အကြမ်းဖက်စစ်ကောင်စီတပ်များသည် မိုးဗြဲကျေးရွာအုပ်စု စက်တော်ရာကျေးရွာရှိ စက်တော်ရာတောင်ပေါ်စေတီ၊ ညောင်ဝိုင်းရပ်ကွက်ထဲနှင့် ဝါရီဆူးပလိုင်ကျေးရွာတို့တွင် အဓိကတပ်စွဲလျက်ရှိပြီး မိုးဗြဲအထွက် ကုန်းသာကျေးရွာအုပ်စု ပီကင်းကောခူကျေးရွာနှင့် ဆောင်ကန်းကျေးရွာတို့တွင်လည်း တပ်စွဲထားလျက်ရှိပါသည်။
အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားသော နေရာနားတစ်ဝိုက်နှင့် စစ်ကြောင်းထိုးလာခြင်း၊ တပ်အပြောင်းအလဲလုပ်ခြင်း စသည့်အချိန်မျိုးတွင် မိမိတို့ပူးပေါင်းမဟာမိတ်တပ်များနှင့် မကြာခဏထိတွေ့မှုများ ဖြစ်ပွားလျက်ရှိပါသည်။
ထိုသို့သော အခြေအနေမျိုးတွင်
- အကြမ်းဖက်စစ်ကောင်စီနှင့် စစ်ရေးအချက်အလက်များ ဆက်သွယ်သတင်းပေးခြင်း၊ လမ်းပြခြင်း
- အကြမ်းဖက်စစ်ကောင်စီတပ်အား ရေ၊ မီး၊ ရိက္ခာများပို့ဆောင်ခြင်း
- ပစ်ခတ်မှုဖြစ်ပွားရာ အနီးတစ်ဝိုက် သွားလာခြင်း
- တိုက်ပွဲဖြစ်ပွားသော နေရာတွင် ကာကွယ်ရေးတပ်များ နယ်မြေရှင်းလင်းရေး မပြုလုပ်ရသေးဘဲ သွားလာခြင်းနှင့် အန္တာရာယ်ရှိစေသော လက်နက်ပစ္စည်းများ ကောက်ယူခြင်း
- စစ်ရေးအရသွားလာခြင်းကန့်သတ်ထားသော နေရာများတွင် သွားလာခြင်း စသည်တို့ကို အများပြည်သူအနေဖြင့် မပြုလုပ်ကြပါရန်နှင့် တော်လှန်ရေးကာလတွင် လုံခြုံစွာသွားလာနေထိုင်ကြပါရန် KNDF-B03 မှ ထုတ်ပြန်ထားပါသည်။
Leave a Reply