ရေခပ်ဆင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့အား တိုက်ခိုက်ခြင်း။

​ဖေဖော်ဝါရီလ (၁၅)ရက်နေ့ နံနက် ( ၁၁) နာရီဝန်းကျင်အချိန်တွင်
ဖရူဆိုမြို့နယ်၊ မာခရောရှေ့ ကျေးရွာရှိ စစ်ကောင်စီ၏ ခြေကုပ်စခန်းမှ ကျေးရွာတွင်းရေထွက်ပေါက်သို့ ရေခပ်ဆင်းလာသော စစ်ကောင်စီ တပ်ဖွဲ့အား KNDF B (15)နှင့် KA တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ပါသည်။

နှစ်ဖက် ထိတွေ့မှုမှာ (၁)နာရီ နီးပါးကြာမြင့်ခဲ့ပြီး စစ်ကောင်စီဖက်မှ (၁)ဦးသေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာ ရရှိသူများလည်း ရှိနိုင်ကာ မိမိတို့ပူးပေါင်းတပ် ဖက်မှ အထိခိုက်မရှိပြန်လည် ဆုပ်ခွာနိုင်ခဲ့ပါသည်။

ဖရူဆိုမြို့နယ် အခြေစိုက် စစ်ကောင်စီ၏ အမှတ် (၁၄) တန်းမြှင့်စစ်လေ့ကျင့်ရေးကျောင်းမှ အင်အား (၆၀)ခန့်ပါ စစ်ကြောင်းမှာ မနက်ပိုင်း (၇)နာရီခန့်အချိန်တွင် မာခရောရှေ့ကျေးရွာ ရှိ ၎င်းတို့၏ ခြေကုပ်စခန်းသို့ ရိက္ခာပို့ဆောင်ခဲ့အပြီး နေ့လည်ပိုင်းတွင် ထိတွေ့မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။

ထိတွေ့တိုက်ပွဲများအ​ပြီး စစ်ကောင်စီဖက်မှ လက်နက်ကြီးများ အဆမတန် အသုံးပြု ပစ်ခတ်ခဲ့သောကြောင့် မာခ​ရောရှေ့ကျေးရွာတွင်းရှိ ဒေသခံပြည်သူ၏ နေအိမ်တစ်လုံး ထိမှန်ပျက်ဆီးခဲ့ရပါသည်။


Leave a Reply

Your email address will not be published. Required fields are marked *