• အောက်တိုဘာလ တစ်လတာ စစ်ရေးသတင်းအနှစ်ချုပ် ထုတ်ပြန်ခြင်း။

    အောက်တိုဘာလ တစ်လတာ စစ်ရေးသတင်းအနှစ်ချုပ် ထုတ်ပြန်ခြင်း။

    စာအမှတ် – KNDF/၁/၂၀၂၃(၀၂၁)၂၀၂၃ ခုနှစ် ၊ နိုဝင်ဘာလ(၃)ရက်။ ​​ကရင်နီပြည်နယ်တွင် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလအတွင်း စစ်ကောင်စီ၏ ထောက်ပို့ယာဉ်တန်းများ ဖြတ်သန်း ပို့ဆောင်ရန် အပြင်းအထန်ထိုးစစ်ဆင်နေသော ဖရူဆို – ဘောလခဲ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တွင် ထိတွေ့ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး အခြားနေရာများတွင် ထိတွေ့မှုအနည်းငယ်သာ ဖြစ်ပွားခဲ့ပါသည်။ ​ဖရူဆိုမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ အမှတ်(၁၄)တန်းမြှင့်စစ်ရေးလေ့ကျင့်ရေးကျောင်းဝန်းထဲတွင် ဆုံရပ် ထားသော ထောက်ပို့ယာဉ်တန်းများ ဘောလခဲမြို့သို့ ဖြတ်သန်းဝင်ရောက်နိုင်ရန် လမ်းမကြီးအား ထိန်းချုပ်နိုင်ရေး အတွက် စစ်ကောင်စီမှ ခြေလျင်စစ်ကြောင်း(၆)ကြောင်းခန့်ဖြင့် ထိုးစစ်ဆင်နေခြင်းကြောင့် ဖရူဆို – ဘောလခဲ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ရှိ မာခရောရှေ၊ လောကြေခူ၊ ထားလဲ၊ ပရယ်တော် နှင့် နန်းဖဲကျေးရွာများတွင် KA ၊ KNDF တို့နှင့်အတူ မဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်း၍ စစ်ကောင်စီ၏…

    November 3, 2023

  • ကချင်ပြည်နယ်၊ လိုင်ဇာမြို့၊ မုန်လိုင်ခတ်စစ်ရှောင်စခန်း တိုက်ခိုက်ခံရခြင်းနှင့်စပ်လျဉ်း၍ ထုတ်ပြန်ချက်။

    ကချင်ပြည်နယ်၊ လိုင်ဇာမြို့၊ မုန်လိုင်ခတ်စစ်ရှောင်စခန်း တိုက်ခိုက်ခံရခြင်းနှင့်စပ်လျဉ်း၍ ထုတ်ပြန်ချက်။

    ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၁၁)ရက်။ ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၉)ရက်နေ့ည(၁၁:၃၀)နာရီခန့်တွင် ကချင်ပြည်နယ်၊ လိုင်ဇာမြို့၊ မုန်လိုင်ခတ်စစ်ဘေးရှောင်စခန်းအတွင်းသို့ စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ရှောင်စခန်းအတွင်းရှိ ကလေးငယ်(၁၀)ဦးအပါအဝင် စစ်ဘေးရှောင်ပြည်သူလူထု(၂၉)ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ(၆၀)ကျော်အထိ ရှိခဲ့ကြောင်း သိရှိခဲ့ရ၍ မိမိတို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF အနေဖြင့် လွန်စွာဝမ်းနည်းရပါသည်။ ဤသို့ စစ်ရေးပစ်မှတ်မဟုတ်ဘဲ အများပြည်သူနေထိုင်ရာ စစ်ရှောင်စခန်းကို ပစ်မှတ်ထားတိုက်ခိုက်မှုသည် လွန်စွာဆိုးရွားလှသည့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သော စစ်ရာဇဝတ်မှုဖြစ်ကြောင်း မိမိတို့မှ သတ်မှတ်သည်။ ထိုကဲ့သို့ ကျူးလွန်မှုအပေါ် ပြင်းထန်စွာရှုံ့ချကြောင်းနှင့် နိုင်ငံတကာမှလည်း ယခုလုပ်ရပ်အား ထိရောက်စွာအရေးယူနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းတောင်းဆိုအပ်ပါသည်။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF

    October 11, 2023

  • ဖရူဆိုမြို့နယ် ၊ အရှေ့ဖက်ခြမ်းရှိ ကျေးရွာ (၂)ရွာအား စစ်ကောင်စီ၏တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း။

    ဖရူဆိုမြို့နယ် ၊ အရှေ့ဖက်ခြမ်းရှိ ကျေးရွာ (၂)ရွာအား စစ်ကောင်စီ၏တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း။

    ၂၀၂၃ ခုနှစ် ၊ အောက်တိုဘာလ (၇)ရက်။ ကရင်နီပြည်နယ် ၊ ဖရူဆိုမြို့နယ် အရှေ့ဖက်ခြမ်းရှိ ကျေးရွာ (၂)ရွာအား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အောက်တိုဘာလ (၆) ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီ၏ အမှတ် (၁၄) တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းမှ လက်နက်ကြီးများဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့ပါသည်။ ဖရူဆိုမြို့နယ် အရှေ့ဖက်ခြမ်းရှိ ကျေးရွာ (၂) ရွာသို့ စစ်ကောင်စီ၏တပ်မှ ည (၁၀)နာရီကျော်အချိန်တွင် တာဝေးပစ်လက်နက်ကြီး (၁၂၀)မမ စုစုပေါင်း (၁၅)လုံးကျော်ပစ်ခတ်၍ တိုက်ခိုက်ခဲ့ပြီး ကျေးရွာ (၂)ရွာအတွင်းရှိ နေအိမ် (၅)လုံးထိခိုက်ပျက်ဆီးကာ အိမ်မွေးတိရစ္ဆာန်များ ဖြစ်သည့် နွား (၁) ကောင် ၊ ကျွဲ (၃)ကောင် ထိခိုက်ဒဏ်ရာရ၍ နွား (၂) ကောင်သေဆုံးကာ လူထိခိုက်မှုတော့မရှိခဲ့ပါ ။ စစ်ကောင်စီမှ လက်နက်ကြီးများဖြင့်…

    October 7, 2023

  • စက်တင်ဘာလ တစ်လတာ စစ်ရေးသတင်းအနှစ်ချုပ် ထုတ်ပြန်ခြင်း။

    စက်တင်ဘာလ တစ်လတာ စစ်ရေးသတင်းအနှစ်ချုပ် ထုတ်ပြန်ခြင်း။

    စာအမှတ် – KNDF/၁/၂၀၂၃ (၀၂၀) ၂၀၂၃ ခုနှစ် ၊ အောက်တိုဘာလ (၃)ရက်။     ကရင်နီပြည်အတွင်း ၂၀၂၃ခုနှစ်၊ ဩဂုတ်လ မှ စက်တင်ဘာလ အထိ စစ်ကောင်စီတပ်၏ ထောက်ပို့ယာဥ်တန်းများ ဖြတ်သန်းသွားလာနိုင်ရေး စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို နှင့် ဘောလခဲမြို့နယ် တို့တွင် တိုက်ပွဲများပြင်းထန်ခဲ့ပါသည်။ စက်တင်ဘာလ ပထမအပတ်အတွင်း စစ်ကောင်စီစစ်ကြောင်းနှင့် ယာဥ်တန်းများ သည် ဒီးမော့ဆိုမြို့နယ် မှဖရူဆိုမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပါသည်။    စက်တင်ဘာလ ဒုတိယအပတ်မှစ၍ ဖရူဆိုမြို့နယ်အတွင်း စစ်ကောင်စီတပ်များသည် ဖရူဆို – ဘောလခဲ ပြည်ထောင်စုလမ်းမအတိုင်း ၄င်းတို့၏ ထောက်ပို့ယဥ်တန်းများ ဖြတ်သန်းနိုင်ရန်အတွက် လမ်းမကြီးအားထိန်းချုပ်နိုင်ရေး အပြင်းအထန် ထိုးစစ်ဆင်ခဲ့ပါသည်။ ဖရူဆိုမြို့နယ်အခြေစိုက် အမှတ်(၁၄)တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းမှ မာခရော့ရှေ၊ လောကျေခူ၊ ထားလဲ၊ ပရယ်တော် နှင့် နန်းဖဲ ကျေးရွာများအထိ အနည်းဆုံးစစ်ကြောင်း(၆)ဖြင့် စစ်ကြောင်း ထိုးခဲ့ပါသည်။  အဆိုပါကျေးရွာများတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များနှင့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ များသည် စက်တင်ဘာလ ဒုတိယအပတ်မှစ၍ တစ်လလုံးနီးပါး တိုက်ပွဲများဖြစ်ပွားခဲ့ပါသည်။ အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများပြားခဲ့သဖြင့်နန်းဖဲ၊ ပရယ်တော် နှင့် ထားလဲကျေးရွာ တို့အား စစ်ကောင်စီမှ တိုက်လေယာဥ်များအသုံးပြုတိုက်ခိုက်ခဲ့ပါသည်။ အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီထပ်ထံမှ လက်နက်ခဲယမ်း အချို့ကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှသိမ်းဆည်းရမိခဲ့ပါသည်။ ဖရူဆိုမြို့နယ်အခြေစိုက် အမှတ်(၁၄) စစ်လေ့ကျင့်ရေးကျောင်းတွင် ဆုံရပ်ထားသော စစ်ကောင်စီတပ်၏ထောက်ပို့ယာဥ်တန်း ကားအစီးရေ(၆၀) စီးခန့် သည် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ တန်ပြန်စစ်ဆင်ရေးကြောင့် ဖရူဆိုမှ ဘောလခဲမြို့နယ်သို့ ဖြတ်သန်းနိုင်ခြင်း မရှိသေးပါ။    လွိုင်ကော်မြို့နယ်အတွင်းတွင်လည်း ရှမ်းပြည်နယ်မှ လွိုင်ကော်မြို့သို့ ဝင်ရောက်လာသော စစ်ကောင်တပ်၏ ယာဥ်တန်း (၆) စီးကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်ခဲ့ပါသည်။ ထို့အတူ လွိုင်ကော်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်၏စစ်ဆေးရေးစခန်းများကိုလည်း ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ပါသည်။    ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီမှ (၂)နှစ်နီးပါးကြာ ခြေကုပ်ယူတပ်စွဲထားသော ပူဖား နှင့် သေးဆူလဲ ကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်များကို စက်တင်ဘာလ ပထမအပတ်အတွင်း ကရင်နီပူးပေါင်းတပ်များမှ တိုက်ခိုက် ခြေမှုန်းခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်(၂၀)ကျော် သေဆုံးခဲ့ပါသည်။ အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ တိုက်လေယာဥ်ဖြင့်(၃)ရက်ဆက် လာရောက်တိုက်ခိုက်ခဲ့ပါသည်။ ဒီးမော့ဆိုမြို့နယ်တိုက်ပွဲများအတွင်း လက်နက်ခဲယမ်း အများအပြားကိုလည်း ကရင်နီပူးပေါင်းတပ်ဖွဲ့မှသိမ်းဆည်းရမိခဲ့ပါသည်။    အကြမ်းဖက်စစ်ကောင်စီတပ်များသည် မယ်စဲ့မြို့နယ်၊ ပန်တိန်းကျေးရွာရှိ BGFစခန်းနှင့်အနီးတဝိုက်တွင် အခိုင်အမာ ခြေကုပ်ယူတပ်ဆွဲလျက်ရှိပါသည်။ အကြမ်းဖက်စစ်ကောင်စီတပ်သည် မယ်စဲ့မြို့နယ် သို့ ပြန်လည်ထိုးဖောက် သိမ်းပိုက်နိုင်ရေး၊ လူသူလက်နက်ခဲယမ်းများ ဖြည့်တင်းနိုင်ရေးအတွက် ဖရူဆို နှင့် ဘောလခဲမြို့နယ်တို့အား စစ်ကြောင်းထိုးလျက်ရှိပါသည်။    လွိုင်ကော်မြို့နယ် နှင့် ဖယ်ခုံမြို့နယ်တို့တွင် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ရေးပစ်မှတ် မဟုတ်သောနေရာများဖြစ်သည့် စစ်ရှောင်စခန်းများကို လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။    စက်တင်ဘာလအတွင်း KNDFသည် တော်လှန်ရေးပူးပေါင်းတပ်များနှင့်အတူ တိုက်ပွဲပေါင်း(၂၉)ကြိမ် ပါဝင်တိုက်ခိုက်ခဲ့ပါသည်။ စက်တင်ဘာလတွင်ဖြစ်ပွားခဲ့သော ကရင်နီပြည်နယ်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင်(၇၈)ဦး သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ပါသည်။ ကရင်နီပြည်တဝှမ်းဖြစ်ပွားခဲ့သော တိုက်ပွဲများ အတွင်း စစ်ကောင်စီတပ်ထံမှလက်နက်ငယ်(၃၆)လက်၊ လက်နက်ကြီး(၅)လက်နှင့် ခဲယမ်းမျိုးစုံကို ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များမှ သိမ်းစည်းရမိခဲ့သည့်အပြင် စစ်ကောင်စီတပ်၏ ကား (၂)စီးကို မီးရှို့ဖျက်စီးခဲ့ပြီး၊ (၁) စီးအား မိုင်းဆွဲ တိုက်ခိုက်နိုင်ခဲ့ပါသည်။ ထို့အပြင်KNDF မှစစ်သုံ့ပန်း (၅) ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပါသည်။    စက်တင်ဘာလအတွင်း စစ်ကောင်စီတပ်သည် ကရင်နီပြည်အတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း (၂၀)ကြိမ် ပြုလုပ်ခဲ့ပါသည်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ(၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် ပြည်သူ(၁)ဦးသေဆုံးခဲ့ပါသည်။ ထို့အတူ စစ်ကောင်စီတပ်၏ မြေမြှုပ်မိုင်းကြောင့်လည်း ပြည်သူ(၁)ဦး သေဆုံးခဲ့ရပါသည်။ အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်(၁)လုံး၊ ကျန်းမာရေးအဆောက်အဦ(၁)လုံး၊ နှင့် ခရစ်ယာန်ဘုရားကျောင်း(၁)ကျောင်း ပျက်စီးခဲ့ရပါသည်။ ထို့အတူ စစ်ကောင်စီတပ်မှ ပစ်ခတ်လာသော လက်နက်ကြီးထိမှန်မှုကြောင့်လည်းနေအိမ်(၂)လုံး  ပျက်စီးခဲ့ ပါသည်။    စက်တင်ဘာလအတွင်း ကရင်နီပြည်နယ် စစ်မျက်နှာအသီးသီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်များကို ခုခံ တိုက်ခိုက်ရင်းKNDF မှ ရဲဘော် (၈) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ပါသည်။ ကျဆုံးသွားသော အာဇာနည်ရဲဘော်များကို KNDF မှ အမျိုးသားအာဇာနည်သူရဲကောင်းများအဖြစ် သမိုင်းမှတ်ကျောက်တင်ပြီး အစဥ်အမြဲ အလေးပြုပါသည်။ KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန ဆက်သွယ်ရန် – ၀၉ ၇၉၈ ၆၅၆ ၇၅၆ ၊ ၀၉ ၇၈၈ ၅၄၅ ၂၇၃ ၊ ၀၉ ၇၆၅ ၇၃၃ ၁၆၈

    October 3, 2023

  • စစ်ကောင်စီမှ တပ်စွဲထားခဲ့သော ကျေးရွာအတွင်း နေအိမ်ပြန်ကြည့်သည့် ဒေသခံ အရပ်သား အမျိုးသမီးတစ်ဦး မိုင်းနင်းမိခြင်း ။

    စစ်ကောင်စီမှ တပ်စွဲထားခဲ့သော ကျေးရွာအတွင်း နေအိမ်ပြန်ကြည့်သည့် ဒေသခံ အရပ်သား အမျိုးသမီးတစ်ဦး မိုင်းနင်းမိခြင်း ။

    ၂၀၂၃ ခုနှစ် ၊ စက်တင်ဘာ (၂၅) ရက် ။ ကရင်နီပြည်နယ် ၊ ဖရူဆိုမြို့နယ်တွင်းရှိ စစ်ကောင်စီ၏ စစ်ကြောင်းများမှ အထိုင်ချတပ်စွဲ သွားခဲ့သော လောကျေခူရွာဟောင်း သို့ ဒေသခံအမျိုးသမီးတစ်ဦးမှ စက်တင်ဘာလ (၂၄)ရက်နေ့တွင် ကျေးရွာတွင်း ဝင်ရောက်ကာ နေအိမ်ပြန်ကြည့်စဉ် မိုင်းနင်းမိ၍ သေဆုံးခဲ့ရပါသည်။ လောကျေခူရွာဟောင်း ကျေးရွာအတွင်း သို့ အသက် (၅၀) ဝန်ကျင်ရှိ ဒေသခံအမျိုးသမီးတစ်ဦးမှာ စက်တင်ဘာလ (၂၄) ရက်နေ့၌ ရွာအတွင်းဝင်ရောက်စဥ် စစ်ကောင်စီတပ်ဖွဲ့များမှ ထောင်ထားခဲ့သော မိုင်းအား နင်းမိခဲ့ကာ ခြေထောက်ပြက်ထွက် ဒဏ်ရာများရရှိ၍ သေဆုံးသွားခဲ့ပါသည်။ စစ်ကောင်စီ၏ စစ်ကြောင်းများမှာ အထက်ပါ လောကျေခူရွာဟောင်း ကျေးရွာထဲ၌ စက်တင်ဘာလ (၁၀) ရက်နေ့မှစ၍ တစ်ပတ်ကြာ တပ်စွဲသွားခဲ့ပြီး ကျေးရွာအတွင်း မိုင်းများအား နေရာအနှံ့…

    September 25, 2023

  • ဖရူဆို- ဘောလခဲ ပြည်ထောင်စု လမ်းမကြီးအား ဖြတ်သန်းသွားခြင်းမပြုလုပ်ကြပါရန် အသိပေးခြင်း။

    ဖရူဆို- ဘောလခဲ ပြည်ထောင်စု လမ်းမကြီးအား ဖြတ်သန်းသွားခြင်းမပြုလုပ်ကြပါရန် အသိပေးခြင်း။

    ၂၀၂၃ ခုနှစ် ၊ စက်တင်ဘာလ (၈) ရက်။ ကရင်နီပြည်နယ် ၊ ဖရူဆို – ဘောလခဲ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် စစ်ကောင်စီ တပ်များမှ စစ်ကြောင်းထိုး လှုပ်ရှားမှုများ ပြုလုပ်လာပြီဖြစ်သောကြောင့် အထက်ပါ လမ်းမကြီးပေါ်တွင် ယနေ့ စက်တင်ဘာ (၈) ရက်နေ့မှစ၍ ဖြတ်သန်းသွားခြင်း မပြုလုပ်ကြပါရန် ပြည်သူလူထုအား အသိပေးမေတ္တာရပ်ခံအပ်ပါသည်။ ဖရူဆို- ဘောခဲ လမ်းမကြီးဘေးတစ်လျှောက်ရှိ မာခရော့ရှည် ၊ လောကျေခူ ၊ ထားလဲ ၊ နန်းဖဲ ကျေးရွာများတစ်လျှောက် လမ်းသွယ်များကိုပါ အသုံးပြု၍ သွားလာကြခြင်းမပြုလုပ်ကြရန် နှင့် စစ်ကောင်စီတပ်ဖွဲ့များမှ လမ်းမကြီးတစ်ကျော သို့ စစ်ကြောင်းထိုးလှုပ်ရှားလာနေသည့် အခြေနေများကြောင့် အထက်ဖော်ပြပါ လမ်းများအား ယနေ့မှစ၍ မြေပြင်စစ်ရေးအခြေနေအရ ရက်အကန့်သက်မရှိ ပိတ်ထားမည်ဖြစ်၍ ဖြတ်သန်း…

    September 8, 2023

  • ဩဂုတ်လ တစ်လတာ စစ်ရေးသတင်းအနှစ်ချုပ် ထုတ်ပြန်ခြင်း

    ဩဂုတ်လ တစ်လတာ စစ်ရေးသတင်းအနှစ်ချုပ် ထုတ်ပြန်ခြင်း

    စာအမှတ် – KNDF/၁/၂၀၂၃(၀၁၉) ၂၀၂၃ ခုနှစ် ၊ စက်တင်ဘာလ(၅)ရက်။    ဩဂုတ်လ(၂)ရက်နေ့ မှစ၍ အကြမ်းဖက်စစ်ကောင်စီတပ်သည် ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီး အား ထိန်းချုပ်နိုင်ရေးအတွက် ဒီးမော့ဆိုမြို့နယ် နှင့် ဖရူဆိုမြို့နယ်အကြားရှိ ပြည်ထောင်စုလမ်းမကြီးဘေး ဝဲ၊ ယာ ရှိ ကျေးရွာများသို့အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါသည်။ စစ်ကောင်စီတပ်၏ တပ်မ(၅၅)လက်အောက်ခံ တပ်ရင်းများသည်စစ်ကြောင်း(၃)ကြောင်းဖြင့် ဒီးမော့ဆိုမြို့နယ် နှင့် ဖရူဆိုမြို့နယ်အစ ငွေတောင်ရွာသစ်ကျေးရွာမှ ကဒါးလားကျေးရွာ၊ ထီးသော်ကူးကျေးရွာ နှင့် ဒေါညေးခူကျေးရွာများအထိ စစ်ကြောင်းထိုးကာ တပ်စွဲထားသဖြင့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များနှင့်နေ့စဉ်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပါသည်။ ဒီးမော့ဆို နှင့် ဖရူဆို စစ်မျက်နှာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ဒု-ဗိုလ်မှူးအဆင့်ရှိသူအပါအဝင် ထိခိုက်ကျဆုံးမှုများ များပြားခဲ့ သဖြင့် တိုက်လေယာဉ်များအသုံးပြုကာ လေကြောင်းဖြင့်လည်း တိုက်ခိုက်ခဲ့ပါသည်။    မယ်စဲ့မြို့နယ်ကို ပြန်လည်သိမ်းပိုက်ရန်အတွက် ဖားဆောင်းမြို့နယ်ဘက်မှ အပြင်းအထန်စစ်ကြောင်းထိုး လာသော စစ်ကောင်စီတပ်များကို ကရင်နီပူးပေါင်းတပ်များသည် ပန်တိန်းကျေးရွာနှင့်အနီးတဝိုက်တွင် တန်ပြန် တိုက်ခိုက်လျက်ရှိပါသည်။ဖယ်ခုံမြို့နယ်မှ လွိုင်ကော်မြို့နယ်အထိ ဖြတ်သန်းသွားလာသော စစ်ကောင်စီ လှုပ်ရှားတပ်များနှင့် လုံခြုံရေးတပ်များကို ကရင်နီပူးပေါင်းတပ်များမှ တိုက်ခိုက်ခဲ့သည့်အပြင်၊ ဒီးမော့ဆိုမြို့နယ်ရှိ နန်းမယ်ခုံကျေးရွာမှ ဒေါငံခါးကျေးရွာအထိ အင်အားဖြန့်ကျက်တပ်စွဲထားသော စစ်ကောင်စီတပ်များကိုလည်း ကရင်နီပူးပေါင်းတပ်များမှ အဆက်မပြတ် ချုံခိုတိုက်ခိုက်လျက်ရှိပါသည်။    ဩဂုတ်လအတွင်း ကရင်နီပြည်တစ်ဝှမ်းတွင် KNDF မှ ပါဝင်တိုက်ခိုက်ခဲ့သော တိုက်ပွဲမှ အကြိမ်ရေ(၅၀)ခန့် ရှိခဲ့ပါသည်။အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်(၁၁၀)ဦး သေဆုံးခဲ့ပြီး၊ (၄၀)ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ပါသည်။ အထက်ပါတိုက်ပွဲများအတွင်း စစ်သုံ့ပန်း(၃)ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်ငယ်(၁၅)လက် နှင့် လက်နက်ကြီး(၁)လက် အပါအဝင် ဆက်စပ်ခဲယမ်းများကိုလည်း သိမ်းဆည်းနိုင်ခဲ့ပါသည်။    ဩဂုတ်လအတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု(၄၅)ကြိမ် ပြုလုပ်ခဲ့ပြီး၊ အဆိုပါ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူ(၁)ဦး သေဆုံးခဲ့ရပြီး လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့်လည်း ပြည်သူ(၂)ဦး ထပ်မံ သေဆုံးခဲ့ရပါသည်။ ထို့အပြင် စစ်ကောင်စီတပ်မှ DRONE ဖြင့် လာရောက်တိုက်ခိုက်မှုကြောင့် ကလေးငယ်(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။    အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုတို့ကြောင့် ဩဂုတ်လအတွင်းလူနေအိမ်(၂၀)လုံး ပျက်ဆီးခဲ့ကာ၊ ခရစ်ယာန်ဘုရားကျောင်း(၁)ကျောင်း နှင့် စာသင်ကျောင်း (၂)ကျောင်း ထိခိုက်ပျက်ဆီးခဲ့ပါသည်။ ထို့အတူ တိုက်ပွဲဖြစ်ပွားရာကျေးရွာများအတွင်း စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီး မှုကြောင့် လူနေအိမ်(၁၈) လုံး မီးလောင်ပျက်ဆီးခဲ့ပါသည်။    ဩဂုတ်လအတွင်း ဒီးမော့ဆိုမြို့နယ် စစ်မျက်နှာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်ရင်း KNDF မှရဲဘော်(၅)ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရပြီး ကျဆုံးသွားသော ရဲဘော်များကို KNDF မှ အမျိုးသား အာဇာနည်ရဲဘော်များအဖြစ်သမိုင်းမှတ်တမ်းတင် အလေးပြုပါသည်။ KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာန ဆက်သွယ်ရန် – ၀၉ ၇၉၈ ၆၅၆ ၇၅၆ ၊ ၀၉ ၇၈၈ ၅၄၅ ၂၇၃ ၊ ၀၉ ၇၆၅ ၇၃၃ ၁၆၈

    September 5, 2023

  • သေးဆူလဲ ၊ ပူဖားကျေးရွာများရှိ စစ်ကောင်စီ၏ ခြေကုပ်စခန်းများအား စီးနင်းတိုက်ခိုက်ခဲ့ခြင်း  သတင်းထုတ်ပြန်ချက်။

    သေးဆူလဲ ၊ ပူဖားကျေးရွာများရှိ စစ်ကောင်စီ၏ ခြေကုပ်စခန်းများအား စီးနင်းတိုက်ခိုက်ခဲ့ခြင်း  သတင်းထုတ်ပြန်ချက်။

    ၂၀၂၃ ခုနှစ် ၊ စက်တင်ဘာလ (၄) ရက် ။     ကရင်နီပြည်နယ် ၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ သေးဆူလဲကျေးရွာ နှင့် ပူဖားကျေးရွာတို့တွင် ခြေကုပ်ယူတပ်စွဲထားသော စစ်ကောင်စီ၏ တပ်စခန်းများအား စက်တင်ဘာ(၂) ရက်နေ့တွင် ကရင်နီပြည်တော်လှန်ရေးတပ်ပေါင်းစုများမှ ဝင်ရောက်စီးနင်း၍ချေမှုန်းတိုက်ခိုက်ခဲ့ပါသည်။    သေးဆူလဲကျေးရွာ နှင့် ပူဖားကျေးရွာအတွင်း အခိုင်အမာတပ်စွဲ၍ ခြေကုပ်ယူထားသော စစ်ကောင်စီ၏ တပ်စခန်းများအားနံနက် (၅) နာရီခွဲအချိန်မှစ၍ ကရင်နီတပ်မတော်(KA) ၊ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ) ၊ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်(DMO Local PDF) ၊ အလယ်ပိုင်းတိုင်း – ကရင်နီ(ကယား) စစ်ဒေသခွဲတပ်ရင်းများပူးပေါင်းစစ်ကြောင်း နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တို့ပူးပေါင်း၍ တစ်ပြိုင်နက်တည်း စီးနင်းဝင်ရောက်၍ ချေမှုန်းတိုက်ခိုက်ခဲ့ပါသည်။     ထိတွေ့တိုက်ပွဲများမှာ နံနက် (၅) နာရီခွဲအချိန်မှစ၍ (၉)နာရီခွဲအထိ ကြာမြင့်ခဲ့ကာ   အထက်ပါနေရာများတွင် တပ်စွဲထားခဲ့သည့်စစ်ကောင်စီ၏ စကခ(၂) လက်အောက်ခံ၊ ခလရ (၉)မှ ဒုတပ်ရင်းမှူး ရဲလင်းနိုင်မှာလည်း လက်အောက်ရှိ အရာရှိများနှင့် တပ်သားများအား အသေခံ၍ ခံပစ်ခိုင်းကာ ၎င်းမှာ ကိုယ်လွတ်ရုန်းထွက်ပြေးသွားခဲ့ပြီး အရာရှိများအပါအဝင် တပ်ဖွဲ့ဝင် (၃၀) ကျော်မှာမိမိတို့တပ်ပေါင်းစု၏ ချေမှုန်းသုတ်သင်ခြင်းခံခဲ့ရပါသည်။     ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ အရာရှိများအပါအဝင် တပ်ဖွဲ့ဝင် (၃၀) ကျော်သေဆုံးကာ ဒဏ်ရာရရှိသူများပြားပြီး ထိတွေ့မှုများအတွင်း ဦးတည်ရာမဲ့ထွက်ပြေးနေသူများလည်း ရှိပါသည်။ တိုက်ပွဲများအတွင်း မိမိတို့ တော်လှန်ရေးတပ်ပေါင်းစုများဖက်မှ ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့ပါသည်။ အထက်ပါ စစ်ကောင်စီ၏ ခြေကုပ်စခန်းများအား စီးနင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်ဖွဲ့များထံမှ လက်နက်ငယ်မျိုးစုံ (၁၅)လက် ၊ (၆၀) မမ ပြောင်း (၂) လက် ၊ RPG-7 (၁)လက် ၊ငါးကြင်းမြီး (၁ )လက် ၊ ဆက်စပ် ခဲယမ်းမီးကျောက်များ ၊ ကျည်ဆံများ ၊ ဆက်သွယ်ရေးစက်များနှင့် အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့ပြီး လက်ရှိတွင်လည်း သေးဆူလဲ ၊ပူဖားကျေးရွာများတွင် ထိတွေ့တိုက်ပွဲများ ဆက်၍ ဖြစ်ပွါးလျက်ရှိပါသည်။    ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီမှ စစ်ကြောင်းထိုးနေသော စစ်ကြောင်းများအပြင် ကျေးရွာများအတွင်း ခြေကုပ်ယူတပ်စွဲနေသော တပ်စခန်းများအား ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များမှ စည်းလုံးညီညွတ်စွာဖြင့် ခုခံစစ်၊ တန်ပြန်ထိုးစစ်များအားဖော်ဆောင်၍ အောင်မြင်မှုများ ရရှိအောင် ကြိုးစားလျှက်ရှိပြီး နောင်လာမည့်တိုက်ပွဲများတွင်လည်း ညီညွတ်မှုနှင့် အမိန့်ပေးကွက်ကဲမှုတစ်ခုတည်းဖြင့် စစ်ကောင်စီအား တော်လှန်တိုက်ခိုက်ကာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်သည်ထိတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အတူတကွထုတ်ပြန်အပ်ပါသည်။     မိမိတို့ တော်လှန်ရေးတပ်ပေါင်းစုများမှ ဆိုရှယ်မီဒီယာအသုံးပြုသော တော်လှန်ပြည်သူများ ၊ သတင်းမီဒီယာဌာနများ နှင့်တော်လှန်ရေးတပ်ဖွဲ့ဝင်ရဲဘော်များအားအထူးတောင်းဆိုသည်မှာ  မြေပြင်တိုက်ပွဲများတွင် စစ်ရေးသတင်းအချက်အလက်များအား သတင်းဦး၊ သတင်းထူးအတွက်သာရှေးရှု၍ မြေပြင်စစ်ရေးလုပ်ဆောင်ချက်များအား မိမိတို့မှ တရားဝင်ထုတ်ပြန်ခြင်းမရှိသေးဘဲ  အစောတစ်လျှင်တင်ကြခြင်းမပြုလုပ်ကြရန် ၊ မြေပြင်တပ်ဖွဲ့များ၏ စစ်ရေးလုပ်ငန်းဆောင်တာများအား အချိန်မတန်မီရန်သူအားသတင်းအချက်အလက် အစောတလျှင်သိစေနိုင်သည့် စစ်ရေးသတင်းအချက်အလက်များ ၊ နယ်မြေသတင်းအချက်အလက်များအား ရေးသား ဖြန့်ဝေကြခြင်းမပြုလုပ်ကြပါရန် နှင့် စစ်ရေးသတင်းများမှာ အခြားသတင်းများနှင့် မတူညီဘဲမြေပြင်အတွက် ငဲ့ညှာ၍ ကျင့်ဝတ်စည်းမျဥ်းများအား စောင့်ထိန်း၍ ကူညီပေးကြရန် အထူးတောင်းဆိုအပ်ပါသည်။ ဆက်သွယ်ရန် ။ ၀၉ ၇၉၅ ၉၄၆ ၆၁၆။

    September 4, 2023

  • စစ်ကောင်စီမှ အရပ်သားပြည်သူများအား ပစ်မှတ်ထား၍ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်း။

    စစ်ကောင်စီမှ အရပ်သားပြည်သူများအား ပစ်မှတ်ထား၍ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်း။

    ၂၀၂၃ ခုနှစ် ၊ သြဂုတ်လ (၃၁)ရက် ။ ကရင်နီပြည်နယ် ၊ ဒီးမော့ဆိုမြို့နယ် အတွင်းရှိ ဒေသခံများနေထိုင်ရာကျေးရွာတစ်ရွာ နှင့် အရပ်သားစစ်ရှောင်များနေထိုင်ရာနေရာ စစ်ရှောင်စခန်းတစ်ခုတို့အား စစ်ကောင်စီမှ သြဂုတ်လ (၃၁)ရက်နေ့ နံနက်ပိုင်းအချိန်တွင် တိုက်လေယာဥ်များဖြင့် ဗုံးကျဲ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပါသည်။ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းရှိ ဒေသခံအရပ်သားများနေထိုင်ရာ ကျေးရွာတစ်ခု အနီးသို့ နံနက် (၄)နာရီကျော်အချိန်မှစ၍ စစ်ကောင်စီမှ တိုက်လေယာဥ်ဖြင့် (၃)ကြိမ်ခန့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ လူထိခိုက်မှုမရှိဘဲ နေအိမ် အဆောက်အဦးအချို့ ထိခိုက်ပျက်ဆီး ခဲ့ပါသည်။ ထို့အတူ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်း ရှိ အရပ်သားစစ်ရှောင်များနေထိုင်ရာ စစ်ရှောင်စခန်းတစ်ခုရှိ နေအိမ်တဲအချို့နှင့် စာသင်ကျောင်းအား နံနက် (၆)နာရီခွဲကျော် အချိန်တွင် စစ်ကောင်စီမှ တိုက်လေယာဥ် (၂)စီးဖြင့် ဗုံး (၉) လုံးခန့်ကျဲချခဲ့၍…

    August 31, 2023

  • ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲသတင်းထုတ်ပြန်ခြင်း

    ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲသတင်းထုတ်ပြန်ခြင်း

    ၂၀၂၃ ခုနှစ် ၊ သြဂုတ်လ(၁၉)ရက်။ ဒီးမော့ဆိုမြို့မှ ဖရူဆိုဖက်သို့ ဦးတည်၍ ပြည်ထောင်စုလမ်းမကြီးအတိုင်း သြဂုတ်လ(၂)ရက်နေ့ မှစ၍ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ တပ်မ (၅၅) လက်အောက်ခံတပ်များ နှင့် ကရင်နီပြည်တော်လှန်ရေး ပူးပေါင်းတပ်များအကြား သြဂုတ်လ (၁၄) ရက်နေ့ထိ နှစ်ပတ်တာ ထိတွေ့တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ပါသည်။ ဒီးမော့ဆို – ဖရူဆို ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် စစ်ကြောင်းထိုးဝင်လာသည့် တပ်မ (၅၅) လက်အောက်ခံ တပ်များဖြစ်သည့် ခမရ (၁၁၂)၊ ခလရ (၃) တပ်များအား ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များဖြစ်သည့် ကရင်နီတပ်မတော်(KA)၊ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)၊ အလယ်ပိုင်းတိုင်း -ကရင်နီ(ကယား)စစ်ဒေသခွဲတပ်ရင်းများပူးပေါင်းစစ်ကြောင်း၊ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်(DMO Local PDF) ကရင်နီဝံပုလွေစစ်ကြောင်း နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တို့ပူးပေါင်း၍ နှစ်ပတ်တာ အပြင်းအထန် တိုက်ခိုက်ခဲ့ကြပါသည်။ စစ်ကောင်စီတပ်ဖွဲ့များ…

    August 19, 2023

←Previous Page
1 … 4 5 6 7 8 … 15
Next Page→