ရက်စွဲ။ ။ ဖေဖော်ဝါရီလ (၁၁) ရက်နေ့၊ ၂၀၂၃ခုနှစ်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၁၀ ) ရက်နေ့ သန်းခေါင်ယံည (၁၁း၀၀) နာရီကျော်အချိန်တွင် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်၊ရီလုံရီကန်ကျေးရွာအုပ်စု၊ဝါရီခူကျေးရွာရှိ မယ်တော်ဂူကုန်း အား အကြမ်းဖက်စစ်ကောင်စီတပ်မှ တိုက်လေယာဥ်ဖြစ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။ ၄င်းဗုံးကြဲတိုက်ခိုက်မှုကြောင့် မယ်တော်ဂူကုန်းရှိ အဆောင်တစ်ခုနှင့် မယ်တော်ဂူရင်ပြင် ထိခိုက်ပျက်စီးခဲ့ရပြီး မယ်တော်ဂူကုန်းအနီးရှိ စစ်ရှောင်ပြည်သူများ၏ ယာယီ တဲအိမ်အချို့ ဗုံးစ လွင့်စင် ထိမှန်ခဲ့ပါသည်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူများထိခိုက်ခြင်းမရှိသော်လည်း အကြမ်းဖက်စစ်ကောင်စီတပ်သည် စစ်ဖက်နှင့် သက်ဆိုင်ခြင်းမရှိသည့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများနှင့် အရပ်ဘက်ဆိုင်ရာနေရာများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခြင်း ဖြစ်ပါသည်။
အကြမ်းဖက်စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီလ ဒုတိယအပတ်အထိ လေကြောင်း တိုက်ခိုက်မှု (၃) ကြိမ်ပြုလုပ်ခဲ့ပြီး ထိုလေကြာင်းတိုက်ခိုက်မှုများတွင် အရပ်ဘက်ဆိုင်ရာနေရာများကို လေကြာင်းတိုက်ခိုက်မှု (၂) ကြိမ်ပြုလုပ်ခဲ့ပါသည်။
KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန။
Leave a Reply