စာအမှတ် – KNDF/၁/၂၀၂၃ (၀၀၉) ၂၀၂၃ ခုနှစ် ၊ ဧပြီလ (၃)ရက်။ ၂၀၂၃ခုနှစ်၊ မတ်လ တစ်လတာကာလအတွင်း ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဘောလခဲမြို့နယ်နှင့် ဖားဆောင်း မြို့နယ် နှင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လောင်း၊ ဖယ်ခုံမြို့နယ် များသို့ စစ်ကောင်စီတပ်မှ စစ်မျက်နှာပြင်(၅)ခု ဖွင့်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ ပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းအားစစ်မျက်နှာစာနှစ်ဖက်ညှပ်၍ လွိုင်ကော်မြို့နယ် နှင့် ဘောလခဲ မြို့နယ်တို့ဘက်မှ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါသည်။ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းသို့ လွိုင်ကော်မြို့နယ်မှစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းအား KA၊KNDF ဗျူဟာ(၆) မှ တပ်ရင်းတစ်ခုဖြစ်သည့် KNDF/B09 နှင့် KNDF ဗျူဟာ(၄) မှ တပ်ရင်းများဖြစ်သော KNDF/B01၊KNDF/B05၊ KNDF/B06၊ KNDF/B07 နှင့် KNDF-ETD တို့မှ ခုခံတိုက်ခိုက်လျက်ရှိပြီး တနီးလားလဲ နှင့် ဒေါတငူးကျေးရွာအနီးတို့တွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပါသည်။ ထို့အပြင် ဘောလခဲမှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းများအား ဒေါတမကြီး၊ ဒေါညင်းခူ နှင့် ဒေါဆိုဖျကျေးရွာအနီးတဝိုက်တို့တွင် ကရင်နီတပ်မတော်(KA)၊KNDF/B04၊ KNDF/B10၊ KNDF/B15၊ KNDF/B16၊ KNDF-ETD နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်ရင်းများမှ ခုခံတိုက်ခိုက်ခဲ့ ပါသည်။ ပင်လောင်းမြို့နယ် နှင့် ဖယ်ခုံမြို့နယ်တို့တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီစစ်ကြောင်းအား KA၊ KNDF/B03၊KNDF/B11၊ KNDF/B22 နှင့် ဒေသခံကာကွယ်ရေးတပ်များဖြစ်ကြသော Pekhon-PDF၊ Mobye-PDF၊ DMO-PDF၊ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် (PNDF) နှင့် အခြားမဟာမိတ်တပ်ဖွဲ့များပူးပေါင်း၍ တိုက်ခိုက်လျက်ရှိပါသည်။ လွိုင်ကော်မြို့နယ် နှင့် မိုးဗြဲ၊ ဖယ်ခုံမြို့နယ်များအကြား စစ်ကြောင်းထိုး လှုပ်ရှားနေသော စစ်ကောင်စီတပ်များအားKNDF/B02၊ KNDF/B03၊ KNDF/B12 နှင့် KNDF/B14 တို့မှ အခြားပြည်သူ့ကာကွယ်ရေးတပ်များနှင့်ပူးပေါင်းကာ ရင်ဆိုင်တိုက်ခိုက်ခဲ့ပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်များသည် ပင်လောင်းမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ဒီးမော့ဆိုမြို့နယ် နှင့် ဘောလခဲမြို့နယ်တို့အား စစ်ကြောင်းထိုးစဉ်တွင် ကျေးရွာများအတွင်းရှိ လူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်ခြင်း၊ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် တိုက်ခြင်းများ လုပ်ဆောင်ခဲ့ပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် နှင့် ဖယ်ခုံမြို့နယ်တို့တွင်လည်း စစ်ကောင်စီတပ်များ တပ်အင်အားဖြည့်တင်းလျက်ရှိပြီး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပါသည်။ ပင်လောင်းမြို့နယ် တောင်မဲတင်း၊ ဘောရမ်၊ နန်းနိမ်နှင့် လုံးပျဉ်ကျေးရွာများ၊ ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်းရှိ ကျေးရွာများ၊ ဖယ်ခုံမြို့အစပ် ရွှေပြည်အေးရပ်ကွက်တို့တွင်စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။ ရှမ်း-ကယား နယ်စပ်ရှိ လွိုင်ကော်မြို့ နှင့် မိုးဗြဲမြို့ကြားရှိ ဆောင်ကန်းကျေးရွာ နှင့် ကုန်းသာရွာတို့တွင် စစ်ကောင်စီတပ်မှတပ်အင်အား ဖြန့်ထားသဖြင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပါသည်။ ထို့အတူ ကယန်းသာယာစစ်ဆင်ရေးဂိတ် နှင့် လွိုင်ကော်မြို့နယ်အခြေစိုက် တပ်ရင်းများသို့ KNDF နှင့် KA တပ်ရင်းများမှ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပါသည်။ ထို့အတူဘောလခဲမြို့နယ်၊ ရေနီပေါက်ကျေးရွာဘက်သို့လည်း စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာသဖြင့် KA၊ KNDF/B21 နှင့် ဘောလခဲPDF တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ ပါသည်။ မတ်လတစ်လတာအတွင်း ကရင်နီပြည်နယ် နှင့် ရှမ်းပြည်နယ်တောင်ပိုင်း တို့တွင် တိုက်ပွဲစုစုပေါင်း (၁၀၂)ကြိမ် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား (၂၈၁)ဦး သေဆုံးကာ၊ (၈၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ တိုက်ပွဲဖြစ်ပွားသော မြို့နယ်များအား လေကြောင်းတိုက်ခိုက်မှု (၆၆)ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပင်လောင်း၊ ဖယ်ခုံနယ်စပ်တိုက်ပွဲများ နှင့် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း တိုက်ပွဲများအတွင်း အများဆုံးပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်၏ မီးရှို့မှု၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု နှင့် လေကြောင်းဖြင့်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများ၏ နေအိမ်(၂၂၈)လုံး မီးလောင်ပျက်ဆီးခဲ့ပြီး ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း(၂)ကျောင်း နှင့် စာသင်ကျောင်း(၃)ကျောင်း ထိခိုက်ပျက်ဆီးခဲ့ပါသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့်အရပ်သားပြည်သူ(၅)ဦး သေဆုံးခဲ့ရပြီး အကြမ်းဖက်စစ်ကောင်စီမှ သံဃာတော် (၃)ပါး အပါအဝင် အရပ်သားပြည်သူ(၂၅)ဦးအား ဖမ်းဆီးသတ်ဖြတ်ခဲ့ပါသည်။ ထို့အတူ လေကြောင်းပစ်ခတ်မှု နှင့် လက်နက်ကြီးထိမှန်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ(၂၉)ဦး ထိခိုက်ခဲ့ရပါသည်။ မတ်လအတွင်း စစ်ကောင်စီ နှင့် မိမိတို့ ကရင်နီပူးပေါင်းတပ်များအကြား တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်(၁၃)ဦးအား အရှင် ဖမ်းဆီးရမိခဲ့သလို စစ်ကြောင်းထိုးစဉ်အတွင်း ခလရ(၁၂)မှ ဆက်သွယ်ရေးဒုတပ်ကြပ်တစ်ဦးသည်MA-3သေနတ် တစ်လက်နှင့်တကွ မိမိတို့ထံ လာရောက်ခိုလှုံခဲ့ပါသည်။ အကြမ်းဖက်စစ်ကောင်စီမှ ကရင်နီပြည်နယ်အတွင်း လူအင်အားဖြည့်တင်းခြင်း၊ လက်နက်ခဲယမ်း နှင့် ရိက္ခာြဖည့်တင်းခြင်းများအပြင် တိုက်ပွဲအတွင်း ဒဏ်ရာရတပ်သားများအား သယ်ယူခြင်းများအတွက် စစ်သုံးရဟတ်ယာဉ်များကို အဓိကထား အသုံးပြုခဲ့ပြီး တစ်လတာအတွင်း ကရင်နီပြည်နယ်အတွင်းရှိ မြို့နယ်များသို့ ရဟတ်ယာဉ်ဖြင့် ဖြတ်ကျော်ပျံသန်းမှုအကြိမ်ရေ (၅၂)ကြိမ် နှင့်အထက် ပျံသန်းသွားလာခဲ့ပါသည်။ မတ်လတစ်လတာအတွင်း ကရင်နီပြည်နယ် နှင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ စစ်ကောင်စီတပ်များနှင့် တိုက်ခိုက်ခဲ့သည့်တိုက်ပွဲများ၌ မိမိတို့ KNDFမှ ရဲဘော်(၁၂)ဦး မြင့်မြတ်စွာကျဆုံးခဲ့ရပြီး တိုင်းပြည်အတွက်အသက်ပေးလှူခဲ့ပါသောKNDFရဲဘော်များအပါအဝင် မဟာမိတ် တပ်ဖွဲ့ များမှ ရဲဘော်များအား အာဇာနည်သူရဲကောင်းများအဖြစ် မိမိတို့ KNDF မှအစဉ်အမြဲလေးစား မှတ်တမ်းတင်အပ်ပါသည်။ မတ်လတစ်လတာအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း KNDF နှင့် မဟာမိတ်တပ်များသည် အကြမ်းဖက်စစ်ကောင်စီတပ်များ ထံမှ လက်နက်ငယ်(၅၁)လက်၊ လက်နက်ကြီး(၉)လက် နှင့် ခဲယမ်းအမြောက်အများအပါအဝင် ဆက်သွယ်ရေးစက်များကိုလည်း သိမ်းဆည်းရမိ ခဲ့ပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်များသည် ကရင်နီပြည်နယ် နှင့်ရှမ်းပြည်နယ်တောင်ပိုင်းရှိ အထက်ဖော်ပြပါနေရာဒေသများအား စစ်ကြောင်းထိုးလျက်ရှိပြီး ထိတွေ့တိုက်ပွဲများလည်းဆက်လက်ဖြစ်ပွားလျက်ရှိပါသည်။ KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန¬ ဆက်သွယ်ရန်။ ၀၉၄၅၇၂၉၆၄၈၇၊ ၀၉၇၈၉၆၆၂၄၆၀၊ ၀၉၇၅၂၇၄၇၇၃၇၊၀၉၄၂၅၅၁၇၅၉၄။
၂၀၂၃ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့။ ၂၀၂၃ ခုနှစ်၊ မတ်လ (၃၀) ရက်နေ့တွင်ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ တပ်ရင်း အမှတ် (၆) (KNDF B-06) မှ ရဲဘော် ညေးရယ်သည် အကြမ်းဖက်စစ်ကောင်စီတပ်များအား တော်လှန်တိုက်ခိုက်ရင်း ကရင်နီပြည် တစ်နေရာတွင် ဂုဏ်ရောင်ထွန်းလင်းစွာကျဆုံးခဲ့ပါသည်။ ရဲဘော် ညေးရယ် ၏ ကျဆုံးမှုအတွက် စိတ်မကောင်းခြင်းများစွာဖြင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် မှ ရဲဘော်ညေးရယ် အား အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ မိမိတို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် သည် ကျဆုံးလေပြီးသော အာဇာနည်သူရဲကောင်းများ အတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပါသည်။
စာအမှတ် – KNDF/၁/၂၀၂၃ (၀၀၈) ၂၀၂၃ ခုနှစ် ၊ မတ်လ (၃၁)ရက်။ ကရင်နီပြည်နယ် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ၊ ဒေါလျားခူကျေးရွာ အရှေ့မျက်နှာစာ ညေးဘူးခူတောင်ပေါ်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အား မတ်လ (၂၉) ရက်နေ့မှစ၍ ကရင်နီတပ်မတော် (KA) ၊ KNDF ဗျူဟာ (၃)မှ တပ်ရင်းများဖြစ်သော KNDF/B (10) ၊ KNDF/B (15) ၊ နှင့် KNDF/B (07) တို့ပူးပေါင်း၍ နှစ်ရက်တာ အပြင်းအထန် တိုက်ခိုက်ခဲ့ပါသည်။ ဒေါလျားခူကျေးရွာအနီးရှိ ညေးဘူးခူတောင်ပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ ခလရ (၂၈၇)တပ်အား KA ၊ KNDF တို့မှ မတ်လ (၂၉) ၊…
ကရင်နီတော်လှန်ရေးရဲ့ တိုက်ပွဲတွေတိုင်းမှာ KNDFရဲ့ဖောက်ခွဲရေးနှင့်ထုတ်လုပ်ရေးနည်းပညာဌာန (KNDF -ETD) လည်း အမြဲတမ်းနီးပါး ပါဝင်လျက်ရှိပါတယ်။ စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ကို တန်ပြန်ခုခံနိုင်ဖို့ လိုအပ်တဲ့ တိုက်ခိုက်ရေးပစ္စည်းတွေအားလုံးကို ဌာနအဖွဲ့သားတွေရဲ့ဥာဏ်အား၊ လုပ်အားနဲ့ ကိုယ်တိုင်ထုတ်လုပ် တပ်ဆင် တိုက်ပွဲဝင်နေတာဘဲ ဖြစ်ပါတယ်။ ဌာနအနေနဲ့ လတ်တလောမှာ တိုက်ပွဲပြင်းထန်နေတဲ့ ကရင်နီတိုက်ပွဲနယ်မြေတွေမှာ ထိရောက်စွာထောက်ကူပြု တိုက်ပွဲဝင်လျှက်ရှိပြီးတိုက်ပွဲကာလ ကြာရှည်လာတာနဲ့အမျှထုတ်လုပ်ရေးစရိတ်လိုအပ်ချက်လည်း ရှိလာတာကြောင့် ပါဝင်ထောက်ပံ့ချင်တဲ့မိဘပြည်သူများအနေဖြင့် KNDF-ETD ၏ Facebook Page တွင် ပါဝင်ထောက်ပံ့နိုင်ပါသည်။ KNDF-ETD facebook page – https://www.facebook.com/profile.php?id=100090653178391&mibextid=LQQJ4d
စာအမှတ် – KNDF/၁/၂၀၂၃ (၀၀၇) ၂၀၂၃ ခုနှစ် ၊ မတ်လ (၂၅)ရက်။ ၂၀၂၃ ခုနှစ် ၊ မတ်လ (၈)ရက်နေ့ မှစ၍ ကရင်နီပြည်နယ် ၊ ဘောလခဲမြို့ မှ ဒီးမော့ဆိုမြို့နယ် ၊ ဒေါညင်းခူ ကျေးရွာဖက်သို့ စစ်ကြောင်း (၃)ကြောင်း အင်အား (၃၃၀)ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီ စစ်ကြောင်းအား မိမိတို့ကရင်နီ ပူးပေါင်းတပ်များမှ ယနေ့ထိ ခုခံတိုက်ခိုက်နေပြီး ထိတွေ့တိုက်ပွဲများ နေ့စဥ်ပြင်းထန်ခဲ့ပါသည်။ စစ်ကောင်စီ၏ စကခ (၂) လက်အောက်ခံ တပ်ရင်း (၃)ရင်းဖြစ်သည့် ခလရ (၁၂) ၊ ခမရ (၅၁၆)၊ ခမရ (၅၁၅) တပ်ရင်းများ မှာ ဒေါညင်းခူ ၊ ဒေါဆိုဖျ ၊…
မတ်လမှစ၍ ဒေါညေးခူ၊ ဒေါတမကြီးကျေးရွာဖက်သို့ စစ်ကြောင်း (၃)ကြောင်းဖြင့် ထိုးစစ်ဆင်လာခဲ့သော အကြမ်းဖက် စစ်ကောင်စီအား ခုခံတိုက်ခိုက်နေသော တိုက်ပွဲများအတွင်း KNDF တပ်ရင်း အမှတ် (၁၀)မှ ရဲဘော် (၂)ဦးသည် တိုင်းပြည်နှင့် လူမျိုးအတွက် မြင့်မြတ်စွာ ကျဆုံးခဲ့ရပါသည်။ မိမိတို့ KNDF တပ်ရင်း အမှတ် (၁၀)၏ ရဲဘော်များဖြစ်သော ရဲဘော်ခူးဦးရယ် မှာ မတ်လ (၂၁)နေ့တိုက်ပွဲအတွင်လည်ကောင်း ၊ ရဲဘော် နိုရယ် မှာ မတ်လ (၂၂)ရက်နေ့တိုက်ပွဲတွင်လည်းကောင်း စစ်ကောင်စီအား ရဲရင့်စွာတိုက်ခိုက်ရင်း ကျဆုံးခဲ့ရပါသည်။ တိုင်းပြည်နှင့် လူမျိုးအတွက် အကြမ်းဖက်စစ်ကောင်စီအား ရဲရင့်စွာတိုက်ခိုက်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့ရသော ရဲဘော်ဦးရယ် နှင့် ရဲဘော်နိုရယ် တို့အား မိမိတို့ KNDF မှ အာဇာနည်သူရဲကောင်းအဖြစ် အစဥ်အမြဲ ဂုဏ်ယူမှတ်တမ်းတင်ထားမည်ဖြစ်သည်။
၂၀၂၃ ခုနှစ်၊ မတ်လ (၁၁-၁၂) နေ့ရက်တို့တွင် ဖယ်ခုံမြို့နယ်၊ အရှေ့ဖက်ကမ်းဒေသသို့ စစ်ကြောင်းထိုးလာသော စကစတပ်ဖွဲ့များအား KNDF တပ်ရင်းအမှတ် (၃)၊ ဖယ်ခုံ PDF တပ်ရင်း (၂) နှင့် အလယ်ပိုင်းတိုင်း PDFတို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ပါသည်။ တိုက်ပွဲတွင် စကစဖက်မှ ထိခိုက်သေဆုံးမှုများရှိပြီး မိမိတို့ပူးပေါင်းတပ်ဖွဲ့များမှ စကစ လက်နက်များကိုလည်း သိမ်းဆည်းရရှိခဲ့သည်။ ထိတွေ့တိုက်ပွဲတွင် KNDF တပ်ရင်းအမှတ် (၃) မှ ရဲဘော်နှစ်ဦး၊ ဖယ်ခုံ PDF မှ ရဲဘော်တစ်ဦး မြင့်မြတ်စွာကျဆုံးခဲ့သည်။ တိုက်ပွဲတွင်း ကျဆုံးသွားသော ရဲဘော်များအားအာဇာနည်သူရဲကောင်းအဖြစ် အသိအမှတ်ပြု အလေးပြုရင်း ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆီ ရှေ့ဆက်လျှောက်လှမ်းသွားမည်ဖြစ်သည်။
စာအမှတ် – KNDF/၁/၂၀၂၃ (၀၀၆) ၂၀၂၃ ခုနှစ် ၊ မတ်လ (၁၅)ရက်။ အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဖယ်ခုံမြို့နယ် ၊ အရှေ့ဖက်ကမ်း ကုရင်ကျေးရွာအုပ်စုအတွင်းသို့ မတ်လ (၁၁)ရက်နေ့မှစ၍ စစ်ကြောင်းထိုးလာခဲ့သဖြင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့်ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပါသည်။ ထို့နောက် မတ်လ (၁၂) ရက်တွင် ကုရင်ကျေးရွာအုပ်စု စစ်ဘေးရှောင်စခန်းအနီးသို့ ထိုးစစ်ဆင်လာသော စစ်ကောင်စီစစ်ကြောင်းမှာ စစ်ရှောင် စခန်းအတွင်း ဝင်ရောက်ပြီး စစ်ရှောင်(၈) ဦးအား ဓါးစာခံအဖြစ် ဖမ်းစီးခဲ့ပြီး (၅)ဦးကိုသာပြန်လွတ်ကာ သက်ကြီးရွယ်အို(၂)ဦး နှင့် (၇)တန်းကျောင်းသား ကလေးသူငယ် တစ်ဦးတို့အား ပြန်မလွှတ်ပဲ မီးရှို့သတ်ဖြတ်ခဲ့ပါသည်။ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ ခမရ (၄၂၃)တပ်ရင်းအား မတ်လ (၁၁)ရက်နေ့၊ နေ့လည် (၁၂)နာရီ အချိန်မှ စ၍…
စာအမှတ် – KNDF/၁/၂၀၂၃ (၀၀၄)၂၀၂၃ ခုနှစ် ၊ မတ်လ (၁၁)ရက်။အကြမ်းဖက်စစ်ကောင်စီတပ်သည် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ မှစ၍ ကရင်နီပြည်အတွင်းသို့ ပင်လောင်းမြို့နယ်၊ ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့နယ် နှင့် ဘောလခဲမြို့နယ်အသီးသီးတို့မှ စစ်မျက်နှာ (၄) ခုဖွင့်ကာ စုစုပေါင်း စစ်ကြောင်း (၁၂) ကြောင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်၏ ထိုးစစ်ဆင်မှုကြောင့် ပင်လောင်းမြို့နယ်အတွင်း (၃) ပတ်ခန့် တိုက်ပွဲများဖြစ်ပွား ပြီးနောက် ယနေ့ မတ်လ (၁၁) ရက်နေ့ ၊နေ့လည်(၁၁း၀၀) နာရီခန့်တွင် ပအိုဝ်းစစ်ရှောင်ပြည်သူများ ခှိုလှုံနေသော နမ်းနှိမ် ကျေးရွာရှိ ဘုန်ကြီးကျောင်းနှင့် နေအိမ်များကို အကြမ်းဖက်စစ်ကောင်စီတပ်မှ မီးတင်ရှို့ ဖျက်စီးခဲ့ပါသည်။အကြမ်းဖက်စစ်ကောင်စီတပ်၏ ယခုလုပ်ရပ်သည် သာသနာအားဖျက်စီးသည့်လုပ်ရပ်ဖြစ်ပြီး၊ လူမျိုးရေးခုတုံးလုပ်ကာ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပအိုဝ်းလူမျိုးများအခြား အထင်အမြင်လွဲမှားအောင်လုပ်ဆောင်သော…