ရက်စွဲ။ ၂၀၂၂ခုနှစ်၊ဇူလှိုင်လ (၂၄)ရက်။
အကြမ်းဖက်စစ်ကောင်စီတပ်မှ ဇူလှိုင်လ (၂၄)ရက်နေ့တွင် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများဖြစ် သော ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင်တို့အား မတရား သေဒဏ်စီရင် ပြီးကြောင်း ကြေညာခဲ့ပါသည်။
ထိုသို့ အကြမ်းဖက်စစ်ကောင်စီ၏ သေဒဏ်စီရင် သတ်ဖြတ်မှုသည် စစ်ရာဇဝတ်မှုနှင့်၊ လူသားမျိုးနွယ်များ အပေါ် ဆန့်ကျင်သော ရာဇဝတ်မှုများကို ကျူးလွန်ခြင်းဖြင့်သဖြင့် KNDF မှ ပြင်းထန်စွာ ကန့်ကွက်ရှုပ်ချ ပါသည်။
KNDFသည် အကြမ်းဖက်စစ်ကောင်စီနှင့်ရင်ဆိုင်တိုက်ခိုက်သော ကာလတစ်ရှောက်တွင် စစ်သုံ့ပန်း များ၊ စစ်ကောင်စီသတင်းပေးဒလန်နှင့် ၄င်းတို့၏ လက်ပါးစေများအား ဖမ်းစီးရမိမှုများ ရှိသော်လည်း သတ်ဖြတ်ခြင်းမရှိဘဲ ကောင်းမွန်စွာ ဖမ်းစီးထိမ်းသိမ်းထားပါသည်။
သို့သော်အကြမ်းဖက်စစ်ကောင်စီသည်ယခုကဲ့သို့ စစ်မြေပြင်တွင်သာမက နေရာမရွေး တရားမဲ့ သတ်ဖြတ်မှုများကို ကျူးလွန်သဖြင့် KNDF မှ ပြင်းထန်သော တုန့်ပြန်မှုများဖြင့် စစ်ကောင်စီတပ်များ အမြစ်ပြတ်သည်အထိ ချေမှုန်းတိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်အပ်ပါသည်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)
Leave a Reply