
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၉)ရက်။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာအမှတ် (၆) မှ (၂)လတာပြုလုပ်ခဲ့သည့် အပတ်စဉ်(၃) အခြေခံစစ်သင်တန်းဆင်းပွဲအား ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် ဗျူဟာနယ်မြေတစ်ခု၌ ပြုလုပ်ခဲ့ပါသည်။ KNDF ဗျူဟာအမှတ် (၆)၏ အပတ်စဉ်(၃) အခြေခံစစ်သင်တန်းအား ဗျူဟာနယ်မြေရှိ တပ်ရင်းတပ်ဖွဲ့များမှ ရဲဘော်တစ်ရာကျော် တက်ရောက်ခဲ့ပြီး သင်တန်းဆင်းပွဲ၌ ကရင်နီပြည်တပ်မတော်(KA) မှ တပ်ဗိုလ်တပ်မှူးများ၊ KNDF တာဝန်ရှိသူများ ၊ သင်တန်းသားများ၏ မိသားစုဝင်အချို့နှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ၊ အဖွဲ့အစည်းများ တတ်ရောက်ခဲ့ကြပါသည်။ KNDF ဗျူဟာ အမှတ် (၆) ၏ သင်တန်းဆင်းပွဲတွင် သင်တန်းပြီးမြောက်၍ တိုင်းပြည်နှင့် လူမျိုးအတွက် တော်လှန်ရေးတာဝန်များ ထမ်းဆောင်ရန် အသင့်ဖြစ်ခဲ့ပြီ ဖြစ်သော ရဲဘော်များမှ စစ်ကောင်စီထံမှ သိမ်းဆည်းရရှိခဲ့သော…

၂၀၂၄ ခုနှစ် ၊ ဇန်နဝါရီလ (၈)ရက် ။ ကရင်နီပြည်နယ်၊ ဘောလခဲမြို့ ရှိ စစ်ကောင်စီ၏ ခရိုင်ရဲစခန်းမှ ရဲတပ်သား တစ်ဦးမှာ လက်နက်နှင့်တကွ ဇန်နဝါရီလ (၅)ရက်နေ့တွင် မိမိတို့ KNDF ထံဘက်ပြောင်းခိုလှုံလာခဲ့ပါသည်။ ဘတ်ပြောင်းခိုလှုံလာသော ရဲတပ်သားမှာ စစ်ကောင်စီ၏ အမိန့်အောက်တွင် တာဝန်ထမ်းဆောင်လိုစိတ် မရှိတော့ခြင်းကြောင့် AK-22 သေနတ်တစ်လက်အားယူဆောင်၍ ထွက်လာခဲ့ပြီး မိမိတို့ KNDF မှ သွားရောက်ခေါ်ဆောင်ခဲ့ပြီး ၎င်းမှ လက်နက်အပ်နှံခဲ့ပါသည်။ စစ်ကောင်စီအား ဆန့်ကျင်ကာ ပြည်သူ့ဖက်အား ဘက်ပြောင်း ခိုလှုံလာသည့် အထက်ပါ ရဲတပ်သားအား မိမိတို့ KNDF မှ ၎င်းခံစားခွင့် ရရှိမည့် ဆုကြေးငွေများကိုလည်း ပေးအပ်၍ လုံခြုံလွတ်လပ်စွာထားရှိပါသည်။ စစ်ကောင်စီ၏ ရဲတပ်ဖွဲ့ဝင်များ ၊ စစ်ကောင်စီတပ်သားများ အနေဖြင့် ယခုလိုကာလအတွင်း…

၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ (၂၀)ရက် ။ ၁၁၁၁ စစ်ဆင်ရေး ၏ လွိုင်ကော်မြို့သို့ ဝင်ရောက်သော KNDF စစ်ကြောင်းအား စစ်ကောင်စီတပ်မှ လွိုင်ကော်တက္ကသိုလ် မှ ဆီးကြိုတိုက်ခိုက်ခဲ့သဖြင့် အပြန်အလှန် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တက္ကသိုလ် ဝန်ထမ်းများ နှင့် မိသားစုဝင်များ ကျောင်းဝန်းအတွင်း ပိတ်မိနေခဲ့သည်။ စစ်ကောင်စီတပ်မှ လေယာဉ် ဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးဖြင့် အဆက်မပြတ် ပစ်ခတ်လာခြင်းကြောင့် အထက်ပါ လွိုင်ကော်တက္ကသိုလ် မှ ဝန်ထမ်းနှင့်မိသားစုများ ၊ စက်မှုကျောင်းမှ ဝန်ထမ်းများအပါအဝင် (၂၀၄)ဦးတို့အား လက်နက်ကြီးကျရောက်မှု အနည်းငယ်လျော့နည်းလာစဥ် အချိန်၌ ဘေးကင်းရာသို့ မိမိတို့တပ်ဖွဲ့မှအရေးပေါ် ကူညီရွေ့ပြောင်းခဲ့ရသည်။ ထက်ပါ လွိုင်ကော်တက္ကသိုလ် မှ Non-CDM ဝန်ထမ်းများနှင့် မိသားစုဝင်များအား လူသားချင်းစာနာထောက်ထားရေး၊ လူ့အခွင့်အရေးများနှင့်အညီ…

စာအမှတ် – KNDF / ၁ / ၂၀၂၃ (၀၂၂) ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ၊ (၁၅)ရက်။ “၁၁.၁၁ စစ်ဆင်ရေး” (11.11 Operation) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော KNDF စစ်ကြောင်း၏ တတိယနေ့ နှင့် စတုတ္ထနေ့ စစ်ဆင်ရေးတွင် လွိုင်ကော်တက္ကသိုလ်ထဲ၌ တပ်စွဲထားသော တပ်မ(၆၆)လက်အောက်ခံ ခမရ (၄၂၅) နှင့် ခမရ (၆) တပ်ရင်းတို့အား အပြီးသတ်ချေမှုန်းကာ နောက်ဆုံးလက်ကျန် တပ်ဖွဲ့ဝင်များမှ လက်နက်ချအညံ့ခံပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပါသည်။ နိုဝင်ဘာလ(၁၃)ရက်နေ့တစ်နေ့လုံး လွိုင်ကော်တက္ကသိုလ်ဝန်းထဲတွင် တပ်စွဲထားသော စစ်ကောင်စီ၏ ခမရ(၄၂၅) တပ်ရင်းမှူး နှင့် ဒု-ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးနီးပါးသေဆုံးခဲ့ပြီး ခမရ(၆)၏ အင်အား တစ်ဝက်နီးပါးကိုပါ ချေမှုန်းနိုင်ခဲ့ပါသည်။ နိုဝင်ဘာလ(၁၄)ရက်နေ့တွင် လွိုင်ကော်တက္ကသိုလ်ဝန်းအတွင်းတပ်စွဲကျန်ရှိနေသော ခမရ (၆)…

၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာ (၁၃)ရက် ။ ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်သည့် ကိုးကန့် (MNT JP/ MNDAA) ၊ တအောင်း (PSLF / TNLA) ၊ ရက္ခိုင် (ULA/ AA) တို့မှ ဦးဆောင်၍ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဆောင်ရွက်နေသော “၁၀၂၇ စစ်ဆင်ရေး”ကြီး၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ကွမ်းလုံမြို့အား အပြီးသတ် သိမ်းယူခဲ့သော စစ်ဆင်ရေးတွင် မိမိတို့ KNDF ၏ မြောက်ပိုင်းစစ်ဒေသ အခြေစိုက် အမှတ်(၆၀၆)တပ်ရင်းမှလည်း ပူးပေါင်းပါဝင်၍ တိုက်ခိုက်ခဲ့ပါသည်။ အထက်ပါ ကွမ်းလုံမြို့သိမ်းတိုက်ပွဲများအတွင်း မိမိတို့ KNDF ၏ မြောက်ပိုင်းစစ်ဒေသအခြေစိုက် အမှတ်(၆၀၆)တပ်ရင်းမှ မဟာမိတ်တပ်များနှင့်အတူ စစ်ကောင်စီ၏ တပ်စခန်းများအားသိမ်းပိုက် တိုက်ပွဲဝင်ရင်း တပ်စုမှူး မောင်ဗေဒါ…

“လက်ရှိအခြေအနေမှာ တစ်နိုင်ငံလုံးက ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် တိုက်ပွဲများဆင်နွှဲတိုက်ခိုက်နေကြပါတယ်။ ကရင်နီပြည်မှာ အာဏာရှင်ဖြုတ်ချရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် တည်ဆောက်ရေးဖော်ဆောင်နိုင်ဖို့ဆိုရင် လွိုင်ကော်မြို့က စစ်ကောင်စီအုပ်ချုပ်ရေးကို ဖြိုချရပါမယ်။ အခုလိုမြို့သိမ်းတိုက်ပွဲတွေဟာ ပျက်ဆီးနစ်နာမှုများနိုင်တယ်ဆိုတာ သိထားပေမယ့် အာဏာရှင်စနစ်အမြစ်တွယ်မှာကို ပိုကြောက်မိတဲ့အတွက် အခုလိုစစ်ဆင်ရေးကို အားလုံးက ချမှတ်လိုက်တာဖြစ်တယ်။ ပြည်သူပြည်သားများအနေနဲ့ ဘေးကင်းလွတ်ရာတွေကို ယာယီရွှေ့နေပေးကြဖို့ကိုလည်း တောင်းဆိုပါတယ်။ ကျွန်တော်တို့ များမကြာမီမှာ လွတ်လပ်ပွင့်လင်းပြီး စည်ကားတိုးတတ်သော လွိုင်ကော်မြို့အဖြစ် ပြန်လည်အသက်သွင်းကြရအောင်လို့ တိုက်တွန်းပြောကြားလိုပါတယ်” ခွန်းဘီထူး ဥက္ကဌ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF

၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက် ။ ကရင်နီပြည်နယ်တွင် နိုဝင်ဘာလ(၁၁)ရက်နေ့မှစတင်၍ ပြုလုပ်ခဲ့သော “၁၁.၁၁ စစ်ဆင်ရေး”(11.11 Operation) သည် တော်လှန်ရေးတပ်ဖွဲ့များဖြစ်ကြသည့် KA ၊ KNDF ၊ KNPLF ၊ DMO Local PDF ၊ မြို့ပြတော်လှန်ရေးတပ်ဦး(URF) အလယ်ပိုင်းတိုင်း ရှမ်းတောင်စစ်ဒေသခွဲ နှင့် ကယား(ကရင်နီ)စစ်ဒေသခွဲ PDF တပ်ရင်းများ အားလုံးပူးပေါင်း၍ စုစည်းညီညွတ်စွာ ဖြင့် အတူတကွ လုပ်ဆောင်စတင်ခဲ့သော စစ်ဆင်ရေးဖြစ်ပါသည်။ စစ်ဆင်ရေး ပထမရက်တွင် ဒီးမော့ဆို၊ မိုးဗြဲ နှင့် လွိုင်ကော် မြို့နယ်များအတွင်းရှိ စစ်ကောင်စီတပ်များ ကာလကြာမြင့်စွာ အထိုင်ချတပ်စွဲထားသော စစ်စခန်း(၇)ခုကို မိမိတို့ တော်လှန်ရေးတပ်ပေါင်းစုံမှ အပြီးသတ်သိမ်းယူနိုင် ခဲ့ကြပြီး စစ်ကောင်စီတပ်ဖွဲ့များထံမှ လက်နက်ကြီး၊ လက်နက်ငယ် ပေါင်းစုံ…

၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ၊ (၁၁)ရက်။ ကရင်နီပြည်နယ်၊ တော်လှန်ရေးတပ်ပေါင်းစုံအဖွဲ့များ ဖြစ်ကြသည့် KA ၊ KNDF ၊ KNPLF ၊ DMO PDF ၊ Loikaw PDF ၊ မိုးဗြဲ PDF ၊ ဖယ်ခုံ PDF ၊ ဖရူဆို PDF ၊မြို့ပြပျောက်ကျားတပ် နှင့် ရှမ်းတောင် PDF တို့ အတူပါဝင်၍ ပူးပေါင်းစစ်ဆင်ရေးတစ်ရပ်ကို ၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ၊ (၁၁)ရက်နေ့တွင် ဒီးမောဆိုမြို့နယ်ရှိ နန်းမယ်ခုံမြို့ရှိ တပ်စခန်းများအပါအဝင် မိုးဗြဲမြို့ နှင့် လွိုင်ကော်မြို့နယ် အတွင်းရှိ စစ်ကောင်စီတပ်စခန်းများအား ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး စခန်းပေါင်း(၇)ခု အား ယနေ့တွင် အောင်မြင်စွာ စတင်သိမ်းပိုက်ယူနိုင်ခဲ့ပါသည်။ စစ်ကောင်စီ၏ တပ်များ နှစ်ကာလအတန်ကြာ တပ်စွဲအထိုင်ချထားသော…

၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ (၁၀)ရက်။ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် နှင့် လွိုင်ကော်မြို့နယ်တွင်းရှိ အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုများရှိခဲ့ပါသည်။ နိုဝင်ဘာလ (၉) ရက်နေ့ ၊ ညနေ (၃)နာရီကျော် အချိန်ခန့်တွင် လွိုင်ကော်မြို့ နှင့် လောပိတကြားရှိ ကျေးရွာတစ်ရွာအတွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်း တစ်စုံတစ်ရာမရှိဘဲ စစ်ကောင်စီမှ လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ ကျေးရွာတွင်း ကျရောက်သည့် လက်နက်ကြီးကျည်ထိမှန်သဖြင့် လူငယ်ပိုင်းအရွယ် အမျိုးသမီး (၁)ဦး ထိခိုက်သေဆုံးခဲ့ပါသည်။ ထို့အတူ နိုဝင်ဘာလ (၉) ရက်နေ့ ၊ ည (၁၁:၃၀)နာရီအချိန်တွင် ဒီးမော့ဆိုမြို့နယ်အရှေ့ဖက်ခြမ်းရှိ အရပ်သားပြည်သူများ နေထိုင်ရာ ကျေးရွာတစ်ရွာသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ငွေတောင်အခြေစိုက် ခလရ…

ရက်စွဲ။ ။ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်။