• ထီးသော်ကူးကျေးရွာရှိ ဘုရားရှိခိုးကျောင်းအား စစ်ကောင်စီမှ တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း။

    ထီးသော်ကူးကျေးရွာရှိ ဘုရားရှိခိုးကျောင်းအား စစ်ကောင်စီမှ တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း။

    ၂၀၂၃ ခုနှစ် ၊ သြဂုတ်လ (၁၈)ရက်။  ကရင်နီပြည်နယ် ၊ ဖရူဆိုမြို့နယ် ထီးသော်ကူးကျေးရွာရှိ ဘုရားရှိခိုးကျောင်းအား သြဂုတ်လ (၁၂) ရက်နေ့ ည (၈)နာရီအချိန်ခန့်တွင် စစ်ကောင်စီမှ တိုက်လေယာဥ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။  ထီးသော်ကူးကျေးရွာအနီး စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်နှင့် မိမိတို့ ကရင်နီပူးပေါင်းတပ်များအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအပြီး တိုက်ပွဲပြန်လည်ငြိမ်သက်ချိန်တွင် စစ်ကောင်စီမှ  တိုက်ပွဲနှင့် သက်ဆိုင်ခြင်းမရှိသော ကျေးရွာအတွင်းရှိ “သနားခြင်းမယ်တော်” ဘုရားကျောင်းအား တိုက်လေယာဥ်တစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဘုရားကျောင်းအဆောက်အဦအပြင် ဘုရားကျောင်းဝန်း အတွင်းရှိ အခြားအဆောက်အဦများ အပါအဝင် ခြံစည်းရိုးအုတ်တံတိုင်းများလည်း ထိခိုက်ပျက်ဆီးခဲ့ရပါသည်။မြေပြင်စစ်ရေးအခြေနေအရ ယခုအချိန်မှသာ မှတ်တမ်းယူ ထုတ်ပြန်ပေးရခြင်း ဖြစ်ပါသည်။  ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ တပ်မ (၅၅) လက်အောက်ခံတပ်ရင်းများနှင့် မိမိတို့ ကရင်နီပူးပေါင်းတပ်များအကြား သြဂုတ်လ (၂)ရက်နေ့မှစ၍  (၁၄) ရက်နေ့အထိ ထွေလီဗီလာကျေးရွာ ၊ ငွေတောင်ရွာသစ်ကျေးရွာ ၊ ကဒါးလားကျေးရွာ ၊ ထီးသော်ကူး ကျေးရွာများ တစ်လျှောက်တွင် ထိတွေ့တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ပါသည်။  အထက်ဖော်ပြပါ တိုက်ပွဲဖြစ်ပွားခဲ့သော နေရာများတွင် လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေဆဲ ဖြစ်ကာ အချိန်မရွေး ထိတွေ့မှုဖြစ်နိုင်၍ မိဘပြည်သူများအနေဖြင့် ဒီးမော့ဆို-ဖရူဆို လမ်းမကြီးတစ်လျှောက် ဖြတ်သန်းသွားခြင်းမပြုလုပ်ကြရန်နှင့် စစ်ရေးသတိရှိစွာသွားလာနေထိုင် ပေးကြပါရန် တိုက်တွန်းအပ်ပါသည်။ KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန။

    August 18, 2023

  • (၇၅)နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF ၏ သဝဏ်လွှာ။

    (၇၅)နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF ၏ သဝဏ်လွှာ။

    August 9, 2023

  • ဇူလိုင်လ တစ်လတာ စစ်ရေးသတင်းအနှစ်ချုပ် ထုတ်ပြန်ခြင်း

    ဇူလိုင်လ တစ်လတာ စစ်ရေးသတင်းအနှစ်ချုပ် ထုတ်ပြန်ခြင်း

    စာအမှတ် – KNDF/၁/၂၀၂၃(၀၁၈)၂၀၂၃ ခုနှစ် ၊ သြဂုတ်လ(၅)ရက်။ ၂၀၂၃ခုနှစ်၊ ဇွန်လအတွင်း အကြမ်းစစ်ကောင်စီတပ်သည် မယ်စဲ့မြို့နယ်ရှိတပ်စခန်းများနှင့် နယ်စပ်စခန်းများအား လက်လွတ်ဆုံးရုံးခဲ့ရသည့်နောက် ကရင်နီပြည်အတွင်းသို့ စစ်ဆင်ရေးအရှိန်မြင့်တင်ရန်အတွက် လူသူလက်နက်ခဲယမ်းနှင့် စက်သွယ်ရေးစက်များပါဝင်သော စစ်ကား အစီး(၁၀၀)ကျော်ပါ ယာဥ်တန်းကို လွိုင်ကော်မြို့နယ်အတွင်းသို့ ဝင်ရောက်အားဖြည့်ခဲ့ပါသည်။ ကရင်နီပြည်အတွင်း စစ်မျက်နှာအသီးသီးတွင် စစ်ကောင်စီတပ်သည် အထိနာလျက်ရှိပြီး လက်နက်ခဲယမ်း ရိက္ခာနှင့် တပ်အင်အားဖြည့်တင်းနိုင်ရန် စစ်ကောင်စီမှ အပြင်းအထန် ကြိုးစားနေပါသည်။ ဇူလိုင်လ တတိယအပတ်မှစ၍ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်မှ ဖယ်ခုံမြို့နယ်ကို ဖြတ်၍ လွိုင်ကော်မြို့နယ်သို့ ဝင်လာသော စစ်ကောင်စီ၏ ထောက်ပို့စစ်ယာဥ်တန်းအား လွိုင်ကော်မြို့အနီးတွင် ကရင်နီ ပူးပေါင်းတပ်ဖွဲ့များကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ စစ်ကား(၃)စီး ပျက်စီးခဲ့ပါသည်။ ထို့အတူ အဆိုပါယာဥ်တန်း များအား လုံခြုံရေးယူပေးရန်အတွက် လွိုင်ကော်မြို့မှ ထွက်လာသော စစ်ကောင်စီလှုပ်ရှားတပ်များကို ကရင်နီ…

    August 5, 2023

  • လွိုင်ကော် -မိုးဗြဲ လမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲသတင်းထုတ်ပြန်ခြင်း ။

    လွိုင်ကော် -မိုးဗြဲ လမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲသတင်းထုတ်ပြန်ခြင်း ။

    စာအမှတ် – KNDF/၁/၂၀၂၃(၀၁၇)၂၀၂၃ ခုနှစ် ၊ ဇူလိုင်လ (၃၁)ရက်။ ကရင်နီပြည်၏ အဓိက အဝင်အထွက် လမ်းမကြီးတစ်ခုဖြစ်သော လွိုင်ကော် – မိုးဗြဲ လမ်းမကြီး တစ်လျှောက်တွင် ဇူလိုင်လ (၂၀) ရက်နေ့မှစ၍ စစ်ကောင်စီမှ စစ်ကြောင်းထိုးခြင်း ၊ စစ်ယာဥ်တန်းများဖြင့် အင်အားဖြည့်ဝင်ရောက်ခြင်းများ လုပ်ဆောင်ခဲ့သဖြင့် မိမိတို့ ကရင်နီပူးပေါင်းတပ်များနှင့် ဇူလိုင်လ (၂၈) ရက်နေ့ထိ အထက်ပါ လမ်းမကြီးတစ်လျှောက်တွင် ထိတွေ့တိုက်ပွဲ များဖြစ်ပွားခဲ့ပါသည်။ ဇူလိုင်လ (၂၄) ရက်နေ့ နှင့် (၂၅) ရက် နှစ်ရက်တာအတွင်း လွိုင်ကော်မြို့အထွက် မော်ချီးစုစည်းကျေးရွာ ဖက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များ နှင့် မိုးဗြဲဖက်မှ စစ်ယာဥ်တန်းကားများဖြင့် လွိုင်ကော်ဖက်သို့ ဝင်ရောက် ခဲ့သော စစ်ကောင်စီတပ်ဖွဲ့များအား KA၊ KNDF…

    July 31, 2023

  • ဇွန်လ (၁)လတာ တိုက်ပွဲသတင်းအနှစ်ချုပ် ထုတ်ပြန်ခြင်း။

    ဇွန်လ (၁)လတာ တိုက်ပွဲသတင်းအနှစ်ချုပ် ထုတ်ပြန်ခြင်း။

    စာအမှတ် – KNDF/၁/၂၀၂၃ (၀၁၆)၂၀၂၃ခုနှစ်၊ ဇူလိုင်လ၊ (၅)ရက်။ ဇွန်လ တစ်လတာအတွင်း ကရင်နီပြည်နယ်တွင် လွိုင်ကော်၊ ဒီးမော့ဆို နှင့် ရှားတောတို့တွင် တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့ပြီး၊ မယ်စဲ့၊ ဖားဆောင်း နှင့် ရွာသစ်မြို့နယ်များတွင် ထိတွေ့တိုက်ပွဲများပြင်းထန်ခဲ့ကာ၊ ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ နှင့် ဖယ်ခုံတို့တွင်လည်း ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပါသည်။ ဇွန်လ(၅)ရက်နေ့မှစ၍ မိုးဗြဲမြို့အတွင်းသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်ခဲ့ကာ မြို့တွင်း နေရာအနှံ့တပ်စွဲခဲ့သော စစ်ကောင်စီတပ်ဖွဲ့များအား မိမိတို့ KNDF နှင့်အတူ မိုးဗြဲPDF၊ လွိုင်ကော်PDF၊ URF တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ပြီး တစ်လတာအတွင်း တိုက်ပွဲပေါင်း(၆)ကြိမ်ကျော် ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်(၂၀)ကျော် သေဆုံးခဲ့ ပါသည်။ ထို့အတူ ဖယ်ခုံမြို့နယ်အတွင်းရှိ နေရာတချို့တွင်လည်း ထိတွေ့တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့သလို မိုးဗြဲမြို့နယ် နှင့် ဖယ်ခုံမြို့နယ်အတွင်းသို့…

    July 5, 2023

  • ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ/KNPLF) ၏ တော်လှန်ရေးသမိုင်းစာမျက်နှာသစ် အား ကြိုဆိုဂုဏ်ပြုကြောင်း ထုတ်ပြန်ကြေညာချက်

    ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ/KNPLF) ၏ တော်လှန်ရေးသမိုင်းစာမျက်နှာသစ် အား ကြိုဆိုဂုဏ်ပြုကြောင်း ထုတ်ပြန်ကြေညာချက်

    (၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁ ရက်) ၁၉၇၈ ခုနှစ်တွင် စတင်ဖွဲ့စည်းပြီး ၁၉၉၄ ခုနှစ်တွင် အပစ်အခတ်ရပ်စဲကာ ၂၀၀၉ ခုနှစ်တွင် နယ်ခြားစောင့်တပ်(BGF)အဖြစ် အသွင် ပြောင်းလဲခဲ့ရ ပြီးနောက် ယနေ့(၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁ရက်)တွင် ပြည်သူအား မတရားဖိနှိပ်သည့် အာဏာသိမ်းစစ်ကောင်စီကို ပြန်၍တွန်းလှန်တိုက်ခိုက်ပြီဖြစ်ကြောင်း KNPLF (ကလလတ) မှ တရားဝင်ထုတ်ပြန်ကြေညာသည်ကို ဝမ်းမြောက်စွာ ကြိုဆိုအပ်ပါသည်။ ၂၀၂၃ ခုနှစ် ဇွန်လ ၁၃ ရက်နေ့မှစ၍ KNPLF/ကလလတ မှ ပါဝင်ဆင်နွဲခဲ့သည့် ကရင်နီပြည် မယ်စဲ့မြို့နယ် တိုက်ပွဲများသည် နွေဦးတော်လှန်ရေး နှင့် မြန်မာပြည်တဝန်းလုံး၏ နိုင်ငံရေးဖြစ်စဉ်အား အချိုးအကွေ့တခု၊ ခွန်အားတခု ဖြစ်စေခဲ့ပါသည်။ နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်း ထားရသည့် BGF (၁၀၀၄…

    July 4, 2023

  • KNDF’S 2 Years Annual Conflict Report

    KNDF’S 2 Years Annual Conflict Report

    KNDF/1/2023 (015)Date: 5th of June, 2023. From 31st May of 2021, during the two years of Karenni Nationalities Defense Force’s establishment, 6 Strategy Units and 22 battalions were formed, deployed all over the Karenni State and Southern Regions of Shan State; are defending our people against SAC’s terrorist military troops.Over (1000) battles have occurred and…

    June 5, 2023

  • KNDF ဖွဲ့စည်းတည်ထောင်ခြင်း (၂) နှစ်ပြည့် စစ်ရေး သတင်းအချက်အလက်များထုတ်ပြန်ခြင်း

    KNDF ဖွဲ့စည်းတည်ထောင်ခြင်း (၂) နှစ်ပြည့် စစ်ရေး သတင်းအချက်အလက်များထုတ်ပြန်ခြင်း

    စာအမှတ် – KNDF/၁/၂၀၂၃ (၀၁၅)၂၀၂၃ ခုနှစ် ၊ ဇွန်လ(၅)ရက်။​​ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) ဖွဲ့စည်းတည်ထောင်ခဲ့သည့် ၂၀၂၁ခုနှစ်၊ မေလ( ၃၁ ) ရက်နေ့မှစ၍ ( ၂ ) နှစ်တာကာလအတွင်း စစ်ဗျူဟာ ( ၆ ) ဗျူဟာဖြင့် တပ်ရင်း ( ၂၂ ) ရင်း အခိုင်အမာဖွဲ့စည်းနိုင်ခဲ့ပြီး ကရင်နီပြည်တစ်ဝှမ်းရှိ မြို့နယ်အသီးသီးနှင့် ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်များတွင် တပ်ဖြန့်လှုပ်ရှားလျက်ရှိကာ အကြမ်းဖက်စစ်ကောင်စီတပ်များအား ခုခံတိုက်ခိုက်လျက်ရှိပါသည်။ ကရင်နီပြည်တစ်ဝှမ်းတွင် ၂၀၂၁ခုနှစ်၊ မေလ မှစ၍ တိုက်ပွဲပေါင်း (၁,၀၀၀)ကျော် ဖြစ်ပွားခဲ့ပြီး KNDF နှင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ အကြမ်းဖက်စစ်ကောင်စီတပ်သား (၂,၀၆၅) ကျော်ကို သုတ်သင်နိုင်ခဲ့ပါသည်။ ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်သား ( ၄၁)…

    June 5, 2023

  • ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တည်ထောင်ခြင်း (၂)နှစ်ပြည့် အတွက် မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R. D. A) မှ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ ။

    ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တည်ထောင်ခြင်း (၂)နှစ်ပြည့် အတွက် မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R. D. A) မှ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ ။

    June 1, 2023

  • ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တည်ထောင်ခြင်း (၂)နှစ်ပြည့်အထိမ်းအမှတ် ​အတွက် Dove KK မှပေးပ်ို့သော ဂုဏ်ပြု သဝဏ်လွှာ။

    ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်  (KNDF) တည်ထောင်ခြင်း (၂)နှစ်ပြည့်အထိမ်းအမှတ် ​အတွက် Dove KK မှပေးပ်ို့သော ဂုဏ်ပြု သဝဏ်လွှာ။

    May 31, 2023

←Previous Page
1 … 5 6 7 8 9 … 15
Next Page→