၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၂၀)ရက်။
၂၀၂၂ခုနှစ် ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် ကရင်နီပြည်၊ ရွာသစ်မြို့နယ်၊ ဟွေအောကျေးရွာ အနီးတွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာအဖွဲ့အစည်းများမှ အမြင့်ဆုံးအာဏာရှိထိပ်တန်းအဆင့် ခေါင်းဆောင်များ၏ ညွန်ကြားချက်အရ သတင်းအချက်အလက် အမှန်အကန်ရရှိရေး၊ စိစစ်မှတ်တမ်း ရယူခြင်းနှင့် အဖြစ်မှန်ပေါ်ပေါက်ရေးတို့အတွက် အဖြစ်မှန် ပေါ်ပေါက်ရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီး လုပ်ငန်းဆောင်ရွက်ခဲ့ရာတွင် တစ်လကျော်အတွင်း အခက်အခဲများကြားမှ ပြီးစီးအောင်မြင်စွာ ဆောင်ရွက်ခဲ့ပြီးနောက် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီး၏ ထိပ်သီးခေါင်းဆောင်များထံ အစီရင်ခံ ပေးပို့ခဲ့ပြီးဖြစ်ပါသည်။
ဤဖြစ်စဥ်ကြောင့် မိမိတို့အကြား ညီညွတ်ရေးကို မထိခိုက်စေဘဲ ဆက်လက်ထိန်းသိမ်းထားနိုင်ရေး၊ စစ်အာဏာရှင်တော်လှန်ရေး အရှိန်မြင့်တင်နိုင်ရေးနှင့် ပြည်သူလူထု၏ ထောက်ခံယိုင်းပင်းမှု မကျဆင်းစေရေးတို့အတွက် ဖြစ်စဥ်တွင် ပါဝင် ပတ်သက်သည့် တပ်ဖွဲ့ဝင်များအား သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ ချမှတ်ထားသည့် စစ်စည်းမျဥ်းဥပဒေပြဌာန်းချက်နှင့်အညီ အပြစ်ပေး အရေးယူမှုများကို အချိန်နှင့် တပြေးညီ ဆောင်ရွက်သွားမည်။
သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် (၁) စိုးရိမ်မှုများမဖြစ်ကြရန် (၂) ကောလဟလများကိုမယုံကြရန် (၃)သွေးခွဲသပ်လျိုမှုများကို တော်လှန်ရေး အသိဖြင့် အထူးသတိထားကြရန် (၄) ပြည်သူတစ်ရပ်လုံးအနေဖြင့် တော်လှန်ရေးကို ဆက်လက်ထောက်ခံအားပေးကူညီကြပါရန်၊ (၅)လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ အနေဖြင့် ပြည်သူများနှင့်အတူ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးကို အတူတကွ အဆုံးထိ ဆက်လက်ပါဝင် သွားကြမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။
- ကရင်နီပြည်တပ်မတော်(KA)
- KNDF
- ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(KNPLF)
Leave a Reply