(၂၀၂၃ ခုနှစ်၊ မေလ၊ ၃၁ ရက်)
စာအမှတ် – KNDF/၁/၂၀၂၃ (၀၁၄) ၂၀၂၃ခုနှစ်၊ မေလ၊ (၂၄)ရက်။ ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းရှိ တနီးလာလဲကျေးရွာတောင်ပေါ်မှ ဒေါလျားခူ ကျေးရွာ တောင်ပေါ်ဖက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့များအား မေလ (၁၄)ရက်နေ့မှစ၍ မိမိတို့ကရင်နီပူးပေါင်းတပ်များမှ တန်ပြန်ချေမှုန်းတိုက်ခိုက်ခဲ့ပါသည်။ ဒေါလျားခူကျေးရွာ၏ အရှေ့ဖက်တောင်ပေါ်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ ခမရ(၄၂၅)၊ ခမရ(၅၁၇)၊ ခလရ(၂၈၇) တပ်ရင်းများအား မေလ(၁၄)ရက်နေ့မှစ၍ ကရင်နီတပ်မတော်(KA)၊ KNDF စစ်ဗျူဟာအမှတ်(၆)၊ KNDF စစ်ဗျူ ဟာအမှတ်(၄)၊ KNDF-ETD၊ KNDF-UAV နှင့် Loikaw PDF တို့ ပူးပေါင်း၍ တန်ပြန်ထိုးစစ်ဆင်ကာ မေလ(၂၃)ရက်နေ့ အထိ ချေမှုန်းတိုက်ခိုက်ခဲ့ပါသည်။ မေလ(၁၄)ရက်နေ့မှစ၍ စစ်ကောင်စီတပ်ဖွဲ့များအား ဒေါလျားခူကျေးရွာ၏ အရှေ့ဖက်တောင်ပေါ်မှ မိမိတို့ပူးပေါင်းတပ်များမှ အပြင်းအထန် တန်ပြန်ထိုးစစ်ဆင်…
၂၀၂၃ခုနှစ်၊ မေလ၊ ၂၄ရက်။ ၂၃.၅.၂၀၂၃ရက်နေ့၊ ည ၉ နာရီ ၃၅ မိနစ်အချိန်တွင် အကြမ်းဖက် စစ်ကောင်စီမှ လွယ်ဝိုင်းကျေးရွာနှင့် ဟိုက်ပျက်(ခေါင်းစံ) ကျေးရွာတို့အား လေယာဉ်ဖြင့် နှစ်ကြိမ်တိုင်တိုင် (ဗုံးသီး ၂၀လုံး) ဗုံးကြဲခဲ့ပြီး၊ စခက-၇ မှလည်း တာဝေးပစ်လက်နက်ကြီးဖြင့် (၁၀)လုံး ထက်မနည်း ပစ်ခတ်ခဲ့ပါသည်။ အကြမ်းဖက်စစ်ကောင်စီ၏ အဆိုပါပစ်ခတ်မှုသည် အများပြည်သူနေထိုင်ရာ ကျေးရွာအလယ်တည့်တည့်သို့ ကျရောက်ခဲ့ပြီး အုတ်ဖြင့်ဆောက်ထားသည့် တစ်ထပ်အိမ် (၁)လုံး နှင့် ပျဉ်ထောင်အိမ် (၁)လုံး၊ စုစုပေါင်း (၂)လုံး ထိခိုက်ပျက်စီးခဲ့ပါသည်။ တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိဘဲ အများပြည်သူနေထိုင်ရာကျေးရွာများသို့ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းသည် ကရင်နီပြည်နယ်တွင် အကြမ်းဖက်စစ်ကောင်စီမှ ဆက်တိုက်ကျူးလွန်နေသော လေကြောင်းတိုက်ခိုက်ခြင်းစစ်ရာဇဝတ်မှုများစွာထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး အများပြည်သူအနေဖြင့်လည်း လေကြောင်းရန်အန္တရာယ်အတွက် လိုအပ်သောကာကွယ်မှုများ ကြိုတင်ပြုလုပ်ကြပါရန် ထပ်မံတိုက်တွန်းအပ်ပါသည်။
ရက်စွဲ ။ ။ မေလ (၁၅) ရက်၊ ၂၀၂၃ ခုနှစ်။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)သည် ပြည်သူလူထုမှ ပေါက်ဖွားလာပြီး ပြည်သူကို ညှဉ်းဆဲသတ်ဖြတ်နေသည့် အကြမ်းဖက်စစ်ကောင်စီနှင့် ရင်ဆိုင်တိုက်ခိုက်နေသော၊ ပြည်သူလူထုကို အကြမ်းဖက်စစ်ကောင်စီ ၏ ရန်မှ ကာကွယ်နေသော အဖွဲ့အစည်း ဖြစ်သည်။ KNDFသည် စနစ်ကျနသည့် မူဝါဒများ၊ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ဆောင်နေသည့်အဖွဲ့အစည်းဖြစ်ရာ KNDFမှ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကိုလည်း ဂျီနီဗာကွန်ဗန်းရှင်း/KNDF၏စစ်သုံ့ပန်းဆိုင်ရာမူဝါဒ နှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။ KNDF သည် လူ့အခွင့်အရေးနှင့် ဆန့်ကျင်ပြီး ပြည်သူလူထုနှင့် စစ်သုံ့ပန်းများအား နှိပ်စက်ညှဉ်းပန်းခြင်းကို တားမြစ်ပြီး ပြုလုပ်သူကိုလည်း သက်ဆိုင်ရာစည်းမျဉ်းစည်းကမ်း ဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက်သည်။ ဧပြီလ (၂၇)ရက်၊ ၂၀၂၃ ခုနှစ်တွင် ဆိုရှယ်မီဒီယာပေါ်၌ ပျံ့နှံ့လာခဲ့သည့် KNDFမှ ရဲဘော်များကစစ်သုံ့ပန်း…
စာအမှတ် – KNDF/၁/၂၀၂၃(၀၁၂)၂၀၂၃ ခုနှစ် ၊ မေလ (၃)ရက်။ ဧပြီလအတွင်း ကရင်နီပြည်နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သည် ဒီးမော့ဆိုမြို့နယ်၊ လွိုင်ကော်၊ ရှားတောမြို့နယ်၊ ဘောလခဲ-ဒီးမော့ဆိုမြို့နယ်စပ်တို့အပြင်၊ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်း-ဖယ်ခုံမြို့နယ်တို့တွင် စစ်ကြောင်းများ ထိုးလျက် ရှိပြီး ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များနှင့် နေ့စဥ်နီးပါး တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ပင်လောင်း-ဖယ်ခုံမြို့နယ်စပ်၊ မိုးဗြဲ နှင့် ဒီးမော့ဆိုမြို့နယ်စစ်မျက်နှာတို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဝေဟင်မှ အသာစီးဖြင့် တိုက်လေယာဥ်များ၊ ရဟတ်ယာဥ်များအသုံးပြုကာ အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သော်လည်း ၄င်းတို့သာ အထိနာလျက်ရှိ ပါသည်။၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ နောက်ဆုံးအပတ်မှစ၍ ယနေ့အထိ ပင်လောင်းမြို့နယ်မှ ဖယ်ခုံမြို့နယ် အနောက် ကယန်းဒေသဘက်သို့ အကြမ်းဖက်သောနည်းလမ်းဖြင့် နယ်မြေရှင်းလင်းရန် ရည်ရွယ်ထားသော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းသည် ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာမှ စစ်ကြောင်းထိုးခဲ့ရာ တောင်မဲတင်းနှင့်…
၂၀၂၃ ခုနှစ် ၊ ဧပြီလ (၂၈)ရက် ။ ရှမ်းပြည်နယ် တောင်ပိုင်း ၊ ဖယ်ခုံမြို့နယ် နှင့် ပင်လောင်းမြို့နယ် အစပ်တွင် ဖေဖော်ဝါရီလ နောက်ဆုံးအပတ်မှစ၍ ထိတွေ့တိုက်ပွဲများ ယနေ့ထိ ဖြစ်ပွားနေခဲ့သလို မိုးဗြဲမြို့တွင်လည်း တိုက်ပွဲများဖြစ်ပွားခဲ့ပါသည်။ ဖယ်ခုံမြို့နယ် နှင့် ပင်လောင်းမြို့နယ် အစပ်ရှိ မြောက်စလုံးကျေးရွာတွင် ဝင်ရောက်တပ်စွဲထားသော စစ်ကောင်စီတပ်များအား ဧပြီလ (၂၄)ရက်နေ့ နံနက်ပိုင်းတွင် KA ၊ KNDF B/11 ၊ KNDF B/22 ၊KNDF B/03 ၊ KNDF ဗျူဟာ (၅) ၊ KNDF UAV ၊ PNDF-KK ၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) တပ်ရင်း ( ၂) ၊…
၂၀၂၃ ခုနှစ် ၊ ဧပြီလ (၂၅)ရက် ။ ရှမ်းပြည်နယ်တောင်ပိုင်း ၊ ဖယ်ခုံမြို့နယ်အတွင်းရှိ ဒေသခံများနှင့် စစ်ဘေးရှောင် အရပ်သားများသာ ခိုလှုံနေထိုင်ကြသည့် ဆောင်းဖွေးကျေးရွာရှိ လူထုအခြေပြု ကိုယ်ထူကိုယ်ထ ဆေးပေးခန်းအား ဧပြီလ (၂၅)ရက်နေ့ နေ့လည် (၁)နာရီအချိန်တွင် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ ဂျက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပါသည်။ အဆိုပါ ဆောင်းဖွေးကျေးရွာမှာ တိုက်ပွဲ ဖြစ်ပွားနေသည့် နေရာဒေသမဟုတ်ဘဲ ဒေသခံရွာသားများအပြင် စစ်ဘေးရှောင်အရပ်သားများ ခိုလှုံနေထိုင်ကြသည့် နေရာသာဖြစ်ပြီး စစ်ကောင်စီမှ အကြောင်းမဲ့ ဂျက်လေယာဥ်ဖြင့် လာရောက်၍ ဗုံးကျဲ ၊ ပစ်ခက်တိုက်ခိုက်ခဲ့သောကြောင့် အရပ်သား (၃)ဦး ထိခိုက်ဒဏ်ရာရရှိကာ တစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေနေရှိပြီး ဆေးပေးခန်း အဆောက်အဦး (၂)လုံး ၊ ဆေးခန်းတွင်းရှိ…
စာအမှတ် – KNDF/၁/၂၀၂၃ (၀၁၀)၂၀၂၃ ခုနှစ် ၊ ဧပြီလ (၂၁)ရက်။ကရင်နီပြည်နယ် ၊ ဒီးမော့ဆိုအရှေ့ဖက်ခြမ်း ဒေါညေးခူကျေးရွာ အနီးတွင် စစ်ကြောင်းထိုး နေသော စစ်ကောင်စီတပ်ဖွဲ့များ နှင့် ကရင်နီပူးပေါင်းတပ်များအကြား ဧပြီလ (၁၆) ရက်နေ့မှစ၍ ယနေ့ အထိတွေ့တိုက်ပွဲများနေ့စဥ် ဖြစ်ပွားလျှက်ရှိပါသည်။ ဒေါညေးခူကျေးရွာ တောင်ပေါ်တွင် စစ်ကြောင်းထိုး လှုပ်ရှားနေသော စစ်ကောင်စီတပ်ဖွဲ့များအား ကရင်နီတပ်မတော် (KA)၊ KNDF/B10 ၊ KNDF/B15 ၊KND/B04၊ KNDF B/16 ၊ KNDF/B01၊ KNDF/B05၊ KNDF/B06၊ KNDF/B07၊ KNDF ETD(Drone Unit) ၊ Loikaw PDF (Drone Unit)တို့ ပူပေါင်း၍ ဧပြီလ (၁၆) ရက်နေ့မှ (၁၈) ရက်နေ့ထိ…
၂၀၂၃ ခုနှစ် ၊ ဧပြီလ (၈)ရက်။ ကရင်နီပြည်နယ် ၊ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရှိ တနီးလာလဲကျေးရွာ၏ အရှေ့ဖက် တောင်ပေါ် တစ်ကြောတွင် စစ်ကြောင်းထိုးလှုပ်ရှားနေသော စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီတပ်မတော် (KA)၊ KNDF ပူးပေါင်းတပ်များအကြား ဧပြီလ (၄)ရက်နေ့ နှင့် (၅)ရက်နေ့တို့တွင် တစ်နေကုန်နီးပါး ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပါသည်။ တနီးလာလဲကျေးရွာ အရှေ့ဖက်တောင်ကြောပေါ်တွင် စစ်ကြောင်းထိုး လှုပ်ရှားနေသော စစ်ကောင်စီ၏တပ်များအား ကရင်နီတပ်မတော် (KA )၊ KNDF ဗျူဟာ (၆)တပ်ရင်းဖြစ်သည့် KNDF B/09 ၊ KNDF ဗျူဟာ (၄) တပ်ရင်းများ ဖြစ်သည့် KNDF B/01 ၊ KNDF B/05 ၊ KNDF B/06 ၊ KNDF B/07…