အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဒီးမော့ဆိုမြို့နယ်အတွင်း ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ နန်းဖယ်ခုံမြို့မှ ဒေါငံခါး ကျေးရွာများအထိ အင်အားအလုံးအရင်းဖြင့်စစ်ကြောင်းထိုးကာ တပ်စွဲထားလျက်ရှိရာ အထက်ပါ ကျေးရွာများအတွင်း မြေမြုပ်မိုင်းများနှင့်တိုက်မိုင်းများ ထောင်းထားခြင်း၊ နေရပ်ပြန်နေသော ပြည်သူများကို ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များသည် နေရပ်ပြန်နေသောပြည်သူများအား အကာအကွယ်ယူပြီး ပြည်သူ့ကာကွယ်ရေးတပ် များကို တိုက်ခိုက်ခြင်းများပြုလုပ်လျက်ရှိသဖြင့် စစ်ရေးအရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအတွက် အခက်အခဲ ဖြစ်စေပါ သည်။
ထို့အပြင် ၄င်းကျေးရွာများတွင် စစ်ကောင်စီတပ်များမှ ငြိမ်းချမ်းရေးအဖွဲ့အစည်းများကို အသုံးချကာ ကျေးရွာများအတွင်း ပြည်သူများအား ပြန်လည်နေထိုင်ရန်အတွက် နယ်မြေငြိမ်ချမ်းနေသယောင်ဝါဒဖြန့်ပြီး စစ်အုပ်ချုပ်ရေးကို အသက်သွင်းရန် ကြိုးစားလျက်ရှိပါသည်။
ထို့အတူ ဒီးမော့ဆိုမြို့နယ် နန်းဖယ်ခုံမြို့မှ ဒေါငံခါးရပ်ကွက်များအထိကျေးရွာများအတွင်း တိုက်ပွဲများ မကြာခဏ ဖြစ်ပွားသော စစ်ဇုန ဖြစ်ရာ တိုက်ပွဲများအချိန်မရွေး ပြန်လည်ဖြစ်ပွားနိုင်သဖြင့် ပြည်သူများအနေဖြင့် ကျေးရွာများအတွင်း ပြန်လည်နေ ထိုင်ပါက တိုက်ပွဲများအတွင်း ကြားညပ် ပိတ်မိနိုင်ပါသည်။
သို့ဖြင့်ပါ၍ အထက်ဖော်ပြပါအခြေအနေများကြောင့် ပြည်သူများအနေဖြင့် နန်းဖယ်ခုံမြို့မှ ဒေါငံခါးရပ်ကွက်များအထိ ကျေးရွာများအတွင်း ပြန်လည်နေထိုင်ရန်အတွက် အစောတလျင် မဆုံးဖြတ်ရန်နှင့် ကျေးရွာအတွင်း ပြန်ရောက်နှင့်နေပြီးဖြစ်ပါကလည်း လုံခြုစိတ်ချရမှုမရှိသည့်အတွက် ဘေးကင်းရာသို့ အမြန်ဆုံးပြောင်းရွေ့နေထိုင်ရန် အလေးနက် တွေးတောကာ ဆောင်ရွက်နိုင်ကြပါရန်အထူးတိုက်တွန်း နှိုးဆော်အပ်ပါသည်။
KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန
ဆက်သွယ်ရန်။ ၀၉၄၂၅၅၁၇၅၉၄၊ ၀၉၄၅၇၂၉၆၄၈၇၊ ၀၉၄၄၅၂၅၂၂၇၄။
Leave a Reply