အကြမ်းဖက်စစ်ကောင်စီတပ်မှ ပင်လောင်းမြို့နယ်ရှိ အရပ်သားပြည်သူများအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ပင်လောင်မြို့နယ်  တောင်စလုံး၊ မြောက်စလုံးနှင့် ကောင်မဲတင်းကျေးရွာများသို့ အကြမ်းဖက်စစ်ကောင်စီတပ်၏ ဖယ်ခုံမြို့အခြေစိုက် စကခ (၇) မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် တောင်စလုံးကျေးရွာနေ အသက် (၄၆) နှစ် အရွယ်အမျိုးသမီးတစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ရပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်သည် အရပ်သားပြည်သူများအား ရန်သူသဖွယ်သတ်မှတ်ပြီး ကျေးရွာများကို ပစ်မှတ်ထားတိုက်ခိုက်မှုအား စဥ်ဆက်မပြတ်ပြုလုပ်လျက်ရှိပါသည်။ 

 အကြမ်းဖက်စစ်ကောင်စီတပ်သည် ဖယ်ခုံမြို့နယ်နှင့် ပင်လောင်မြို့နယ် အတွင်းရှိ ၄င်းတို့၏ ရှေ့တန်းစခန်းများနှင့် ကင်းပုန်းစခန်းများ မကြာခနတိုက်ခိုက်ခံရသဖြင့် အဆိုပါမြို့နယ်နှစ်ခု၏ နယ်စပ်တွင် PNO တပ်များနှင့် အတူ  တပ်အင်အားဖြည့်တင်းလျက်ရှိပါသည်။

လက်နက်ကြီးထိမှန်သေဆုံးခဲ့ရသော အရပ်သားတစ်ဦး

Leave a Reply

Your email address will not be published. Required fields are marked *