• ဒေါလျားခူ နှင့် တနီးလာလဲ တောင်ပေါ်တစ်ကြော ဖြစ်ပွားခဲ့သော တိုက်ပွဲအခြေအနေ စစ်ရေးသတင်းထုတ်ပြန်ခြင်း။

    ဒေါလျားခူ နှင့် တနီးလာလဲ တောင်ပေါ်တစ်ကြော ဖြစ်ပွားခဲ့သော တိုက်ပွဲအခြေအနေ စစ်ရေးသတင်းထုတ်ပြန်ခြင်း။

    စာအမှတ် – KNDF/၁/၂၀၂၃ (၀၁၄) ၂၀၂၃ခုနှစ်၊ မေလ၊ (၂၄)ရက်။ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းရှိ တနီးလာလဲကျေးရွာတောင်ပေါ်မှ ဒေါလျားခူ ကျေးရွာ တောင်ပေါ်ဖက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့များအား မေလ (၁၄)ရက်နေ့မှစ၍ မိမိတို့ကရင်နီပူးပေါင်းတပ်များမှ တန်ပြန်ချေမှုန်းတိုက်ခိုက်ခဲ့ပါသည်။ ဒေါလျားခူကျေးရွာ၏ အရှေ့ဖက်တောင်ပေါ်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ ခမရ(၄၂၅)၊ ခမရ(၅၁၇)၊ ခလရ(၂၈၇) တပ်ရင်းများအား မေလ(၁၄)ရက်နေ့မှစ၍ ကရင်နီတပ်မတော်(KA)၊ KNDF စစ်ဗျူဟာအမှတ်(၆)၊ KNDF စစ်ဗျူ ဟာအမှတ်(၄)၊ KNDF-ETD၊ KNDF-UAV နှင့် Loikaw PDF တို့ ပူးပေါင်း၍ တန်ပြန်ထိုးစစ်ဆင်ကာ မေလ(၂၃)ရက်နေ့ အထိ ချေမှုန်းတိုက်ခိုက်ခဲ့ပါသည်။ မေလ(၁၄)ရက်နေ့မှစ၍ စစ်ကောင်စီတပ်ဖွဲ့များအား ဒေါလျားခူကျေးရွာ၏ အရှေ့ဖက်တောင်ပေါ်မှ မိမိတို့ပူးပေါင်းတပ်များမှ အပြင်းအထန် တန်ပြန်ထိုးစစ်ဆင်…

    May 24, 2023

  • အကြမ်းဖက်စစ်ကောင်စီမှ ပြည်သူ‌များနေထိုင်လျက်ရှိသော ကျေးရွာသို့ လေယာဉ်ဖြင့်ဗုံးကြဲခြင်း နှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကျူးလွန်လျက်ရှိ

    အကြမ်းဖက်စစ်ကောင်စီမှ ပြည်သူ‌များနေထိုင်လျက်ရှိသော ကျေးရွာသို့ လေယာဉ်ဖြင့်ဗုံးကြဲခြင်း နှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကျူးလွန်လျက်ရှိ

    ၂၀၂၃ခုနှစ်၊ မေလ၊ ၂၄ရက်။ ၂၃.၅.၂၀၂၃ရက်နေ့၊ ည ၉ နာရီ ၃၅ မိနစ်အချိန်တွင် အကြမ်းဖက် စစ်ကောင်စီမှ လွယ်ဝိုင်းကျေးရွာနှင့် ဟိုက်ပျက်(ခေါင်းစံ) ကျေးရွာတို့အား လေယာဉ်ဖြင့် နှစ်ကြိမ်တိုင်တိုင် (ဗုံးသီး ၂၀လုံး) ဗုံးကြဲခဲ့ပြီး၊ စခက-၇ မှလည်း တာဝေးပစ်လက်နက်ကြီးဖြင့် (၁၀)လုံး ထက်မနည်း ပစ်ခတ်ခဲ့ပါသည်။  အကြမ်းဖက်စစ်ကောင်စီ၏ အဆိုပါပစ်ခတ်မှုသည် အများပြည်သူနေထိုင်ရာ ကျေးရွာအလယ်တည့်တည့်သို့ ကျရောက်ခဲ့ပြီး အုတ်ဖြင့်ဆောက်ထားသည့် တစ်ထပ်အိမ် (၁)လုံး နှင့် ပျဉ်ထောင်အိမ် (၁)လုံး၊ စုစုပေါင်း (၂)လုံး ထိခိုက်ပျက်စီးခဲ့ပါသည်။  တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ အများပြည်သူနေထိုင်ရာကျေးရွာများသို့ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းသည် ကရင်နီပြည်နယ်တွင် အကြမ်းဖက်စစ်ကောင်စီမှ ဆက်တိုက်ကျူးလွန်နေသော လေကြောင်းတိုက်ခိုက်ခြင်းစစ်ရာဇဝတ်မှုများစွာထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး အများပြည်သူအနေဖြင့်လည်း လေကြောင်းရန်အန္တရာယ်အတွက် လိုအပ်သောကာကွယ်မှုများ ကြိုတင်ပြုလုပ်ကြပါရန် ထပ်မံတိုက်တွန်းအပ်ပါသည်။

    May 24, 2023

  • KNDF ၏ စစ်သုံ့ပန်းများအပေါ် ပြုမူဆက်ဆံခြင်းနှင့် စပ်လျဉ်း၍ ထုတ်ပြန်ချက်။

    KNDF ၏ စစ်သုံ့ပန်းများအပေါ် ပြုမူဆက်ဆံခြင်းနှင့် စပ်လျဉ်း၍ ထုတ်ပြန်ချက်။

    ရက်စွဲ ။ ။ မေလ (၁၅) ရက်၊ ၂၀၂၃ ခုနှစ်။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)သည် ပြည်သူလူထုမှ ပေါက်ဖွားလာပြီး ပြည်သူကို ညှဉ်းဆဲသတ်ဖြတ်နေသည့် အကြမ်းဖက်စစ်ကောင်စီနှင့် ရင်ဆိုင်တိုက်ခိုက်နေသော၊ ပြည်သူလူထုကို အကြမ်းဖက်စစ်ကောင်စီ ၏ ရန်မှ ကာကွယ်နေသော အဖွဲ့အစည်း ဖြစ်သည်။ KNDFသည် စနစ်ကျနသည့် မူဝါဒများ၊ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ဆောင်နေသည့်အဖွဲ့အစည်းဖြစ်ရာ KNDFမှ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကိုလည်း ဂျီနီဗာကွန်ဗန်းရှင်း/KNDF၏စစ်သုံ့ပန်းဆိုင်ရာမူဝါဒ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ KNDF သည် လူ့အခွင့်အရေးနှင့် ဆန့်ကျင်ပြီး ပြည်သူလူထုနှင့် စစ်သုံ့ပန်းများအား နှိပ်စက်ညှဉ်းပန်းခြင်းကို တားမြစ်ပြီး ပြုလုပ်သူကိုလည်း သက်ဆိုင်ရာစည်းမျဉ်းစည်းကမ်း ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သည်။ ဧပြီလ (၂၇)ရက်၊ ၂၀၂၃ ခုနှစ်တွင် ဆိုရှယ်မီဒီယာပေါ်၌ ပျံ့နှံ့လာခဲ့သည့် KNDFမှ ရဲဘော်များကစစ်သုံ့ပန်း…

    May 15, 2023

  • ဧပြီလ တစ်လတာ စစ်ရေးသတင်း အနှစ်ချုပ်ထုတ်ပြန်ချက် ။

    ဧပြီလ တစ်လတာ စစ်ရေးသတင်း အနှစ်ချုပ်ထုတ်ပြန်ချက် ။

    စာအမှတ် – KNDF/၁/၂၀၂၃(၀၁၂)၂၀၂၃ ခုနှစ် ၊ မေလ (၃)ရက်။ ​ ​ဧပြီလအတွင်း ကရင်နီပြည်နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သည် ဒီးမော့ဆိုမြို့နယ်၊ လွိုင်ကော်၊ ရှားတောမြို့နယ်၊ ဘောလခဲ-ဒီးမော့ဆိုမြို့နယ်စပ်တို့အပြင်၊ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း-ဖယ်ခုံမြို့နယ်တို့တွင် စစ်ကြောင်းများ ထိုးလျက် ရှိပြီး ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များနှင့် နေ့စဥ်နီးပါး တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ပင်လောင်း-ဖယ်ခုံမြို့နယ်စပ်၊ မိုးဗြဲ နှင့် ဒီးမော့ဆိုမြို့နယ်စစ်မျက်နှာတို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဝေဟင်မှ အသာစီးဖြင့် တိုက်လေယာဥ်များ၊ ရဟတ်ယာဥ်များအသုံးပြုကာ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သော်လည်း ၄င်းတို့သာ အထိနာလျက်ရှိ ပါသည်။​၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးအပတ်မှစ၍ ယနေ့အထိ ပင်လောင်းမြို့နယ်မှ ဖယ်ခုံမြို့နယ် အနောက် ကယန်းဒေသဘက်သို့ အကြမ်းဖက်သောနည်းလမ်းဖြင့် နယ်မြေရှင်းလင်းရန် ရည်ရွယ်ထားသော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းသည် ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာမှ စစ်ကြောင်းထိုးခဲ့ရာ တောင်မဲတင်းနှင့်…

    May 3, 2023

  • မိုးဗြဲ ၊ ဖယ်ခုံ နှင့် ပင်လောင်းမြို့နယ်၌ ဖြစ်ပွားခဲ့သည့် စစ်ရေးသတင်းထုတ်ပြန်ခြင်း ။

    မိုးဗြဲ ၊ ဖယ်ခုံ နှင့် ပင်လောင်းမြို့နယ်၌ ဖြစ်ပွားခဲ့သည့် စစ်ရေးသတင်းထုတ်ပြန်ခြင်း ။

    ၂၀၂၃ ခုနှစ် ၊ ဧပြီလ (၂၈)ရက် ။ ရှမ်းပြည်နယ် တောင်ပိုင်း ၊ ဖယ်ခုံမြို့နယ် နှင့် ပင်လောင်းမြို့နယ် အစပ်တွင် ဖေဖော်ဝါရီလ နောက်ဆုံးအပတ်မှစ၍ ထိတွေ့တိုက်ပွဲများ ယနေ့ထိ ဖြစ်ပွားနေခဲ့သလို မိုးဗြဲမြို့တွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့ပါသည်။ ဖယ်ခုံမြို့နယ် နှင့် ပင်လောင်းမြို့နယ် အစပ်ရှိ မြောက်စလုံးကျေးရွာတွင် ဝင်ရောက်တပ်စွဲထားသော စစ်ကောင်စီတပ်များအား ဧပြီလ (၂၄)ရက်နေ့ နံနက်ပိုင်းတွင် KA ၊ KNDF B/11 ၊ KNDF B/22 ၊KNDF B/03 ၊ KNDF ဗျူဟာ (၅) ၊ KNDF UAV ၊ PNDF-KK ၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) တပ်ရင်း ( ၂) ၊…

    April 28, 2023

  • စစ်ကောင်စီမှ ပြည်သူလူထုများနေထိုင်ရာ ကျေးရွာတစ်ရွာအား ပစ်မှတ်ထား၍ အကြောင်းမဲ့ လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း ။

    စစ်ကောင်စီမှ ပြည်သူလူထုများနေထိုင်ရာ ကျေးရွာတစ်ရွာအား ပစ်မှတ်ထား၍ အကြောင်းမဲ့ လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း ။

    ၂၀၂၃ ခုနှစ် ၊ ဧပြီလ (၂၅)ရက် ။ ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဖယ်ခုံမြို့နယ်အတွင်းရှိ ဒေသခံများနှင့် စစ်ဘေးရှောင် အရပ်သားများသာ ခိုလှုံနေထိုင်ကြသည့် ဆောင်းဖွေးကျေးရွာရှိ လူထုအခြေပြု ကိုယ်ထူကိုယ်ထ ဆေးပေးခန်းအား ဧပြီလ (၂၅)ရက်နေ့ နေ့လည် (၁)နာရီအချိန်တွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ ဂျက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပါသည်။ အဆိုပါ ဆောင်းဖွေးကျေးရွာမှာ တိုက်ပွဲ ဖြစ်ပွားနေသည့် နေရာဒေသမဟုတ်ဘဲ ဒေသခံရွာသားများအပြင် စစ်ဘေးရှောင်အရပ်သားများ ခိုလှုံနေထိုင်ကြသည့် နေရာသာဖြစ်ပြီး စစ်ကောင်စီမှ အကြောင်းမဲ့ ဂျက်လေယာဥ်ဖြင့် လာရောက်၍ ဗုံးကျဲ ၊ ပစ်ခက်တိုက်ခိုက်ခဲ့သောကြောင့် အရပ်သား (၃)ဦး ထိခိုက်ဒဏ်ရာရရှိကာ တစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေနေရှိပြီး ဆေးပေးခန်း အဆောက်အဦး (၂)လုံး ၊ ဆေးခန်းတွင်းရှိ…

    April 25, 2023

  • ပြည်သူလူထုသိသင့်သော တိုက်ပွဲအခြေနေများ နှင့် စစ်ရေးသတင်းထုတ်ပြန်ချက် ။

    ပြည်သူလူထုသိသင့်သော တိုက်ပွဲအခြေနေများ နှင့် စစ်ရေးသတင်းထုတ်ပြန်ချက် ။

    စာအမှတ် – KNDF/၁/၂၀၂၃ (၀၁၀)၂၀၂၃ ခုနှစ် ၊ ဧပြီလ (၂၁)ရက်။​ကရင်နီပြည်နယ် ၊ ဒီးမော့ဆိုအရှေ့ဖက်ခြမ်း ဒေါညေးခူကျေးရွာ အနီးတွင် စစ်ကြောင်းထိုး နေသော စစ်ကောင်စီတပ်ဖွဲ့များ နှင့် ကရင်နီပူးပေါင်းတပ်များအကြား ဧပြီလ (၁၆) ရက်နေ့မှစ၍ ယနေ့ အထိတွေ့တိုက်ပွဲများနေ့စဥ် ဖြစ်ပွားလျှက်ရှိပါသည်။ ဒေါညေးခူကျေးရွာ တောင်ပေါ်တွင် စစ်ကြောင်းထိုး လှုပ်ရှားနေသော စစ်ကောင်စီတပ်ဖွဲ့များအား ကရင်နီတပ်မတော် (KA)၊ KNDF/B10 ၊ KNDF/B15 ၊KND/B04၊ KNDF B/16 ၊ KNDF/B01၊ KNDF/B05၊ KNDF/B06၊ KNDF/B07၊ KNDF ETD(Drone Unit) ၊ Loikaw PDF (Drone Unit)တို့ ပူပေါင်း၍ ဧပြီလ (၁၆) ရက်နေ့မှ (၁၈) ရက်နေ့ထိ…

    April 21, 2023

  • လက်နက်သိမ်းဆည်းရရှိမှု စစ်ရေးသတင်း ထုတ်ပြန်ချက် ။

    လက်နက်သိမ်းဆည်းရရှိမှု စစ်ရေးသတင်း ထုတ်ပြန်ချက် ။

    ၂၀၂၃ ခုနှစ် ၊ ဧပြီလ (၈)ရက်။ ကရင်နီပြည်နယ် ၊ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရှိ တနီးလာလဲကျေးရွာ၏ အရှေ့ဖက် တောင်ပေါ် တစ်ကြောတွင် စစ်ကြောင်းထိုးလှုပ်ရှားနေသော စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီတပ်မတော် (KA)၊ KNDF ပူးပေါင်းတပ်များအကြား ဧပြီလ (၄)ရက်နေ့ နှင့် (၅)ရက်နေ့တို့တွင် တစ်နေကုန်နီးပါး ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပါသည်။ တနီးလာလဲကျေးရွာ အရှေ့ဖက်တောင်ကြောပေါ်တွင် စစ်ကြောင်းထိုး လှုပ်ရှားနေသော စစ်ကောင်စီ၏တပ်များအား ကရင်နီတပ်မတော် (KA )၊ KNDF ဗျူဟာ (၆)တပ်ရင်းဖြစ်သည့် KNDF B/09 ၊ KNDF ဗျူဟာ (၄) တပ်ရင်းများ ဖြစ်သည့် KNDF B/01 ၊ KNDF B/05 ၊ KNDF B/06 ၊ KNDF B/07…

    April 8, 2023

  • ၂၀၂၃ခုနှစ်၊ မတ်လ တစ်လတာ စစ်ရေးသတင်းအနှစ်ချုပ် ထုတ်ပြန်ချက်

    ၂၀၂၃ခုနှစ်၊ မတ်လ တစ်လတာ စစ်ရေးသတင်းအနှစ်ချုပ် ထုတ်ပြန်ချက်

    စာအမှတ် – KNDF/၁/၂၀၂၃ (၀၀၉) ၂၀၂၃ ခုနှစ် ၊ ဧပြီလ (၃)ရက်။ ၂၀၂၃ခုနှစ်၊ မတ်လ တစ်လတာကာလအတွင်း ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဘောလခဲမြို့နယ်နှင့် ဖားဆောင်း မြို့နယ် နှင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လောင်း၊ ဖယ်ခုံမြို့နယ် များသို့ စစ်ကောင်စီတပ်မှ စစ်မျက်နှာပြင်(၅)ခု ဖွင့်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ ပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းအားစစ်မျက်နှာစာနှစ်ဖက်ညှပ်၍ လွိုင်ကော်မြို့နယ် နှင့် ဘောလခဲ မြို့နယ်တို့ဘက်မှ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါသည်။ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းသို့ လွိုင်ကော်မြို့နယ်မှစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းအား KA၊KNDF ဗျူဟာ(၆) မှ တပ်ရင်းတစ်ခုဖြစ်သည့် KNDF/B09 နှင့် KNDF ဗျူဟာ(၄) မှ တပ်ရင်းများဖြစ်သော KNDF/B01၊KNDF/B05၊ KNDF/B06၊ KNDF/B07 နှင့် KNDF-ETD တို့မှ ခုခံတိုက်ခိုက်လျက်ရှိပြီး တနီးလားလဲ နှင့် ဒေါတငူးကျေးရွာအနီးတို့တွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပါသည်။ ထို့အပြင် ဘောလခဲမှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းများအား ဒေါတမကြီး၊ ဒေါညင်းခူ နှင့် ဒေါဆိုဖျကျေးရွာအနီးတဝိုက်တို့တွင် ကရင်နီတပ်မတော်(KA)၊KNDF/B04၊ KNDF/B10၊ KNDF/B15၊ KNDF/B16၊ KNDF-ETD နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်ရင်းများမှ ခုခံတိုက်ခိုက်ခဲ့ ပါသည်။ ပင်လောင်းမြို့နယ် နှင့် ဖယ်ခုံမြို့နယ်တို့တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီစစ်ကြောင်းအား KA၊ KNDF/B03၊KNDF/B11၊ KNDF/B22 နှင့် ဒေသခံကာကွယ်ရေးတပ်များဖြစ်ကြသော Pekhon-PDF၊ Mobye-PDF၊ DMO-PDF၊ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် (PNDF) နှင့် အခြားမဟာမိတ်တပ်ဖွဲ့များပူးပေါင်း၍ တိုက်ခိုက်လျက်ရှိပါသည်။ လွိုင်ကော်မြို့နယ် နှင့် မိုးဗြဲ၊ ဖယ်ခုံမြို့နယ်များအကြား စစ်ကြောင်းထိုး လှုပ်ရှားနေသော စစ်ကောင်စီတပ်များအားKNDF/B02၊ KNDF/B03၊ KNDF/B12 နှင့် KNDF/B14 တို့မှ အခြားပြည်သူ့ကာကွယ်ရေးတပ်များနှင့်ပူးပေါင်းကာ ရင်ဆိုင်တိုက်ခိုက်ခဲ့ပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်များသည် ပင်လောင်းမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ဒီးမော့ဆိုမြို့နယ် နှင့် ဘောလခဲမြို့နယ်တို့အား စစ်ကြောင်းထိုးစဉ်တွင် ကျေးရွာများအတွင်းရှိ လူနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်ခြင်း၊ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် တိုက်ခြင်းများ လုပ်ဆောင်ခဲ့ပါသည်။ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ် နှင့် ဖယ်ခုံမြို့နယ်တို့တွင်လည်း စစ်ကောင်စီတပ်များ တပ်အင်အားဖြည့်တင်းလျက်ရှိပြီး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပါသည်။ ပင်လောင်းမြို့နယ် တောင်မဲတင်း၊ ဘောရမ်၊ နန်းနိမ်နှင့် လုံးပျဉ်ကျေးရွာများ၊ ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်းရှိ ကျေးရွာများ၊ ဖယ်ခုံမြို့အစပ် ရွှေပြည်အေးရပ်ကွက်တို့တွင်စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။ ရှမ်း-ကယား နယ်စပ်ရှိ လွိုင်ကော်မြို့ နှင့် မိုးဗြဲမြို့ကြားရှိ ဆောင်ကန်းကျေးရွာ နှင့် ကုန်းသာရွာတို့တွင် စစ်ကောင်စီတပ်မှတပ်အင်အား ဖြန့်ထားသဖြင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပါသည်။ ထို့အတူ ကယန်းသာယာစစ်ဆင်ရေးဂိတ် နှင့် လွိုင်ကော်မြို့နယ်အခြေစိုက် တပ်ရင်းများသို့ KNDF နှင့် KA တပ်ရင်းများမှ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပါသည်။ ထို့အတူဘောလခဲမြို့နယ်၊ ရေနီပေါက်ကျေးရွာဘက်သို့လည်း စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာသဖြင့် KA၊ KNDF/B21 နှင့် ဘောလခဲPDF တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ ပါသည်။ မတ်လတစ်လတာအတွင်း ကရင်နီပြည်နယ် နှင့် ရှမ်းပြည်နယ်တောင်ပိုင်း တို့တွင် တိုက်ပွဲစုစုပေါင်း (၁၀၂)ကြိမ် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား (၂၈၁)ဦး သေဆုံးကာ၊ (၈၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ တိုက်ပွဲဖြစ်ပွားသော မြို့နယ်များအား လေကြောင်းတိုက်ခိုက်မှု (၆၆)ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပင်လောင်း၊ ဖယ်ခုံနယ်စပ်တိုက်ပွဲများ နှင့် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း တိုက်ပွဲများအတွင်း အများဆုံးပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်၏ မီးရှို့မှု၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု နှင့် လေကြောင်းဖြင့်ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများ၏ နေအိမ်(၂၂၈)လုံး မီးလောင်ပျက်ဆီးခဲ့ပြီး ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း(၂)ကျောင်း နှင့် စာသင်ကျောင်း(၃)ကျောင်း ထိခိုက်ပျက်ဆီးခဲ့ပါသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့်အရပ်သားပြည်သူ(၅)ဦး သေဆုံးခဲ့ရပြီး အကြမ်းဖက်စစ်ကောင်စီမှ သံဃာတော် (၃)ပါး အပါအဝင် အရပ်သားပြည်သူ(၂၅)ဦးအား ဖမ်းဆီးသတ်ဖြတ်ခဲ့ပါသည်။ ထို့အတူ လေကြောင်းပစ်ခတ်မှု နှင့် လက်နက်ကြီးထိမှန်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ(၂၉)ဦး ထိခိုက်ခဲ့ရပါသည်။ မတ်လအတွင်း စစ်ကောင်စီ နှင့် မိမိတို့ ကရင်နီပူးပေါင်းတပ်များအကြား တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်(၁၃)ဦးအား အရှင် ဖမ်းဆီးရမိခဲ့သလို စစ်ကြောင်းထိုးစဉ်အတွင်း ခလရ(၁၂)မှ ဆက်သွယ်ရေးဒုတပ်ကြပ်တစ်ဦးသည်MA-3သေနတ် တစ်လက်နှင့်တကွ မိမိတို့ထံ လာရောက်ခိုလှုံခဲ့ပါသည်။ အကြမ်းဖက်စစ်ကောင်စီမှ ကရင်နီပြည်နယ်အတွင်း လူအင်အားဖြည့်တင်းခြင်း၊ လက်နက်ခဲယမ်း နှင့် ရိက္ခာြဖည့်တင်းခြင်းများအပြင် တိုက်ပွဲအတွင်း ဒဏ်ရာရတပ်သားများအား သယ်ယူခြင်းများအတွက် စစ်သုံးရဟတ်ယာဉ်များကို အဓိကထား အသုံးပြုခဲ့ပြီး တစ်လတာအတွင်း ကရင်နီပြည်နယ်အတွင်းရှိ မြို့နယ်များသို့ ရဟတ်ယာဉ်ဖြင့် ဖြတ်ကျော်ပျံသန်းမှုအကြိမ်ရေ (၅၂)ကြိမ် နှင့်အထက် ပျံသန်းသွားလာခဲ့ပါသည်။ မတ်လတစ်လတာအတွင်း ကရင်နီပြည်နယ် နှင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ စစ်ကောင်စီတပ်များနှင့် တိုက်ခိုက်ခဲ့သည့်တိုက်ပွဲများ၌ မိမိတို့ KNDFမှ ရဲဘော်(၁၂)ဦး မြင့်မြတ်စွာကျဆုံးခဲ့ရပြီး တိုင်းပြည်အတွက်အသက်ပေးလှူခဲ့ပါသောKNDFရဲဘော်များအပါအဝင် မဟာမိတ် တပ်ဖွဲ့ များမှ ရဲဘော်များအား အာဇာနည်သူရဲကောင်းများအဖြစ် မိမိတို့ KNDF မှအစဉ်အမြဲလေးစား မှတ်တမ်းတင်အပ်ပါသည်။ မတ်လတစ်လတာအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း KNDF နှင့် မဟာမိတ်တပ်များသည် အကြမ်းဖက်စစ်ကောင်စီတပ်များ ထံမှ လက်နက်ငယ်(၅၁)လက်၊ လက်နက်ကြီး(၉)လက် နှင့် ခဲယမ်းအမြောက်အများအပါအဝင် ဆက်သွယ်ရေးစက်များကိုလည်း သိမ်းဆည်းရမိ ခဲ့ပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်များသည် ကရင်နီပြည်နယ် နှင့်ရှမ်းပြည်နယ်တောင်ပိုင်းရှိ အထက်ဖော်ပြပါနေရာဒေသများအား စစ်ကြောင်းထိုးလျက်ရှိပြီး ထိတွေ့တိုက်ပွဲများလည်းဆက်လက်ဖြစ်ပွားလျက်ရှိပါသည်။ KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန¬ ဆက်သွယ်ရန်။ ၀၉၄၅၇၂၉၆၄၈၇၊ ၀၉၇၈၉၆၆၂၄၆၀၊ ၀၉၇၅၂၇၄၇၇၃၇၊၀၉၄၂၅၅၁၇၅၉၄။

    April 4, 2023

  • KNDF/B-06 မှ ရဲဘော်ညေးရယ်၏ ဈာပနကျင်းပပြုလုပ်

    KNDF/B-06 မှ ရဲဘော်ညေးရယ်၏ ဈာပနကျင်းပပြုလုပ်

    ၂၀၂၃ ခုနှစ်၊ ​ဧပြီလ (၁) ရက်နေ့။ ၂၀၂၃ ခုနှစ်၊ မတ်လ (၃၀) ရက်နေ့တွင်ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ တပ်ရင်း အမှတ် (၆) (KNDF B-06) မှ ရဲဘော် ​​ညေးရယ်သည် အကြမ်းဖက်စစ်​ကောင်စီတပ်များအား တော်လှန်တိုက်ခိုက်ရင်း ကရင်နီပြည် တစ်နေရာတွင် ဂုဏ်ရောင်ထွန်းလင်းစွာကျဆုံးခဲ့ပါသည်။ ရဲဘော် ​ညေးရယ် ​၏ ကျဆုံးမှုအတွက် စိတ်မကောင်းခြင်းများစွာဖြင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် မှ ရဲဘော်ညေးရယ် အား အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ မိမိတို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် သည် ကျဆုံးလေပြီးသော အာဇာနည်သူရဲကောင်းများ အတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပါသည်။

    April 2, 2023

←Previous Page
1 … 7 8 9 10 11 … 15
Next Page→