KNDF ၏ စစ်သုံ့ပန်းများအပေါ် ပြုမူဆက်ဆံခြင်းနှင့် စပ်လျဉ်း၍ ထုတ်ပြန်ချက်။

ရက်စွဲ ။ ။ မေလ (၁၅) ရက်၊ ၂၀၂၃ ခုနှစ်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)သည် ပြည်သူလူထုမှ ပေါက်ဖွားလာပြီး ပြည်သူကို ညှဉ်းဆဲသတ်ဖြတ်နေသည့် အကြမ်းဖက်စစ်ကောင်စီနှင့် ရင်ဆိုင်တိုက်ခိုက်နေသော၊ ပြည်သူလူထုကို အကြမ်းဖက်စစ်ကောင်စီ ၏ ရန်မှ ကာကွယ်နေသော အဖွဲ့အစည်း ဖြစ်သည်။ KNDFသည် စနစ်ကျနသည့် မူဝါဒများ၊ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ဆောင်နေသည့်အဖွဲ့အစည်းဖြစ်ရာ KNDFမှ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကိုလည်း ဂျီနီဗာကွန်ဗန်းရှင်း/KNDF၏စစ်သုံ့ပန်းဆိုင်ရာမူဝါဒ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ KNDF သည် လူ့အခွင့်အရေးနှင့် ဆန့်ကျင်ပြီး ပြည်သူလူထုနှင့် စစ်သုံ့ပန်းများအား နှိပ်စက်ညှဉ်းပန်းခြင်းကို တားမြစ်ပြီး ပြုလုပ်သူကိုလည်း သက်ဆိုင်ရာစည်းမျဉ်းစည်းကမ်း ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သည်။

ဧပြီလ (၂၇)ရက်၊ ၂၀၂၃ ခုနှစ်တွင် ဆိုရှယ်မီဒီယာပေါ်၌ ပျံ့နှံ့လာခဲ့သည့် KNDFမှ ရဲဘော်များကစစ်သုံ့ပန်း တစ်ဦးကို ကျဉ်စက်ဖြင့်တို့နေသည့် ဗီဒီယိုတွင် ကျူးလွန်နေသော ရဲဘော်ကိုသော်လည်းကောင်း၊ ၎င်း၏ အနီးတွင် ဝိုင်း၍ နောက်ပြောင်ကျီစယ်နေကြသူများကိုလည်းကောင်း၊ သက်ဆိုင်ရာမှ အရေးယူ
ဆောင်ရွက်ပြီးဖြစ်သည်။ အဆိုပါ ဖြစ်ရပ်ကို ကျူးလွန်သူများမှာလည်း နှိပ်စက်ညှဉ်းပန်းလိုသည့်ရည်ရွယ်ချက်နှင့် ပြုလုပ်ခဲ့ခြင်းမဟုတ်ပေ။

ဤသို့ ဆိုရှယ်မီဒီယာတွင် ပျံ့နှံ့လာသော ရုပ်သံဗီဒီယိုကြောင့် အမှန်တရားနှင့်ငြိမ်းချမ်းရေးကို
လိုလားသော ပြည်တွင်းပြည်ပမှ ပြည်သူများ၊ အဖွဲ့အစည်းများနှင့် နိုင်ငံများအား ဝမ်းနည်းစိတ်
အနှောင့်အယှက်ဖြစ်စေသည့်အတွက် KNDF အနေဖြင့်လည်း ထပ်တူတပ်မျှ စိတ်မကောင်းဖြစ်ရပြီးအနူးအညွတ်ဝန်ချတောင်းပန်အပ်ပါသည်။ KNDFအနေဖြင့် အမှန်တရားနှင့် ပြည်သူလူထုအတွက် ဆက်လက်တိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်းကိုလည်း ကတိသစ္စာပြုအပ်ပါသည်။ ထို့အပြင် KNDF သည် ညှင်းပန်းနှိပ်စက်ခြင်း၊ တရားမျှတမှုမရှိခြင်း နှင့် လူ့အခွင့်အရေးချိုးဖောက်မှု ပုံစံမှန်သမျှကို ကန့်ကွက်ရှုတ်ချပါသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)


Leave a Reply

Your email address will not be published. Required fields are marked *