အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် အရပ်သား (၁) ဦးသေဆုံး။

ဖေဖော်ဝါရီလ (၂၇)ရက်နေ့၊ ယနေ့ မွန်းတည့်အချိန်တွင် ဘောလခဲအခြေစိုက် စစ်ကောင်စီတပ်မှ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ  တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ကျေးရွာများသို့ လက်နက်ကြီးဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ 

အကြမ်းဖက်စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့်  အရပ်သား (၃)ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး  ဒဏ်ရာရသူများအနက် အသက်(၇၀)အရွယ် အမျိုးသားတစ်ဦးမှာ ဆေးခန်းပို့ဆောင်နေစဥ် လမ်းခုလတ်တွင် သေဆုံးခဲ့ရပါသည်။ ထို့အပြင် လက်နက်ကြီးဒဏ်ကြောင့် ကျေးရွာများအတွင်းရှိ နေအိမ် (၄) လုံးပျက်စီးခဲ့ရပြီး တိရိတ္ဆန်အချို့ ထိခိုက်ခဲ့ရပါသည်။

 အကြမ်းဖက်စစ်ကောင်စီတပ်သည် ယနေ့ တစ်နေ့တည်းအတွင်း ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်ရှိ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ကျေးရွာများ ၊ စစ်ဇုံမဟုတ်သော နေရာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ယခုညနေ (၉း၀၀) နာရီအချိန်အထိ ဒီးမော့ဆိုမြို့နယ်ရှိကျေးရွာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိပါသည်။


Leave a Reply

Your email address will not be published. Required fields are marked *