စစ်ကောင်စီမှ လေကြာင်းတိုက်ခိုက်မှုပြုလုပ်၍ အရပ်သားပြည်သူများ သေဆုံးမှု အားသတင်းထုတ်ပြန်ခြင်း ။

စစ်ကောင်စီမှ လေကြာင်းတိုက်ခိုက်မှုပြုလုပ်၍ အရပ်သားပြည်သူများ သေဆုံးမှု အားသတင်းထုတ်ပြန်ခြင်း ။

၂၀၂၅ ခုနှစ် ၊ ဧပြီလ (၅)ရက်

၂၀၂၅ ခုနှစ် ၊ ဧပြီလ (၄) ရက်နေ့တွင် မိုးဗြဲနှင့် လွိုင်ကော်ကြားရှိ ပီကင်းကောခူကျေးရွာသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ အကြောင်းမဲ့  လက်နက်ကြီး ၊ လေကြောင်းတို့ဖြင့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သဖြင့် အရပ်သားပြည်သူ (၅) ဦးထိခိုက်သေဆုံးခဲ့ပါသည်။
လွိုင်ကော်မြို့နယ် ၊ ပီကင်းကောခူကျေးရွာသို့ ဧပြီလ (၄)ရက်နေ့တွင်  မိုးဗြဲမြို့အခြေစိုက် ခမရ (၄၂၂) တပ်ဖက်မှ မြို့တွင်းနှင့် အနီးဝန်ကျင်ကျေးရွာများသို့  တစ်နေကုန်နီးပါး လက်နက်ကြီးများ ပစ်ခက်၍ အကြောင်းမဲ့ တိုက်ခိုက်ခဲ့ပြီး   မနက် (၁၁)နာရီခွဲအချိန်တွင် လက်နက်ကြီးကျည်ထိမှန်ကာ ပီကင်းကောခူကျေးရွာထဲရှိ ဒေသခံအရပ်သား  အမျိုးသား (၁)ဦး ထိမှန်သေဆုံးခဲ့ပါသည်။

ထို့အတူ နေ့လည် (၂)နာရီကျော်အချိန်တွင် ပီကင်းကောခူကျေးရွာသို့ စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ကျေးရွာတွင်းရှိနေအိမ်များအား ထိမှန်ကာ နေအိမ်များတွင်ရှိနေသော  အရပ်ပြည်သူ အမျိုးသား (၄)ဦး ထိမှန်၍သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူများလည်း ရှိခဲ့ပါသည်။

အကြမ်းဖက်စစ်ကောင်စီသည်  နိုင်ငံတစ်ဝန်း သဘာဝဘေးသင့်နေချိန်တွင် ယာယီ အပစ်အခတ်ရပ်စဲထားမည်ဟု ဧပြီလ (၂)ရက်နေ့တွင် ထုတ်ပြန်ထားသော်လည်း မိမိတို့ ကရင်နီပြည်နယ်တွင်းသို့ ဧပြီလ (၂) ရက်နေ့မှစ၍ ယနေ့ထိ လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်လုပ်ဆောင်လျှက်ရှိပါသည်။ စစ်ကောင်စီ၏ အရပ်သားပြည်သူများအား ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများကို အရှက်အရွံ့မဲ့စွာ ပြုလုပ်နေခြင်းများကို ကြည့်ခြင်းအားဖြင့် စစ်ကောင်စီသည် ၄င်းတို့၏ ထုတ်ပြန်ထားသည့် အပစ်အခတ်ရပ်စဲရေး ကြေညာချက်အတိုင်း လက်နာဆောင်ရွက်ခြင်းမရှိသည်ကို တွေ့ရှိရပါသည်။

ထို့အတူ မြန်မာနိုင်ငံ ငလျင်ဘေးသင့်ခဲ့သည့် မတ်လ (၂၈) ရက်နေ့ မှစု ယနေ့အထိ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုကြီး (၃) ကြိမ်တိုင်တိုင် လုပ်ဆောင်ခဲ့ပြီး လက်နက်ကြီး ပစ်ခက်မှုများအား နေ့စဉ်နီးပါးလုပ်ဆောင်လျှက်ရှိပါသည်။ ထို့ကြောင့် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် စစ်နှင့်သဘာဝဘေးဆိုင်ရာ အန္တာရယ်များ အချိန်မရွေးကျရောက်လာနိုင်သည့်အတွက်  လုံခြုံရေး အသိ သတိရှိကြရန် အထူးတိုက်တွန်းအပ်ပါသည်။

 


Leave a Reply

Your email address will not be published. Required fields are marked *