ရက်စွဲ။ ၂၀၂၂ခုနှစ်၊ဇူလှိုင်လ (၂၄)ရက်။ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဇူလှိုင်လ (၂၄)ရက်နေ့တွင် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများဖြစ် သော ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုအောင်သူရဇော်နှင့် ကိုလှမျိုးအောင်တို့အား မတရား သေဒဏ်စီရင် ပြီးကြောင်း ကြေညာခဲ့ပါသည်။ထိုသို့ အကြမ်းဖက်စစ်ကောင်စီ၏ သေဒဏ်စီရင် သတ်ဖြတ်မှုသည် စစ်ရာဇဝတ်မှုနှင့်၊ လူသားမျိုးနွယ်များ အပေါ် ဆန့်ကျင်သော ရာဇဝတ်မှုများကို ကျူးလွန်ခြင်းဖြင့်သဖြင့် KNDF မှ ပြင်းထန်စွာ ကန့်ကွက်ရှုပ်ချ ပါသည်။KNDFသည် အကြမ်းဖက်စစ်ကောင်စီနှင့်ရင်ဆိုင်တိုက်ခိုက်သော ကာလတစ်ရှောက်တွင် စစ်သုံ့ပန်း များ၊ စစ်ကောင်စီသတင်းပေးဒလန်နှင့် ၄င်းတို့၏ လက်ပါးစေများအား ဖမ်းစီးရမိမှုများ ရှိသော်လည်း သတ်ဖြတ်ခြင်းမရှိဘဲ ကောင်းမွန်စွာ ဖမ်းစီးထိမ်းသိမ်းထားပါသည်။သို့သော်အကြမ်းဖက်စစ်ကောင်စီသည်ယခုကဲ့သို့ စစ်မြေပြင်တွင်သာမက နေရာမရွေး တရားမဲ့ သတ်ဖြတ်မှုများကို ကျူးလွန်သဖြင့် KNDF မှ ပြင်းထန်သော တုန့်ပြန်မှုများဖြင့် စစ်ကောင်စီတပ်များ အမြစ်ပြတ်သည်အထိ ချေမှုန်းတိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်အပ်ပါသည်။ကရင်နီအမျိုးသားများကာကွယ်ရေးတပ်…
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး၊ မေလ (၁၉) ရက်နေ့မှ ဒီဇင်ဘာလ(၃၁) ရက်နေ့အထိ တိုက်ပွဲပေါင်း (၁၃၀) ကျော်ဖြစ်ပွါးခဲ့သည့် အနက် KNDF မှ ပါဝင်ဦးဆောင်တိုက်ခိုက်သော တိုက်ပွဲပေါင်း မှာ (၈၁) ကြိမ်ရှိခဲ့ပါသည်။ထိုတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ သေဆုံးသူ (၂၄၉) ဦးရှိပြီး ဒဏ်ရာရသူ (၁၄၉) ဦးရှိပါသည်။KNDF မှ ဒဏ်ရာရသူ (၂၄) ဦးရှိခဲ့ပြီး၊ တိုက်ပွဲအတွင်းကျဆုံးသူမှာ (၁၃) ဦးရှိခဲ့ပါသည်။ အရပ်သားပြည်သူများ သေဆုံးမှုမှာ (၁၄၆) ဦးအထိရှိခဲ့ပါသည်။KNDF တွင် တပ်ရင်း (၁၈) ရှိပြီး၊ (၁၆) ရင်းကို တင်းပြည့်ကျပ်ပြည့် စနစ်တကျဖွဲ့စည်းနိုင်ကာ လက်နက်များတပ်ဆင်လျက်ရှိသည်။KNDF သည် ကရင်နီတပ်မတော်၏ စစ်ရေးဦးဆောင်မှုကို ခံယူပြီး အခြားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် အတူ ဆက်လက်၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။အဘက်ဘက်မှကူညီအားပေး…
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဗျူဟာ(၃) / အပတ်စဉ်(၂) သင်တန်းဆင်းပွဲကို ယနေ့ (၁၃.၂.၂၀၂၃) တွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။ အခမ်းအနားသို့ KA နှင့် KNDF မှ တာဝန်ရှိသူတချို့တက်ရောက်ခဲ့ပြီး အမှာစကားပြောကြားခြင်း၊ အားပေးစကားပြောကြားခြင်းများ ပြုလုပ်ခဲ့ပါသည်။