၂၀၂၃ ခုနှစ် ၊ စက်တင်ဘာလ (၈) ရက်။
ကရင်နီပြည်နယ် ၊ ဖရူဆို – ဘောလခဲ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် စစ်ကောင်စီ တပ်များမှ စစ်ကြောင်းထိုး လှုပ်ရှားမှုများ ပြုလုပ်လာပြီဖြစ်သောကြောင့် အထက်ပါ လမ်းမကြီးပေါ်တွင် ယနေ့ စက်တင်ဘာ (၈) ရက်နေ့မှစ၍ ဖြတ်သန်းသွားခြင်း မပြုလုပ်ကြပါရန် ပြည်သူလူထုအား အသိပေးမေတ္တာရပ်ခံအပ်ပါသည်။
ဖရူဆို- ဘောခဲ လမ်းမကြီးဘေးတစ်လျှောက်ရှိ မာခရော့ရှည် ၊ လောကျေခူ ၊ ထားလဲ ၊ နန်းဖဲ ကျေးရွာများတစ်လျှောက် လမ်းသွယ်များကိုပါ အသုံးပြု၍ သွားလာကြခြင်းမပြုလုပ်ကြရန် နှင့် စစ်ကောင်စီတပ်ဖွဲ့များမှ လမ်းမကြီးတစ်ကျော သို့ စစ်ကြောင်းထိုးလှုပ်ရှားလာနေသည့် အခြေနေများကြောင့် အထက်ဖော်ပြပါ လမ်းများအား ယနေ့မှစ၍ မြေပြင်စစ်ရေးအခြေနေအရ ရက်အကန့်သက်မရှိ ပိတ်ထားမည်ဖြစ်၍ ဖြတ်သန်း သွားလာကြခြင်း မပြုလုပ်ကြပါရန် အများပြည်သူလူထုအား အသိပေးလိုပါသည်။
KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန ။

Leave a Reply