၂၀၂၃ ခုနှစ် ၊ စက်တင်ဘာလ (၄) ရက် ။ ကရင်နီပြည်နယ် ၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ သေးဆူလဲကျေးရွာ နှင့် ပူဖားကျေးရွာတို့တွင် ခြေကုပ်ယူတပ်စွဲထားသော စစ်ကောင်စီ၏ တပ်စခန်းများအား စက်တင်ဘာ(၂) ရက်နေ့တွင် ကရင်နီပြည်တော်လှန်ရေးတပ်ပေါင်းစုများမှ ဝင်ရောက်စီးနင်း၍ချေမှုန်းတိုက်ခိုက်ခဲ့ပါသည်။ သေးဆူလဲကျေးရွာ နှင့် ပူဖားကျေးရွာအတွင်း အခိုင်အမာတပ်စွဲ၍ ခြေကုပ်ယူထားသော စစ်ကောင်စီ၏ တပ်စခန်းများအားနံနက် (၅) နာရီခွဲအချိန်မှစ၍ ကရင်နီတပ်မတော်(KA) ၊ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ) ၊ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်(DMO Local PDF) ၊ အလယ်ပိုင်းတိုင်း – ကရင်နီ(ကယား) စစ်ဒေသခွဲတပ်ရင်းများပူးပေါင်းစစ်ကြောင်း နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တို့ပူးပေါင်း၍ တစ်ပြိုင်နက်တည်း စီးနင်းဝင်ရောက်၍ ချေမှုန်းတိုက်ခိုက်ခဲ့ပါသည်။ ထိတွေ့တိုက်ပွဲများမှာ နံနက် (၅) နာရီခွဲအချိန်မှစ၍ (၉)နာရီခွဲအထိ ကြာမြင့်ခဲ့ကာ အထက်ပါနေရာများတွင် တပ်စွဲထားခဲ့သည့်စစ်ကောင်စီ၏ စကခ(၂) လက်အောက်ခံ၊ ခလရ (၉)မှ ဒုတပ်ရင်းမှူး ရဲလင်းနိုင်မှာလည်း လက်အောက်ရှိ အရာရှိများနှင့် တပ်သားများအား အသေခံ၍ ခံပစ်ခိုင်းကာ ၎င်းမှာ ကိုယ်လွတ်ရုန်းထွက်ပြေးသွားခဲ့ပြီး အရာရှိများအပါအဝင် တပ်ဖွဲ့ဝင် (၃၀) ကျော်မှာမိမိတို့တပ်ပေါင်းစု၏ ချေမှုန်းသုတ်သင်ခြင်းခံခဲ့ရပါသည်။ ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ အရာရှိများအပါအဝင် တပ်ဖွဲ့ဝင် (၃၀) ကျော်သေဆုံးကာ ဒဏ်ရာရရှိသူများပြားပြီး ထိတွေ့မှုများအတွင်း ဦးတည်ရာမဲ့ထွက်ပြေးနေသူများလည်း ရှိပါသည်။ တိုက်ပွဲများအတွင်း မိမိတို့ တော်လှန်ရေးတပ်ပေါင်းစုများဖက်မှ ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့ပါသည်။ အထက်ပါ စစ်ကောင်စီ၏ ခြေကုပ်စခန်းများအား စီးနင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်ဖွဲ့များထံမှ လက်နက်ငယ်မျိုးစုံ (၁၅)လက် ၊ (၆၀) မမ ပြောင်း (၂) လက် ၊ RPG-7 (၁)လက် ၊ငါးကြင်းမြီး (၁ )လက် ၊ ဆက်စပ် ခဲယမ်းမီးကျောက်များ ၊ ကျည်ဆံများ ၊ ဆက်သွယ်ရေးစက်များနှင့် အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့ပြီး လက်ရှိတွင်လည်း သေးဆူလဲ ၊ပူဖားကျေးရွာများတွင် ထိတွေ့တိုက်ပွဲများ ဆက်၍ ဖြစ်ပွါးလျက်ရှိပါသည်။ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီမှ စစ်ကြောင်းထိုးနေသော စစ်ကြောင်းများအပြင် ကျေးရွာများအတွင်း ခြေကုပ်ယူတပ်စွဲနေသော တပ်စခန်းများအား ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များမှ စည်းလုံးညီညွတ်စွာဖြင့် ခုခံစစ်၊ တန်ပြန်ထိုးစစ်များအားဖော်ဆောင်၍ အောင်မြင်မှုများ ရရှိအောင် ကြိုးစားလျှက်ရှိပြီး နောင်လာမည့်တိုက်ပွဲများတွင်လည်း ညီညွတ်မှုနှင့် အမိန့်ပေးကွက်ကဲမှုတစ်ခုတည်းဖြင့် စစ်ကောင်စီအား တော်လှန်တိုက်ခိုက်ကာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်သည်ထိတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အတူတကွထုတ်ပြန်အပ်ပါသည်။ မိမိတို့ တော်လှန်ရေးတပ်ပေါင်းစုများမှ ဆိုရှယ်မီဒီယာအသုံးပြုသော တော်လှန်ပြည်သူများ ၊ သတင်းမီဒီယာဌာနများ နှင့်တော်လှန်ရေးတပ်ဖွဲ့ဝင်ရဲဘော်များအားအထူးတောင်းဆိုသည်မှာ မြေပြင်တိုက်ပွဲများတွင် စစ်ရေးသတင်းအချက်အလက်များအား သတင်းဦး၊ သတင်းထူးအတွက်သာရှေးရှု၍ မြေပြင်စစ်ရေးလုပ်ဆောင်ချက်များအား မိမိတို့မှ တရားဝင်ထုတ်ပြန်ခြင်းမရှိသေးဘဲ အစောတစ်လျှင်တင်ကြခြင်းမပြုလုပ်ကြရန် ၊ မြေပြင်တပ်ဖွဲ့များ၏ စစ်ရေးလုပ်ငန်းဆောင်တာများအား အချိန်မတန်မီရန်သူအားသတင်းအချက်အလက် အစောတလျှင်သိစေနိုင်သည့် စစ်ရေးသတင်းအချက်အလက်များ ၊ နယ်မြေသတင်းအချက်အလက်များအား ရေးသား ဖြန့်ဝေကြခြင်းမပြုလုပ်ကြပါရန် နှင့် စစ်ရေးသတင်းများမှာ အခြားသတင်းများနှင့် မတူညီဘဲမြေပြင်အတွက် ငဲ့ညှာ၍ ကျင့်ဝတ်စည်းမျဥ်းများအား စောင့်ထိန်း၍ ကူညီပေးကြရန် အထူးတောင်းဆိုအပ်ပါသည်။ ဆက်သွယ်ရန် ။ ၀၉ ၇၉၅ ၉၄၆ ၆၁၆။
၂၀၂၃ ခုနှစ် ၊ သြဂုတ်လ (၃၁)ရက် ။ ကရင်နီပြည်နယ် ၊ ဒီးမော့ဆိုမြို့နယ် အတွင်းရှိ ဒေသခံများနေထိုင်ရာကျေးရွာတစ်ရွာ နှင့် အရပ်သားစစ်ရှောင်များနေထိုင်ရာနေရာ စစ်ရှောင်စခန်းတစ်ခုတို့အား စစ်ကောင်စီမှ သြဂုတ်လ (၃၁)ရက်နေ့ နံနက်ပိုင်းအချိန်တွင် တိုက်လေယာဥ်များဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပါသည်။ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းရှိ ဒေသခံအရပ်သားများနေထိုင်ရာ ကျေးရွာတစ်ခု အနီးသို့ နံနက် (၄)နာရီကျော်အချိန်မှစ၍ စစ်ကောင်စီမှ တိုက်လေယာဥ်ဖြင့် (၃)ကြိမ်ခန့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ လူထိခိုက်မှုမရှိဘဲ နေအိမ် အဆောက်အဦးအချို့ ထိခိုက်ပျက်ဆီး ခဲ့ပါသည်။ ထို့အတူ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်း ရှိ အရပ်သားစစ်ရှောင်များနေထိုင်ရာ စစ်ရှောင်စခန်းတစ်ခုရှိ နေအိမ်တဲအချို့နှင့် စာသင်ကျောင်းအား နံနက် (၆)နာရီခွဲကျော် အချိန်တွင် စစ်ကောင်စီမှ တိုက်လေယာဥ် (၂)စီးဖြင့် ဗုံး (၉) လုံးခန့်ကျဲချခဲ့၍…
၂၀၂၃ ခုနှစ် ၊ သြဂုတ်လ(၁၉)ရက်။ ဒီးမော့ဆိုမြို့မှ ဖရူဆိုဖက်သို့ ဦးတည်၍ ပြည်ထောင်စုလမ်းမကြီးအတိုင်း သြဂုတ်လ(၂)ရက်နေ့ မှစ၍ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ တပ်မ (၅၅) လက်အောက်ခံတပ်များ နှင့် ကရင်နီပြည်တော်လှန်ရေး ပူးပေါင်းတပ်များအကြား သြဂုတ်လ (၁၄) ရက်နေ့ထိ နှစ်ပတ်တာ ထိတွေ့တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ပါသည်။ ဒီးမော့ဆို – ဖရူဆို ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် စစ်ကြောင်းထိုးဝင်လာသည့် တပ်မ (၅၅) လက်အောက်ခံ တပ်များဖြစ်သည့် ခမရ (၁၁၂)၊ ခလရ (၃) တပ်များအား ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များဖြစ်သည့် ကရင်နီတပ်မတော်(KA)၊ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)၊ အလယ်ပိုင်းတိုင်း -ကရင်နီ(ကယား)စစ်ဒေသခွဲတပ်ရင်းများပူးပေါင်းစစ်ကြောင်း၊ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်(DMO Local PDF) ကရင်နီဝံပုလွေစစ်ကြောင်း နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တို့ပူးပေါင်း၍ နှစ်ပတ်တာ အပြင်းအထန် တိုက်ခိုက်ခဲ့ကြပါသည်။ စစ်ကောင်စီတပ်ဖွဲ့များ…
၂၀၂၃ ခုနှစ် ၊ သြဂုတ်လ (၁၈)ရက်။ ကရင်နီပြည်နယ် ၊ ဖရူဆိုမြို့နယ် ထီးသော်ကူးကျေးရွာရှိ ဘုရားရှိခိုးကျောင်းအား သြဂုတ်လ (၁၂) ရက်နေ့ ည (၈)နာရီအချိန်ခန့်တွင် စစ်ကောင်စီမှ တိုက်လေယာဥ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။ ထီးသော်ကူးကျေးရွာအနီး စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်နှင့် မိမိတို့ ကရင်နီပူးပေါင်းတပ်များအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအပြီး တိုက်ပွဲပြန်လည်ငြိမ်သက်ချိန်တွင် စစ်ကောင်စီမှ တိုက်ပွဲနှင့် သက်ဆိုင်ခြင်းမရှိသော ကျေးရွာအတွင်းရှိ “သနားခြင်းမယ်တော်” ဘုရားကျောင်းအား တိုက်လေယာဥ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဘုရားကျောင်းအဆောက်အဦအပြင် ဘုရားကျောင်းဝန်း အတွင်းရှိ အခြားအဆောက်အဦများ အပါအဝင် ခြံစည်းရိုးအုတ်တံတိုင်းများလည်း ထိခိုက်ပျက်ဆီးခဲ့ရပါသည်။မြေပြင်စစ်ရေးအခြေနေအရ ယခုအချိန်မှသာ မှတ်တမ်းယူ ထုတ်ပြန်ပေးရခြင်း ဖြစ်ပါသည်။ ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ တပ်မ (၅၅) လက်အောက်ခံတပ်ရင်းများနှင့် မိမိတို့ ကရင်နီပူးပေါင်းတပ်များအကြား သြဂုတ်လ (၂)ရက်နေ့မှစ၍ (၁၄) ရက်နေ့အထိ ထွေလီဗီလာကျေးရွာ ၊ ငွေတောင်ရွာသစ်ကျေးရွာ ၊ ကဒါးလားကျေးရွာ ၊ ထီးသော်ကူး ကျေးရွာများ တစ်လျှောက်တွင် ထိတွေ့တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ပါသည်။ အထက်ဖော်ပြပါ တိုက်ပွဲဖြစ်ပွားခဲ့သော နေရာများတွင် လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေဆဲ ဖြစ်ကာ အချိန်မရွေး ထိတွေ့မှုဖြစ်နိုင်၍ မိဘပြည်သူများအနေဖြင့် ဒီးမော့ဆို-ဖရူဆို လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားခြင်းမပြုလုပ်ကြရန်နှင့် စစ်ရေးသတိရှိစွာသွားလာနေထိုင် ပေးကြပါရန် တိုက်တွန်းအပ်ပါသည်။ KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန။
စာအမှတ် – KNDF/၁/၂၀၂၃(၀၁၈)၂၀၂၃ ခုနှစ် ၊ သြဂုတ်လ(၅)ရက်။ ၂၀၂၃ခုနှစ်၊ ဇွန်လအတွင်း အကြမ်းစစ်ကောင်စီတပ်သည် မယ်စဲ့မြို့နယ်ရှိတပ်စခန်းများနှင့် နယ်စပ်စခန်းများအား လက်လွတ်ဆုံးရုံးခဲ့ရသည့်နောက် ကရင်နီပြည်အတွင်းသို့ စစ်ဆင်ရေးအရှိန်မြင့်တင်ရန်အတွက် လူသူလက်နက်ခဲယမ်းနှင့် စက်သွယ်ရေးစက်များပါဝင်သော စစ်ကား အစီး(၁၀၀)ကျော်ပါ ယာဥ်တန်းကို လွိုင်ကော်မြို့နယ်အတွင်းသို့ ဝင်ရောက်အားဖြည့်ခဲ့ပါသည်။ ကရင်နီပြည်အတွင်း စစ်မျက်နှာအသီးသီးတွင် စစ်ကောင်စီတပ်သည် အထိနာလျက်ရှိပြီး လက်နက်ခဲယမ်း ရိက္ခာနှင့် တပ်အင်အားဖြည့်တင်းနိုင်ရန် စစ်ကောင်စီမှ အပြင်းအထန် ကြိုးစားနေပါသည်။ ဇူလိုင်လ တတိယအပတ်မှစ၍ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်မှ ဖယ်ခုံမြို့နယ်ကို ဖြတ်၍ လွိုင်ကော်မြို့နယ်သို့ ဝင်လာသော စစ်ကောင်စီ၏ ထောက်ပို့စစ်ယာဥ်တန်းအား လွိုင်ကော်မြို့အနီးတွင် ကရင်နီ ပူးပေါင်းတပ်ဖွဲ့များကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ စစ်ကား(၃)စီး ပျက်စီးခဲ့ပါသည်။ ထို့အတူ အဆိုပါယာဥ်တန်း များအား လုံခြုံရေးယူပေးရန်အတွက် လွိုင်ကော်မြို့မှ ထွက်လာသော စစ်ကောင်စီလှုပ်ရှားတပ်များကို ကရင်နီ…
စာအမှတ် – KNDF/၁/၂၀၂၃(၀၁၇)၂၀၂၃ ခုနှစ် ၊ ဇူလိုင်လ (၃၁)ရက်။ ကရင်နီပြည်၏ အဓိက အဝင်အထွက် လမ်းမကြီးတစ်ခုဖြစ်သော လွိုင်ကော် – မိုးဗြဲ လမ်းမကြီး တစ်လျှောက်တွင် ဇူလိုင်လ (၂၀) ရက်နေ့မှစ၍ စစ်ကောင်စီမှ စစ်ကြောင်းထိုးခြင်း ၊ စစ်ယာဥ်တန်းများဖြင့် အင်အားဖြည့်ဝင်ရောက်ခြင်းများ လုပ်ဆောင်ခဲ့သဖြင့် မိမိတို့ ကရင်နီပူးပေါင်းတပ်များနှင့် ဇူလိုင်လ (၂၈) ရက်နေ့ထိ အထက်ပါ လမ်းမကြီးတစ်လျှောက်တွင် ထိတွေ့တိုက်ပွဲ များဖြစ်ပွားခဲ့ပါသည်။ ဇူလိုင်လ (၂၄) ရက်နေ့ နှင့် (၂၅) ရက် နှစ်ရက်တာအတွင်း လွိုင်ကော်မြို့အထွက် မော်ချီးစုစည်းကျေးရွာ ဖက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များ နှင့် မိုးဗြဲဖက်မှ စစ်ယာဥ်တန်းကားများဖြင့် လွိုင်ကော်ဖက်သို့ ဝင်ရောက် ခဲ့သော စစ်ကောင်စီတပ်ဖွဲ့များအား KA၊ KNDF…
စာအမှတ် – KNDF/၁/၂၀၂၃ (၀၁၆)၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ (၅)ရက်။ ဇွန်လ တစ်လတာအတွင်း ကရင်နီပြည်နယ်တွင် လွိုင်ကော်၊ ဒီးမော့ဆို နှင့် ရှားတောတို့တွင် တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့ပြီး၊ မယ်စဲ့၊ ဖားဆောင်း နှင့် ရွာသစ်မြို့နယ်များတွင် ထိတွေ့တိုက်ပွဲများပြင်းထန်ခဲ့ကာ၊ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ နှင့် ဖယ်ခုံတို့တွင်လည်း ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပါသည်။ ဇွန်လ(၅)ရက်နေ့မှစ၍ မိုးဗြဲမြို့အတွင်းသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်ခဲ့ကာ မြို့တွင်း နေရာအနှံ့တပ်စွဲခဲ့သော စစ်ကောင်စီတပ်ဖွဲ့များအား မိမိတို့ KNDF နှင့်အတူ မိုးဗြဲPDF၊ လွိုင်ကော်PDF၊ URF တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ပြီး တစ်လတာအတွင်း တိုက်ပွဲပေါင်း(၆)ကြိမ်ကျော် ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်(၂၀)ကျော် သေဆုံးခဲ့ ပါသည်။ ထို့အတူ ဖယ်ခုံမြို့နယ်အတွင်းရှိ နေရာတချို့တွင်လည်း ထိတွေ့တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့သလို မိုးဗြဲမြို့နယ် နှင့် ဖယ်ခုံမြို့နယ်အတွင်းသို့…
(၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁ ရက်) ၁၉၇၈ ခုနှစ်တွင် စတင်ဖွဲ့စည်းပြီး ၁၉၉၄ ခုနှစ်တွင် အပစ်အခတ်ရပ်စဲကာ ၂၀၀၉ ခုနှစ်တွင် နယ်ခြားစောင့်တပ်(BGF)အဖြစ် အသွင် ပြောင်းလဲခဲ့ရ ပြီးနောက် ယနေ့(၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁ရက်)တွင် ပြည်သူအား မတရားဖိနှိပ်သည့် အာဏာသိမ်းစစ်ကောင်စီကို ပြန်၍တွန်းလှန်တိုက်ခိုက်ပြီဖြစ်ကြောင်း KNPLF (ကလလတ) မှ တရားဝင်ထုတ်ပြန်ကြေညာသည်ကို ဝမ်းမြောက်စွာ ကြိုဆိုအပ်ပါသည်။ ၂၀၂၃ ခုနှစ် ဇွန်လ ၁၃ ရက်နေ့မှစ၍ KNPLF/ကလလတ မှ ပါဝင်ဆင်နွဲခဲ့သည့် ကရင်နီပြည် မယ်စဲ့မြို့နယ် တိုက်ပွဲများသည် နွေဦးတော်လှန်ရေး နှင့် မြန်မာပြည်တဝန်းလုံး၏ နိုင်ငံရေးဖြစ်စဉ်အား အချိုးအကွေ့တခု၊ ခွန်အားတခု ဖြစ်စေခဲ့ပါသည်။ နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်း ထားရသည့် BGF (၁၀၀၄…
KNDF/1/2023 (015)Date: 5th of June, 2023. From 31st May of 2021, during the two years of Karenni Nationalities Defense Force’s establishment, 6 Strategy Units and 22 battalions were formed, deployed all over the Karenni State and Southern Regions of Shan State; are defending our people against SAC’s terrorist military troops.Over (1000) battles have occurred and…