ်ခုဖြစ်သည့် ကျားပါစပ်ကြီးစခန်း ၊ နမ့်ပန်ချောင်းဘေးတွင် အခြေပြုထားသော ဟွေအွန်တပ်စခန်း နှင့် သံလွင်မြစ်ဘေးတွင် အခြေပြုထားသည့် တာတမော့တပ်စခန်းတို့မှာ စခန်းစွန့်ခွာ၍ ဆုပ်ခွာသွားခဲ့ပါသည်။

ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီမှ အရပ်သားပြည်သူများအား ပစ်မှတ်ထားသည့် တာဝေးပစ် လက်နက်ကြီး ပစ်ခက်ခြင်း ၊ လေကြောင်းတိုက်ခိုက်ခြင်း နှင့် ဖမ်းဆီးသတ်ဖြတ်ခြင်းများကြောင့် အရပ်သားပြည်သူ (၂၅) ဦး သေဆုံး၍ ဒဏ်ရာရရှိသူ (၄၂)ဦးရှိပြီး စစ်ကောင်စီမှ လူ့အခွင့်ရေးချိုးဖောက်ခြင်း နှင့် စစ်ရာဇဝတ်မှုများကို လူမိုက်ဆန်ဆန် ပြောင်ပြောင်တင်းတင်း လုပ်ဆောင်လျှက် ရှိပါသည်။

ဖေဖော်ဝါရီလ (၅) ရက်နေ့မနက်ပိုင်းတွင် စစ်ကောင်စီမှ ကလေးငယ်များ ပညာသင်ကြားနေသော ဒီးမော့ဆိုမြို့နယ် ၊ ဒေါစီအိစာသင်ကျောင်း နှင့် လွိုင်နန်းဖကျေးရွာ စာသင်ကျောင်းများအား တိုက်လေယာဥ် (၅)စီးဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခက်တိုက်ခိုက်ခဲ့၍ ကလေးငယ် (၄)ဦး ၊ လူကြီးအမျိုးသား (၁)ဦးသေဆုံး၍ အရပ်သားပြည်သူ (၃၅)ဦးကျော် ထိခိုက်ဒဏ်ရာရရှိ ခဲ့ပါသည်။

ဖေဖော်ဝါရီလ (၅)ရက်နေ့၊ နံနက် (၈)နာရီခန့်တွင် စစ်ကောင်စီမှ ရဟတ်ယာဥ် (၃)စီးဖြင့် ရှားတောမြို့နယ်အတွင်း ဆင်းသက်၍ စစ်ကူပို့ခဲ့သောစစ်ကြောင်းမှာ ဒေသခံစစ်ဘေးရှောင်လူထုများအား လမ်းပြအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လမ်းတွင် ညင်းပန်း နှိပ်စက်ကာ သတ်ဖြတ်ခဲ့၍ ကိုယ်ဝန်ဆောင်နှင့် မသန်စွမ်း အမျိုးသမီး (၃) ဦး၊ အမျိုးသား (၁)ဦး ကလေးသူငယ် (၃)ဦးစုစုပေါင်း (၇)ဦး တို့သေဆုံးခဲ့ရပါသည်။

ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် စစ်ကောင်စီ တပ်များမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများအား ပစ်မှတ်ထားသော တာဝေးပစ် လက်နက်ကြီးဖြင့် ပစ်ခက်တိုက်ခိုက်မှုကြောင့် ဖယ်ခုံမြို့နယ်၊ ရွှေစမ်းကျေးရွာတွင် ဒေသခံအရပ်သား ကလေးငယ် (၁)ဦး အပါအဝင် အမျိုးသမီး (၄)ဦး သေဆုံးခဲ့ရပြီး အမျိုးသား (၁)ဦးနှင့် အမျိူးသမီး (၂)ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။

ထို့အတူ ဒီးမော့ဆိုမြို့နယ်အတွင်း နန်းဟူသွေကျေးရွာထဲသို့ နေအိမ်သန့်ရှင်းရေးပြန်လုပ်သည့် ဒေသခံအမျိုးသားတစ်ဦး မှာ စစ်ကောင်စီတပ်ဖွဲ့များ ထောင်ထားခဲ့သော မြေမြုပ်မိုင်းနင်းမိ၍ ခြေတစ်ဖက်ပြက်ဒဏ်ရာရရှိခဲ့ပါသည်။

KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာန။


Leave a Reply

Your email address will not be published. Required fields are marked *