မိုးဗြဲမြို့ သို့ စစ်ကောင်စီမှ အင်အားအများအပြားဖြင့် ထိုးစစ်ဆင်နေမှုများ မကြာခန ပြုလုပ်နေခြင်း

၂၀၂၅ ခုနှစ် ၊ မတ်လ (၂၇)ရက်
မိုးဗြဲမြို့တွင်းသို့ ဝင်ရောက်နိုင်ရေးအတွက် စစ်ကောင်စီမှ အင်အားအများအပြားသုံး၍ ထိုးစစ်ဆင်ခြင်းများကို မကြာခန ပြုလုပ်နေပြီး မိမိတို့တော်လှန်ရေး တပ်ဖွဲ့များမှ စည်းလုံးညီညွှတ်မှုဖြင့် အကောင်းဆုံး ခုခံကာကွယ်ထားလျှက်ရှိပါသည်။
မိုးဗြဲမြို့တွင်းသို့ ဝင်ရောက်နိုင်ရေးအတွက် မတ်လ (၂၄) ရက်နေ့တွင် စစ်ကောင်စီ မှ အင်အားအလုံးအရင်းဖြင့် အရှေ့ကာကင်းများအား အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ပြီး မိမိတို့တော်လှန်ရေးတပ်များ ပူးပေါင်း၍ ခုခံတန်ပြန် တိုက်ခိုက်မှုများ ပြုလုပ်နိုင်ခဲ့ပြီး စစ်ကောင်စီဖက်မှ ထိခိုက်သေဆုံးမှုများစွာဖြင့် ကစဉ့်ကလျား ဆုတ်ခွာသွားခဲ့ရပါသည်။
၂၀၂၅ ခုနှစ် ၊ မတ်လ အတွင်း စစ်ကောင်စီမှ မိုးဗြဲမြို့သို့ ဝင်ရောက်နိုင်ရေးအတွက် ဒရုန်း ၊ လက်နက်ကြီး ၊ လေကြောင်း များဖြင့် နေ့စဥ်တိုက်ခိုက်နေသလို ပြည်သူ့နေအိမ်များ အများအပြားလည်း မီးလောင်ပျက်ဆီးလျှက်ရှိပါသည်။
မိုးဗြဲမြို့တွင် နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲများ ၊ လက်နက်ကြီး ၊ ဒရုန်း ၊ လေကြောင်းတိုက်ခိုက်မှူများကို စဉ်ဆက်မပျက်ပြုလုပ်နေ၍ မိဘပြည်သူများ အနေဖြင့် မြို့အနီးဝန်ကျင်းများသို့ မလိုအပ်ပါက သွားလာခြင်းမပြုလုပ်ပဲ မိမိ၏ လုံခြုံဘေးကင်းရေးအတွက် စစ်ရေးသတိရှိကြပါရန် တိုက်တွန်းအပ်ပါသည်။
ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်- KNDF


Leave a Reply

Your email address will not be published. Required fields are marked *