ကချင်ပြည်နယ်၊ လိုင်ဇာမြို့၊ မုန်လိုင်ခတ်စစ်ရှောင်စခန်း တိုက်ခိုက်ခံရခြင်းနှင့်စပ်လျဉ်း၍ ထုတ်ပြန်ချက်။

၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၁၁)ရက်။

၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၉)ရက်နေ့ည(၁၁:၃၀)နာရီခန့်တွင် ကချင်ပြည်နယ်၊ လိုင်ဇာမြို့၊ မုန်လိုင်ခတ်စစ်ဘေးရှောင်စခန်းအတွင်းသို့ စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ရှောင်စခန်းအတွင်းရှိ ကလေးငယ်(၁၀)ဦးအပါအဝင် စစ်ဘေးရှောင်ပြည်သူလူထု(၂၉)ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ(၆၀)ကျော်အထိ ရှိခဲ့ကြောင်း သိရှိခဲ့ရ၍ မိမိတို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF အနေဖြင့် လွန်စွာဝမ်းနည်းရပါသည်။

ဤသို့ စစ်ရေးပစ်မှတ်မဟုတ်ဘဲ အများပြည်သူနေထိုင်ရာ စစ်ရှောင်စခန်းကို ပစ်မှတ်ထားတိုက်ခိုက်မှုသည် လွန်စွာဆိုးရွားလှသည့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော စစ်ရာဇဝတ်မှုဖြစ်ကြောင်း မိမိတို့မှ သတ်မှတ်သည်။ ထိုကဲ့သို့ ကျူးလွန်မှုအပေါ် ပြင်းထန်စွာရှုံ့ချကြောင်းနှင့် နိုင်ငံတကာမှလည်း ယခုလုပ်ရပ်အား ထိရောက်စွာအရေးယူနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းတောင်းဆိုအပ်ပါသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF


Leave a Reply

Your email address will not be published. Required fields are marked *