၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး၊ မေလ (၁၉) ရက်နေ့မှ ဒီဇင်ဘာလ(၃၁) ရက်နေ့အထိ တိုက်ပွဲပေါင်း (၁၃၀) ကျော်ဖြစ်ပွါးခဲ့သည့် အနက် KNDF မှ ပါဝင်ဦးဆောင်တိုက်ခိုက်သော တိုက်ပွဲပေါင်း မှာ (၈၁) ကြိမ်ရှိခဲ့ပါသည်။
ထိုတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ သေဆုံးသူ (၂၄၉) ဦးရှိပြီး ဒဏ်ရာရသူ (၁၄၉) ဦးရှိပါသည်။
KNDF မှ ဒဏ်ရာရသူ (၂၄) ဦးရှိခဲ့ပြီး၊ တိုက်ပွဲအတွင်းကျဆုံးသူမှာ (၁၃) ဦးရှိခဲ့ပါသည်။ အရပ်သားပြည်သူများ သေဆုံးမှုမှာ (၁၄၆) ဦးအထိရှိခဲ့ပါသည်။
KNDF တွင် တပ်ရင်း (၁၈) ရှိပြီး၊ (၁၆) ရင်းကို တင်းပြည့်ကျပ်ပြည့် စနစ်တကျဖွဲ့စည်းနိုင်ကာ လက်နက်များတပ်ဆင်လျက်ရှိသည်။
KNDF သည် ကရင်နီတပ်မတော်၏ စစ်ရေးဦးဆောင်မှုကို ခံယူပြီး အခြားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အတူ ဆက်လက်၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။
အဘက်ဘက်မှကူညီအားပေး ထောက်ပံ့အားဖြည့် လှူဒါန်းပေးကြသော ပြည်သူလူထုများကို ကျေးဇူးအထူးတင်ရှိကြောင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်သည် အထိ ဆက်လက်၍ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အဓိဌာန်ပြုပါသည်။

Leave a Reply